HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေကို KNDF က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအတု

လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာနဲ့ ဝန်ထမ်းတွေကို KNDF က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 Nov 2023 4:14 PM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကနေတဆင့် လူမှုကွန်ယက်ပေါ်ကို ဖြန့်ဝေထားတာဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာ ဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာမတွေကို ကားတွေပေါ် တင်ဆောင်နေတဲ့ Video ကို အသုံးပြုထားပြီး “လွိင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမ၊ဝန်ထမ်း ၁၃၄ဦးနှင့်မိသားစုဝင် ၆၄ ဦး ကိုအကြမ်းဖက်KNPPပဒက်များက လူသားဒိုင်းကအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ  ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

လွိုင်ကော်တက္ကသိုလ်က ဆရာ၊ ဆရာနဲ့ ဝန်ထမ်းတွေကို KNDF က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလမှာ တက္ကသိုလ်အတွင်းက ပါမောက္ခအပါအဝင် ဆရာ၊ ဆရာမ နဲ့ ဝန်ထမ်းတွေကို ကယ်ထုတ်သွားခဲ့ပါတယ်။ ဒီလို ကယ်ထုတ်သွားတဲ့အပေါ် စစ်ကောင်စီနဲ့ ၎င်းရဲ့ထောက်ခံသူတွေက ဆရာ၊ဆရာမတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတာဖြစ်ကြောင်း၊ သတ်ပစ်လိုက်ပြီဖြစ်ကြောင်း အမျိုးစုံဖြန့်ဝေလာကြပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ KNDF က တိုက်ပွဲဖြစ်ပွားရာမှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ၎င်းတို့က ဘေးကင်းရာသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း၊ အဆိုပါ ပြောင်းရွေ့ပေးခဲ့ရတဲ့ ဝန်ထမ်းနဲ့ မိသားစုတွေ ဘေးကင်လုံခြုံကြောင်း နာမည်စာရင်းတွေနဲ့ ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် ပါမောက္ခအပါအဝင် ဆရာ၊ဆရာမတွေ အားလုံးဘေးကင်းလုံခြုံကြောင်း Video အင်တာဗျုးတစ်ပုဒ်နဲ့ KNDF က ထုတ်ပြန်ထားပါတယ်။

KNDF က ထုတ်ပြန်ထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းတုတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အကောင့်ဖြစ်တာကို တွေ့ရပါတယ်။


Related Stories