HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်သင်္ဘောနစ်မြုပ်ပြီး စစ်ကောင်စီတပ်သား ၅၀ သေဆုံးတယ်ဆိုတဲ့ သတင်းအတု

ဧရာဝတီမြစ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော တစ်စင်းနစ်မြုပ်ပြီး လက်နက်ခဲယမ်းတွေအကုန်ရေထဲ နစ်မြုပ်ကာ စစ်ကောင်စီ တပ်သား ၅၀ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Oct 2022 12:21 PM GMT

အဆိုပါ သတင်းအတုကို MM News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကိုဖန်တီးရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တွဲတင်ထားပါတယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာတော့ "၂၅ ရက် မနက်ခင်း သတင်းကောင်းလေးလာပြီ။ မအလ ထွက်ပြေးပြီ။ ဧရာဝတီမြစ်ထဲ စစ်သင်္ဘောတစ်စီး နစ်မြုပ်၊ စစ်ခွေး (၅၀) သေဆုံး။ လက်နက်ခဲယမ်း အကုန်နစ်မြုပ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထာပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "အောက်တိုဘာ ၂၅ ရက်နေ့ ၊ မနက်ခင်း သတင်း" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို like လုပ်ထားသူ ၁၃၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၀၀၀၀ ကျော်ရှိတာ ထပ်ဆင့်မျှဝေနေသူတွေလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အောက်တိုဘာလ ၂၄ ရက်နေ့က ကချင်ပြည်နယ် ရွှေကူမြို့ဧရာဝတီမြစ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ရေယာဉ် ၁ စီး တိမ်းစောင်း နစ်မြုပ် ခဲ့ပြီး လက်နက်တစ်ချို့ ရေထဲ ပြုတ်ကျခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းဌာနတွေကို ပြောကြားထားပါတယ်။ အဆိုပါ စစ်ကောင်စီတပ်တွေရဲ့ ရေယာဉ်ဟာ တိမ်းစောင်းနစ်မြုပ်ခဲ့ပေမယ့် စစ်ကောင်စီတပ်သား ၅၀ လုံး သေဆုံးခဲ့ခြင်း မရှိပါဘူး။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သင်္ဘောပေါ်မှာ စစ်ကောင်စီတပ်သား ၅၀ ခန့်ပါဝင်နိုင်ပြီး သင်္ဘောနစ်မြုပ်မှုအတွက် ၎င်းတို့ အရေးယူခံရနိုင်တယ်လို့ DVB သတင်းဌာနက ဖော်ပြထားပါတယ်။ DVB သတင်းဌာနရဲ့ ဖော်ပြချက်ထဲမှာလည်း လက်နက်အကုန်ပြုတ်ကျပြီး စစ်ကောင်စီတပ်သား ၅၀ ဦးလုံး သေဆုံးခဲ့တယ်ဆိုတာ မပါဝင်ပါဘူး။

DVB က ဖော်ပြထာတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာ စစ်ကောင်စီရေယာဉ် နစ်မြုပ်ပြီး လက်နက်အကုန်ရေထဲ ပြုတ်ကျတာ စစ်ကောင်စီတပ်သား ၅၀ ဦးသေဆုံးလို့ ရေးသားထားပေမယ့် သတင်းအမှားရဲ့ အတွင်းမှာတော့ "ဖားကန့် KIO အခမ်းအနား ဗုံးကြဲမှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် စစ်ကောင်စီတာဝန်ယူရမယ်လို့ အမေရိကန်နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေက သတိပေး၊ ကုလသမဂ္ဂက စိုးရိမ်ပြန် ဆိုတဲ့သတင်း၊ ကချင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံသုံးတဲ့လုပ်ရပ်အပေါ် ကုလသမဂ္ဂဝေဖန် ဆိုတဲ့သတင်း" အပါအဝင် တစ်ခြား သတင်းတွေကို ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး YouTube နဲ့ Facebook ပေါ်ဖြန့်ဝေကာ ၎င်း video ကို ကြည့်ရှု့သူများလာတဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories