HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အင်းစိန်ထောင် မီးရှို့ပြီး ထောင်သားတွေ ထွက်ပြေးတယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ အင်းစိန်ထောင်မီးရှို့ပြီး ထောင်သားတွေ ထွက်ပြေးတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 27 July 2021 4:21 PM GMT

အဆိုပါ သတင်းအမှားကို Lin Latt ဆိုတဲ့ ဝဘ်ဆိုက်က ဇူလိူင်လ ၂၆ ရက်နေ့မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။ ၎င်းသတင်းအမှားနဲ့အတူ မီးလောင်နေတဲ့ ဓါတ်ပုံဟောင်း တစ်ပုံရဲ့ အပေါ်မှာ "ည ၇ နာရီ လောင်ပြီဟေ့၊ အင်းစိန်ထောင်မီးရှို့၊ ထောင်သားတွေ ထွက်ပြေး" ဆိုတဲ့ စာသားတွေနဲ့အတူ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ အဲ့ဒီ Website မှာတင်ထားတဲ့ သတင်းအမှားကို ဖေ့ဘွတ်ပေ့ချ်တွေ ၊ လူများတဲ့ ဖေ့စ်ဘွတ် Group တွေကို အကောင့်တုပေါင်းများစွာနဲ့ ကူးယူဖော်ပြလျက်ရှိပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

အင်းစိန်ထောင် မီးလောင်ပြီး ထောင်သားတွေ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အင်းစိန်အကျဉ်းဦးစီးက ဝန်ထမ်းတစ်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အင်းစိန်ထောင်မှာ မီးလောင်ခြင်းလည်း မရှိသလို ထောင်သားတွေ ထွက်ပြေးတဲ့ ဖြစ်စဉ်လည်း မရှိဘူးလို့ ဆိုပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းက အင်းစိန်ထောင်ထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူတွေ တောင်းဆို ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် ကောလဟာလများစွာ ထွက်ပေါ်ခဲ့ပါတယ်။ VOA သတင်းတစ်ပုဒ်မှာ ၇ ယောက် ပစ်သတ်ခံရတယ်လို့ ဖော်ပြခဲ့ပြီး DVB သတင်းတစ်ပုဒ်မှာတော့ အယောက် ၂၀ ပစ်သတ်ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ BBC သတင်းတစ်ပုဒ်မှာတော့ အင်းစိန်အကျဉ်းဦးစီးက ပြောခွင့်ရ ဒုညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေးကျော်က အင်စိန်ထောင်ထဲမှာ စစ်တပ်က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း မရှိသလို သေဆုံးတဲ့ ဖြစ်စဉ်လည်း မရှိဘူးလို့ ဖြေထားပါတယ်။

BBC က ဖော်ပြခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

ဒါ့အပြင် အင်းစိန်အကျဉ်းထောင်ထဲမှာ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရတယ်ဆိုတဲ့ နာမည်ထွက်နေတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဋ္ဌ ကိုဆစ်နိုင် (ခ) ကိုဇော်ထက်နိုင် က ကျန်းမာရေးကောင်းမွန်လျှက်ရှိ ကြောင်း အပြင်မှာထွက်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်ခြင်း မရှိဖို့ ၊ အကြမ်းဖက် နှိမ်နင်းမှု မရှိခဲ့​ောကာင်း ၂၆ ရက်နေ့ ရက်စွဲနဲ့ အင်းစိန်ထောင်အတွင်းကနေ စာရေးသားထားပါတယ်။



 


Related Stories