HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ ဒုဗိုလ်ချုပ်စိုးဝင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 5 Feb 2024 4:24 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ BGFက ဗိုလ်မှူးကြီး စောချစ်သူနဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “စောချစ်သူကို ရှော့တွက်ခဲ့တဲ့ စိုးဝင်း အခုတော့ အဖမ်းခံလိုက်ရပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၁ ရက်အတွင် YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ၁ သိန်း ၇ သောင်းကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

BGFက ဗိုလ်မှူးကြီး စောချစ်သူကို လျော့တွက်ခဲ့တဲ့ စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်း အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးစောချစ်သူက ကရင်လူမျိုးအချင်းချင်း သတ်ဖြတ်ကာ စစ်ဖြစ်ပွားနေတာကို ဆက်လက် မလုပ်ကိုင်ချင်တော့တဲ့အတွက် စစ်ကောင်စီလက်အောက်က နုတ်ထွက်မယ်လို့ ကြေညာခဲ့ပြီးနောက် စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်းကိုယ်တိုင် ဗိုလ်မှူးကြီး စောချစ်သူထံကို သွားရောက် တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

BBC နဲ့ အင်တာဗျူးတစ်ခုမှာလည်း ဗိုလ်ကြီးစောချစ်သူက စစ်ကောင်စီလက်အောက်က ထွက်တဲ့အတွက် စစ်ရေးအရ တိုက်ခိုက်မယ်ဆိုရင်လည်း ပြင်ဆင်ထားတယ်လို့ ပြောကြားထားပါတယ်။

စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်းဟာ မည်သည့်အဖွဲ့ရဲ့ ဖမ်းဆီးခံရခြင်း မရှိသလို ၎င်းရဲ့ တာဝန်တွေ ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories