HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြန်/ဝန်ဟောင်း ဦးရဲထွဋ်ကို ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းအတု

ပြန်ကြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲထွဋ် က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဂျီနီဗာကွန်ဗန်းရှင်း နဲ့ ပတ်သက်တဲ့ ရေးသားမှု ပြုလုပ်ခဲ့ပြီးနောက် ဦးရဲထွဋ်ကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 20 Jun 2022 5:10 PM GMT

ဦးရဲထွဋ်ဟာ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ မကြာခဏဆိုသလို စစ်ကောင်စီကို ဝေဖန်တဲ့ သဘောမျိုးသက်ရောက်တဲ့ ဝိနည်းလွတ်ရေးသားမှုတွေကို ပြုလုပ်လေ့ရှိပြီး ၎င်းရဲ့ ရေးသားမှုကြောင့် ဇွန်လ ၁၈ ရက်နေ့မှာ ၎င်းကို ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းအမှားကောလဟာလ တစ်ချို့ထွက်ပေါ်လာပါတယ်။

အဆိုပါ သတင်းအမှားကို Myanmar News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖြန့်ဝေထားတာ ဖြစ်ပြီး "ဦးရဲထွဋ်ကိုဖမ်းဆီးလိုက်ပြီ" ဆိုတဲ့ ပိုစ့်တစ်ခုကို တင်ထားပါတယ်။ ၎င်းပိုစ့်ကို ဖြန့်ဝေရာမှာတော့ Video တစ်ပုဒ်တင်ထားပြီး ဓါတ်ပုံတွေပေါ် စာရေးသားထားကာ နောက်ခံအသံရွတ်ဆိုပြီး သတင်းတစ်ပုဒ် ပြုလုပ်ထားပါတယ်။ အဆိုပါ ဓါတ်ပုံရဲ့ အပေါ်မှာ "အာဏာရူးတဲ့အမှု အချင်းချင်း ချပြီ၊ စစ်ခွေးတွေ ကျူးလွန်တဲ့အမှားကို ထောက်ပြလို့ ဦးရဲထွဋ်ကို ဖမ်းဆီးလိုက်ပြီ၊ ကိုက်ကုန်ပြီဗျို့" (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၄ သောင်းကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ ၆ သိန်းခွဲကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေရဲ့ အမှားကို ဝေဖန်ထောက်ပြလို့ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဦးရဲထွဋ်ကို ဖမ်းဆီးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီတပ်သားတစ်ဦး ကျကျန်ခဲ့တဲ့ ဖုန်းထဲက ရရှိခဲ့တဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားကြောင်း ကိုယ်တိုင်ရိုက်ကူးထားတဲ့ Video တွေကို Rfa သတင်းဌာနက ရရှိကာ သတင်းတင်ဆက်မှုပြုလုပ်ခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဦးရဲထွဋ်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဒီစစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ အခြေအနေတွေကို ရည်ညွှန်းတဲ့ ရေးသားမှု တစ်ချို့ကို ဖော်ပြခဲ့ပါတယ်။ ၎င်းပိုစ့်ထဲမှာ "ကွပ်ကဲမှုအာဏာနဲ့ တာဝန်ရှိမှု အခြေခံမူများအရ ( လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ ) အရာရှိ တစ်ယောက်ဟာ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ရာဇဝတ်မှုကျူးလွန်တာတွေကို တားဆီးဖို့၊ ကျူးလွန်သူတွေကို အရေးယူ ဖို့ တာဝန်ရှိတယ်။ အဲဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ရင် ဂျီနီဗာကွန်ဗင်းရှင်း ( ၁၉ ၄၉ ) နဲ့ နောက်ဆက်တွဲ သဘော တူညီချက်များကို ချိုးဖောက်ရာ ရောက်တယ်။ နိုင်ငံတကာဥပဒေများနဲ့ ငြိစွန်းတယ်။" လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ ဦးရဲထွဋ် ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီနေရာမှာ ဖတ်ပါ။


ဒီရေးသားမှု ပြုလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ စစ်တပ်ကို ဝေဖန်တဲ့အတွက် ဦးရဲထွဋ်ကို ဖမ်းဆီးလိုက်ပြီဆိုတဲ့ ရေးသားဖြန့်ဝေမှု တစ်ချို့ကို ဇွန်လ ၁၉ ရက် ညပိုင်းထိ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဦးရဲထွဋ်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ စစ်ကောင်စီကို ဝေဖန်တဲ့ သဘောမျိုးသက်ရောက်တဲ့ ရေးသားမှုတွေ ပြုလုပ်ပြီးတိုင်း ဖမ်းဆီးခံရတယ် ဆိုတဲ့ ကောလဟာလ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအမှားကို ဒီနေရာမှာ ဖတ်ပါ။


အခု ဇွန်လ ၁၈ ရက်နေ့ ရေးသားခဲ့တဲ့ ဖေ့စ်ဘွတ်ပိုစ့်ကြောင့်လည်း ဦးရဲထွတ်ဟာ ဖမ်းဆီးခံထားရခြင်း မရှိပါဘူး။ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဒီကနေ့မနက်ပိုင်းအထိ သုံးသပ်ချက်တွေ ရေးသားနေဆဲ ဖြစ်ပါတယ်။ ဦးရဲထွဋ် ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားတင်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတာကို တွေ့ရပြီး ဝင်ရောက်ကြည့်ရှု့သူ များလာတဲ့အခါ ဖေ့စ်ဘွတ်က ပြန်ရရှိတဲ့ ဝင်ငွေနဲ့ စီးပွားရှာနေတဲ့ အဖွဲ့ ဖြစ်တာကို တွေ့ရပါတယ်။

 


Related Stories