သတင်းအတု

ဒေါက်တာစင်သီယာမောင်ကို အာဆီယံ အစည်းအဝေးတက်ဖို့ ဖိတ်တယ် ဆိုတဲ့ သတင်းအတု

ဒေါက်တာစင်သီယာမောင်ကို အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ဖတ်ကြားထားတယ် ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 26 Oct 2021 7:56 AM IST

ဒေါက်တာစင်သီယာမောင်ကို အာဆီယံ အစည်းအဝေးတက်ဖို့ ဖိတ်တယ် ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအမှားကို ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ လူမှုကွန်ယက်ပေါ် စတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ၎င်း သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါက်တာ စင်သီယာမောင်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး "မဂ်လာသတင်း။ အာစီယံအစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု ဒေါက်တာ စင်သီယာမောင်ကို ASEAN မှ ဖိတ်ခေါ်ဟု ကြားသိရ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို သတင်းဌာန တချို့ အပါအဝင် လူပေါင်း များစွာက ကူးယူ ဖော်ပြပြီး လူမှုကွန်ယက်ပေါ် အလွန်အမင်း ပျံ့နှံ့နေပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်း၊မြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေမှာ နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မယ်တော် ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ကို မြန်မာနိုင်ငံ ကိုယ်စားပြု အာဆီယံ အစည်းအဝေး တက်ဖို့ ဖိတ်ကြားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

ဒေါက်တာစင်သီယာမောင်က အစည်းအဝေးဖိတ်ကြားခံရတဲ့ ကိစ္စကို သူမကိုယ်တိုင် မသိရှိကြောင်း ကရင်သတင်းဌာန ဖြစ်တဲ့ KIC ကို အတည်ပြု ဖြေကြားထားပါတယ်။ KIC သတင်းဌာနမှာ ဒေါက်တာစင်သီယာမောင် ဖြေကြားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။

ဒါ့အပြင် ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်း ဖေ့စ်ဘွတ်ပေ့ချ်ကနေ ဒီကနေ့ မနက်မှာ အာဆီယံအစည်းအဝေးတက်ဖို့ ဖိတ်ကြားခံရတယ်ဆိုတဲ့ မေးခွန်းပေါင်း များစွာ လာရောက် မေးမြန်းကြကြောင်းနဲ့ ဒီအကြောင်းအရာဟာ သတင်းအတု သာဖြစ်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။ မယ်တော်ဆေးခန်းက အသိပေးရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။



 


Tags:

Related Stories