HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၇၅ နှစ် ချမှတ်တယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၇၅ နှစ် ချမှတ်လိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Oct 2022 2:35 AM GMT

အဆိုပါ သတင်းအတုကို Today Entent ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၇ မိနစ်ကျော် ကြာမြင့်တဲ့ video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ကို ပြုလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားကာ ဓါတ်ပုံအပေါ်မှာ "အားနာပါတယ်အမေရယ် ထောင် (၇၅) နှစ် ချမှတ်လိုက်ပြီ၊ အရေးပေါ်သတင်း" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာကြည့်ပါ။

ဒီအကြောင်းအရာကို like လုပ်ထားသူ ၂ ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၆၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၇၅ နှစ် ချမှတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလတ် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု့ပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုထားပြီး အမှု စုစုပေါင်း ၁၄ မှု အမိန့်ချမှတ်ထားကာ နောက်ထပ် ၅ မှု ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီအမိန့်ချပြီးသား ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

Myanmar Now သတင်းဌာနကရေးသားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုတွေအကြောင်း သတင်းကို ဒီနေရာမှာ ဖတ်ပါ။

သတင်းအမှားဖြန့်ထားတဲ့သူတွေ တင်ထားတဲ့ Video ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်လိုက်ပြီလို့ ရေးသားထားပေမယ့် ၎င်း Video အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ ၅ မှုနဲ့ ဆွဲချက်တင်ဆိုတဲ့ သတင်းနဲ့ တစ်ခြား သတင်းတွေကို ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေ၊ ဓါတ်ပုံတွေမှာ လူအများစိတ်ဝင်စားအောင် လိမ်ညာရေးသားထာတဲ့ ခေါင်းစဉ်တွေ ရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories