HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် အဆိပ်ခတ်ခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဆိပ်ခတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 Nov 2022 7:07 AM GMT

အဆိုပါ သတင်းအတုကို News Khit ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၁၆ ရက်နေ့ ၃ နာရီ ၅၇ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၅ မိနစ်ခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံရဲ့အပေါ်မှာ "သွားပါပြီဗျာ အမေစု အဆိပ်ခတ်ခံရ။ မအလ အကြီးကြီးယုတ်မာပြီ" လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "မျက်ရည်ခိုင်မှ ကြည့်ပါ" လို့ ထပ်မံရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာရော YouTube ပေါ်မှာပါ ဖြန့်ဝေထားကာ ဝင်ရောက်ကြည့်ရှု့သူများစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဆိပ်ခတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားထားတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တောင်အချုပ်ထောင်မှာ ဖမ်းဆီးခံထားရပြီး အစားအသောက် အနေထိုင်ဆင်းရဲတာကြောင့် အားနည်းတာ ခေါင်းမူးတာတို့ ဖြစ်တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းထံကသိရပေမယ့် အဆိပ်ခတ်ခံရတဲ့ ဖြစ်စဉ်ကတော့ ဖြစ်ပွားခဲ့ခြင်းမရှိသလို မည်သူတစ်ဦးတစ်ယောက်ကမှလည်း ဖော်ပြပြောဆိုထားခြင်း မရှိပါဘူး။ အခု သတင်းအမှားကို ဖြန့်ထားတဲ့ အဖွဲ့တစ်ဖွဲ့ကသာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားရဲ့ ခေါင်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အဆိပ်ခတ်ခံရတယ်လို့ ဖော်ပြထားပေမယ့် သတင်းအတွင်းမှာတော့ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ သတင်းအဟောင်းတွေကို နောက်ခံအသံရွတ်ဆိုပြီး သတင်းပုံစံ ဖန်တီးထားခြင်းသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာတစ်ခုမှ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories