HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို လက်နက်ချခိုင်းတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ချက်ချင်းလက်နက်ချဖို့ ပြောထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 Dec 2022 2:04 AM GMT

အဆိုပါ သတင်းအတုကို Tsx mar 07 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်ခွဲခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ " ၉ ရက်နေ့ ၊ အမေစုဒဲ့ပြောပြီ။ PDF တွေ ချက်ချင်း လက်နက်ချပါ။ ငါ့နည်းနဲ့ ငါသွားမယ် အကြမ်းမဖက်နဲ့တဲ့" လို့ရေးသားထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "အမေစုကိုယ်တိုင် PDF တွေကို လက်နက်ချခိုင်းပြီ။ မကောင်းတဲ့လမ်းကိုမရွေးနဲ့" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာကြည့်ပါ။

အဆိုပါ သတင်းအတုကို Like လုပ်ထားသူ များစွာနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၆၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ချက်ချင်းလက်နက်ချဖို့ ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

ဒီ Video ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်နဲ့ နောက်ခံဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားတာဖြစ်ပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ PDF တွေနဲ့ ပတ်သက်ပြီး လက်နက်ချဖို့ မပြောထားသလို မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိပါဘူး။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေတင်ထားတဲ့ Video ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ချက်ချင်းလက်နက်ချဖို့ ပြောထားတယ်ဆိုပေမယ့် Video အတွင်းမှာတော့ အဆိုပါအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အထဲမှာတော့ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကြူးတယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။ PDF တွေကို လက်နက်ချဖို့ ပြောထားတဲ့အကြောင်းအရာ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories