HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်က ပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်ကနေ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 Nov 2022 11:42 AM GMT

အဆိုပါ သတင်းအတုကို Ly La ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ Video ကိုပြုလုပ်ရာမှာ ရဲကားတွေပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို သုံးထားပြီး ၎င်းဓါတ်ပုံအပေါ်မှာ "23/11/2022 မနက်ခင်း သတင်း၊ အမေစု နေပြည်တော် အချုပ်ခန်းက ပျောက်ဆုံးနေ CCTV မှာ လူ ၃ ဦးခေါ်ထုတ်သွားဟု သိရ" လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "မနက်ခင်း သတင်းထူး။ နေပြည်တော် အချုပ်ထောင်က အမေစု ပျောက်ဆုံးသွားကြောင်း သိရ" လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၁၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၆၀ ကျော်ရှိကာ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၁၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်အချုပ်ထောင်ကနေ ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီသတင်းအတုဟာ ကြည့်ရှု့သူများအောင် ခေါင်းစဉ်မှာ လိမ်ညာဖြန့်ဝေပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အချုပ်ထောင်က ပျောက်ဆုံးခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။

ဒါ့အပြင် သတင်းအမှား Video ရဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထောင်က ပျောက်ဆုံးနေတယ်လို့ ဆိုထားပေမယ့် သတင်းအမှားအတွင်းမှာတော့ အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေ၊ NUG အစိုးရနဲ့ ပတ်သက်တဲ့ သတင်းတွေ အပါအဝင် တစ်ခြားသတင်းတွေကို နောက်ခံအသံရွတ်ဆိုပြီး သတင်း Video ပုံစံ ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေကို လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတွေ ဖြန့်ကာ ဝင်ငွေရှာနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories