HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုပြီး ၎င်းတို့ အာဏာစသိမ်းစဉ်က ဖမ်းဆီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 Dec 2022 10:47 AM GMT

အဆိုပါ သတင်းအတုကို Drama 77 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ Mizzima သတင်းဌာနက သတင်းကြေညာနေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ၎င်းဓါတ်ပုံအပေါ်မှာ "ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး အခုညတွင်းချင်းပဲ အမေစုကို လွှတ်ပေးလို့ အခုပဲ သွားကြိုနေကြပြီ" လို့ ရေးသားထားပါတယ်။ Video ရဲ့ အပေါ်မှာတော့ "ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး အမေစုကို လွှတ်ပေးလိုက်ပြီ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ် နဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှု့သူများစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ Video တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

ဒီ Video ဟာ သတင်းခေါင်းစဉ်နဲ့ နောက်ခံဓါတ်ပုံတွေမှာ လိမ်ညာရေးသားကာ ကြည့်ရှု့သူများအောင် ပြုလုပ်ပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ စီစဉ်နေပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးခြင်း မရှိပါဘူး။

ဒါ့အပြင် ၎င်းတို့ ဖြန့်ဝေထားတဲ့ Video ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့ အကြောင်းမပါဝင်ပါဘူး။ ဒီ Video ထဲမှာ EAO နဲ့ PDF တွေ ထိုးစစ်ဆင်နေတဲ့ သတင်းအကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories