HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒူဘိုင်း သဲကန္တာရမှာ ရေကြီးပြီး တိရစ္ဆာန်တွေ မျောပါသွားတယ်ဆိုတဲ့ သတင်းအမှား

ဒူဘိုင်း သဲကန္တရထဲမှာ ရေကြီးပြီး သစ်ကုလားအုတ်တွေ မျောပါသွားတယ်ဆိုတဲ့ သတင်းအတုတွေ ပျံနှံနေပါတယ်။

By - Boom Live Myanmar | 20 April 2024 10:38 AM GMT

အဆိုပါ Video ကို ဧပြီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာ လူမှုကွန်ယက်ပေါ် ပျံနှံ့လာခဲ့တာ ဖြစ်ပြီး Video အထဲမှာ သဲကန္တာရထဲ ရေကြီးနေတာတွေ တွေ့မြင်နေရပြီး ရေစီးကြမ်းတဲ့အတွက် သစ်ကုလားအုပ်တွေ မျှောပါသွားတာကို မြင်ရပါတယ်။ ဒီ Video အပေါ်မှာတော့ ဒူဘိုင်းနိုင်ငံရဲ့ တစ်ခြားတစ်ဖက်ဖြစ်တဲ့ သဲကန္တာရ ရေကြီးမှုကြားက တိရစ္ဆာန်တွေလို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ဟာ လူမှုကွန်ယက် ပလက်ဖောင်းအသီးသီးမှာ ပျံ့နှံ့နေပြီး ထပ်ဆင့်ဝေမျှသူ၊ ကူးယူဖော်ပြသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒူဘိုင်းနိုင်ငံရဲ့ သဲကန္တရထဲမှာ ရေကြီးပြီး သစ်ကုလားအုပ်တွေ မျောပါသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Video အဟောင်းတစ်ခုကို ပြန်လည်မှားယွင်း ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

မူရင်း Video ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ခန့်က ဆော်ဒီနိုင်ငံ Tabouk မြို့မှာ ရေကြီးခဲ့တဲ့ ဖြစ်စဉ်က Video file သာ ဖြစ်ပါတယ်။ မူရင်း Video ကို မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်တဲ့ Ada Monzon ဆိုသူရဲ့ Instagram ပိုစ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။


ဒီ Video ဟာ ဆော်ဒီနိုင်ငံက ၂၀၁၈ ခုနှစ်က ဖြစ်စဉ်ဖြစ်ပြီး ဒူဘိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးချိန်မှာ ပြန်လည် ပျံ့နှံ့လာခဲ့တဲ့ သတင်းအမှား တစ်ပုဒ်သာ ဖြစ်ပါတယ်။

Related Stories