HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်းစုကို စစ်သားတွေညှဉ်းပမ်းတဲ့ ရုပ်သံထွက်ပေါ်တယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်သားညှဉ်းပမ်းနှိပ်စက်ထားတဲ့ ရုပ်သံထွက်ပေါ်လာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 16 July 2022 2:03 PM GMT

အဆိုပါ သတင်းအမှားကို 3M News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလှိုင်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၃ မိနစ်မှာ တင်ထားတာ ဖြစ်ပြီး ၂ မိနစ်ခန့်ကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video နဲ့အတူ "အမေစုကိုစစ်သားတွေပါးကိုက်တဲ့ရုပ်သံထွက်လာ" ဆိုတဲ့ စာကို ရေးသားထားပါတယ်။ ၎င်း Video ရဲ့ အပေါ်မှာလည်း "ဆိုးလိုက်တဲ့ အမေစုကံ။ ဒေါ်စုကြည်ကို စစ်သားက ပါးရိုက်တဲ့ ရုပ်သံထွက်ပေါ်လာ" (အရေးအသား မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ နောက်ထပ် YouTube Channel တစ်ခုဖြစ်တဲ့ Burmese Political News ဆိုတဲ့ ချန်နယ်မှာ အဆိုပါ Video ကို ဖြန့်ဝေထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ Video ကို Facebook ပေါ်မှာ ထပ်ဆင့်မျှဝေသူ ၁၈၀၀ ခန့်ရှိပြီး ဝင်ရောက်ကြည့်ရှု့သူ ၆ သောင်းကျော်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူ ၁ သောင်းနီးပါးခန့် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ထိလက်ရောက်ပြုမူနှိပ်ဆက်တယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ပတ်သက်လို့ ရုပ်သံထွက်ပေါ်လာခြင်း မရှိသလို မည်သည့် သတင်းဌာနကမှလည်း ဒီအကြောင်းအရာကို ရေးသားဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေဟာ ၎င်းတို့ Video ကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားရဲ့ ခေါင်းစဉ်မှာ စစ်သားတွေ ပါးဝိုင်းရိုက်တဲ့ ရုပ်သံလို့ ဖော်ပြထားပေမယ့် ၎င်းတင်ထားတဲ့ Video အတွင်းမှာတော့ "ရွေးကောက်ပွဲ ကျင်းပခြင်းသည် တိုင်းပြည်တည်ငြိမ်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းလားဟု အာဆီယံ အထူးကိုယ်စားလှယ် မေးခွန်းထုတ် ဆိုတဲ့ သတင်းကိုသာ နောက်ခံအသံရွတ်ဆိုပြီး သတင်း Video ပုံစံပြုလုပ်ကာ ဖော်ပြထားပါတယ်။

သတင်းအမှားတင်ထားတဲ့ Page ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းအမှားတွေ ပြုလုပ်ထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတွေ တင်နေတဲ့ Page တစ်ခု ဖြစ်တာကို တွေ့ရပါတယ်။

Related Stories