HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

UN နဲ့ ကမ္ဘာ့နိုင်ငံတွေကို ဒေါ်စု ဘာမှပြောမထားပါ

ပြည်တွင်းမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေနဲ့လက်ရှိအခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က UN နဲ့ တစ်ကမ္ဘာလုံးကို ပြစ်တင် ဝေဖန်သယောင်ပြောထားတဲ့ သတင်းအမှားတစ်ပုဒ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 24 Aug 2022 2:44 PM GMT

အဆိုပါ သတင်းအမှားကို TD News ဆိုတဲ့ Page တစ်ခုက August လ ၂၁ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး ၉ မိနစ်အတိ ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တင်ထားပါတယ်။ အဆိုပါ Video ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံနဲ့ UN အစည်းအဝေးဓါတ်ပုံကို ယှဉ်တွဲကာ တစ်ပုံတည်းဖြစ်အောင်ပြုပြင်ထားပြီး ၎င်းဓါတ်ပုံအပေါ်မှာ "၂၁ ရက်၊ UN နဲ့ ကမ္ဘာကြီးကို ဒေါ်စု သတိပေးလိုက်ပြီ။ ကမ္ဘာ့ခေါင်းဆောင်တွေ ငုတ်တုပ်ဖြစ်နေကြပြီ" လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "ကမ္ဘာကြီးကို အမေစု သတိပေးလိုက်ပြီ" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဝင်ရောက်ကြည့်ရှု့ထားသူ ၆ သောင်းနီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေ YouTube အကောင့်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

အဆိုပါ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲမှာ ထားရှိပြီး အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့အတွက် လက်ရှိနိုင်ငံရေးဖြစ်စဉ် တွေနဲ့ပတ်သက်လို့ သူမထံက အသေးစိတ်ကျတဲ့ထင်မြင်သုံးသပ်ချက်နဲ့ မှတ်ချက်တွေမပြုထားသလို UN နဲ့ ကမ္ဘာခေါင်းဆောင်တွေအပေါ် မှာလည်း အလားတူပြောဆိုမှုမျိုးမရှိထားပါဘူး။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုများစွာနဲ့ စွပ်စွဲံထားပြီး အဲ့ဒီအထဲကစွဲချက်တချို့နဲ့ ထောင်ဒဏ် ၁၇ နှစ်ထိ ချမှတ်ထားကာ နောက်ထပ် အမှုတွေအတွက်လည်း ထောင်ဒဏ်ထပ်တိုးဖို့ ပြင်ဆင်နေပါတယ်။

သတင်းအမှားဖြန့်သူတွေက သတင်းအမှားရဲ့ ခေါင်းစဉ်မှာ UN နဲ့ ကမ္ဘာကြီးကို ဒေါ်အောင်ဆန်းစုကြည် သတိပေးလိုက်ပြီလို့ ဆိုထားပေမယ့် သတင်းအမှားရဲ့ အတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ ဘယ်လိုနေထိုင်နေရလဲဆိုတဲ့ အကြောင်းအရာနဲ့ တမူးမြို့ နယ် ခရိုင်တရားရုံးရှေ့ ဗုံးပေါက်ကွဲ ဆိုတဲ့သတင်း၊ ယနေ့ စစ်ကောင်စီတပ် သေဆုံးစာရင်း၊ တွံတေးမြို့က စစ်ကောင်စီသတင်းပေးတစ်ဦး ရှင်းလင်းခံရတဲ့သတင်း…" စတဲ့ သတင်းအကြောင်းအရာတွေသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ရဲ့ Page တွေ YouTube အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ လိမ်ညာရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ ဖော်ပြထားပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဆက်တိုက်ဖြန့်နေတာ တွေ့ရပါတယ်။

Related Stories