အဆိုပါ သတင်းအတုကို TikTok အကောင့်တစ်ခုက ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ AI နဲ့ ဖန်တီးထားတဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ပုံ ဖန်တီးထားတဲ့ video တစ်ခုရယ်ကို ပေါင်းစပ် အသုံးပြုထားပြီး ၎င်း Video အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဖြစ်ကြောင်း အရမ်းပျော်ကြောင်း Video ကို အဆုံးထိ ကြည့်ပေးဖို့ စသည်ဖြင့် စာရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို TikTok ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ထောင်ပေါင်းများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီလို့ ရေးသားထားတဲ့ TikTok Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်တဲ့ ဖြစ်စဉ် မရှိသေးပါဘူး။ ဖြန့်ဝေထားတဲ့ Video တွေဟာ AI နဲ့ ဖန်တီးထားတဲ့ Video တွေသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



