HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရုရှားမှာ ပလိပ်ရောဂါ အကြီးအကျယ် ကူးစက်နေတယ်ဆိုတဲ့ သတင်းအမှား

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားက သုတေသနဓာတ်ခွဲခန်း မတော်တဆမှုဖြစ်ပွားပြီး ပလိပ်ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့နေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 26 Oct 2026 11:18 AM IST

ဒီအကြောင်းအရာကို Nay Thway ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ 'ရုရှားမှာ ပလိပ်ရောဂါ အကြီးအကျယ် ကူးစက်နေပါတယ်။ COVID လိုပဲ ဓာတ်ခွဲခန်းက လွတ်ထွက်ပြီး ကူးစက်တာပါ။ လေထဲက ကူးစက်နိုင်ပါတယ်' လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒီပေချ့်ကနေ အလားတူ အကြောင်းအရာကို နံနက် ၁၀ ဝန်းကျင်မှာ ထပ်မံဖြန့်ဝေခဲ့ပြန်ပါတယ်။

ဖြန့်ဝေရာမှာ 'ရုရှားနိုင်ငံ ဆိုင်ဘေးရီးယားမှာ ရှိတဲ့ ဇီဝဓာတ်ခွဲခန်းတခုမှာ မတော်တဆမှုဖြစ်ပွားပြီး ပလိပ်ရောဂါပိုး ပျံ့နှံ့လာခဲ့ပါတယ်။ တိုက်ရိုက်ထိတွေ့ခဲ့တဲ့ အမျိုးသမီးကတော့ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ သူနဲ့ ထိတွေ့ခဲ့တဲ့ လူပေါင်း ၁၈၇ ယောက်ကို Quarantine ထားပြီး စောင့်ကြည့်နေသလို ဆေးရုံ ၃ ရုံကို ယာယီပိတ်ထားပြီး ပလိပ်ရောဂါလူနာတွေ စောင့်ကြည့်ဖို့ ထားထားပါတယ်။ လူစုတဲ့ပွဲတွေ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ Mask တပ်ဖို့လဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အခု ပျံ့နှံ့နေတာက Pneumonic Plague ဖြစ်လို့ လူလူချင်း လေထဲကနေ ကူးစက်နိုင်ပါတယ်။ နှာချေ ချောင်းဆိုးတာတွေက ကူးစက်နိုင်ပါတယ်။ COVID လိုပါပဲ။ သတင်းဆိုးကတော့ COVID ထက် သေဆုံးနှုန်းမြင့်မားတာပါပဲ။ Antibiotic ကုသမှု အလျင်အမြန် မရရင် သေဆုံးနှုန်းက အတော်များသွားမှာပါ။ ရောဂါလက္ခဏာပြဖို့က တရက်ကနေ ၃ ရက်ကြာပါတယ်။ အဖျားကြီးမယ်။ ခေါင်းကိုက်မယ်။ သလိပ်မှာ သွေးတွေပါမယ်။ အသက်ရှူကြပ်မယ်။ နမိုးနီးယားရဲ့ ပြင်းထန်လက္ခဏာတွေ ဖြစ်လာပါမယ်။ အမေရိကန်ကတော့ ကူးစက်လာမှာစိုးလို့ ရုရှားကနေ အမေရိကန်လာတဲ့ ခရီးသည်တင် လေယာဉ်တွေကို ရပ်နားဖို့ စဉ်းစားနေပါတယ်။ တကမ္ဘာလုံးကလဲ အခြေအနေစောင့်ကြည့်နေကြပြီး COVID part 2 မဖြစ်ဖို့ မျှော်လင့်ဆုတောင်း နေရပါတယ်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရုရှားမှာ ပလိပ်ရောဂါ အကြီးအကျယ် ကူးစက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေရဲ့ အတည်ပြုချက် မပြုထားတဲ့ အချက်အလက်တွေကို လူအများ အထိတ်တလန့် ဖြစ်အောင် တမင်သတင်းမှား ဖြန့်ဝေနေတာ တွေ့ရပါတယ်။

ဖြစ်စဉ်မှာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် အီယာကွတ်စ်ဒေသက ပလိပ်ရောဂါသုတေသနဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၂၈ နှစ်အရွယ် ဓာတ်ခွဲခန်းဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးပြီးခဲ့ပြီး သူမနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိတွေ့ခဲ့သူ လူ ၂၀၀ နီးပါးကို ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုနဲ့ သီးခြားခွဲထားမှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒေသတွင်းသတင်းတွေအရ သေဆုံးသူမှာ Daria Shipilova ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့က ဓာတ်ခွဲခန်းမှာ အန္တရာယ်ရှိတဲ့ ဇီဝနမူနာတွေကို ကိုင်တွယ်နေစဉ် အဆုတ် ပလိပ်ရောဂါဖြစ်စေတဲ့ Yersinia pestis ဘက်တီးရီးယား ပါဝင်တယ်လို့ ယူဆရတဲ့ စမ်းသပ်ပြွန်တစ်ခု မတော်တဆကျိုးခဲ့တဲ့ ဖြစ်စဉ်ပြီး မကြာမီ နေမကောင်းဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

Shipilova ဟာ အစောပိုင်းမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်ခဲ့ပြီး အခြေအနေဆိုးရွားလာတဲ့အတွက် အသက်ရှူစက်တပ်ဆင်ကုသခဲ့ရပြီး အောက်တိုဘာ ၂ ရက်နေ့မှာတော့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ သေဆုံးမှုအပြီးမှာ သူနှင့် ထိတွေ့ခဲ့သူတွေကို လိုက်လံ စုံစမ်းပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုအောက်မှာ ထားရှိခြင်း၊ ဆေးရုံတွေမှာ စောင့်ကြည့်ခြင်းတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ထိတွေ့သူတွေထဲမှာ ရောဂါလက္ခဏာပြသသူ မရှိသေးဘဲ စစ်ဆေးချက်တွေလည်း အနုတ်လက္ခဏာ ပြနေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောထားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်အရ ပလိပ်ရောဂါသုတေသန ဓါတ်ခွဲခန်း မတော်တဆဖြစ်ပြီး ဝန်ထမ်းအမျိုးသမီး ပြင်းထန်တဲ့ အဆုတ်ရောင် နမိုးနီးယားနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့သတင်းတွေနဲ့ ရုရှားအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ပလိပ်ရောဂါကူးစက်ပြီး သေဆုံးတယ်လို့ တရားဝင် အတည်ပြုတာတွေ မရှိသေးပါဘူး။

လက်ရှိ ထုတ်ပြန်ချက်တွေ သတင်းတွေမှာ pneumonia of an “unknown” cause (သို့မဟုတ်) pneumonia of unknown origin ကြောင့် ဝန်ထမ်းအမျိုးသမီး သေဆုံးတယ်လို့ပဲ ရေးသားထားတာ ရှိပါတယ်။


AP နဲ့ Reuters သတင်းဌာနကြီးတွေမှာ ရေးသားဖော်ပြထားတာတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

AP က ဖော်ပြထားတဲ့ သတင်းထဲမှာ University of Reading မှ ဗိုင်းရပ်စ်ဆိုင်ရာ ပါမောက္ခ Ian Jones က ပလိပ်ရောဂါဟာ သမိုင်းကြောင်းကြီးမားပြီး ရုရှားအပါအဝင် ကမ္ဘာနေရာ အတော်များများမှာ အခုချိန်ထိ ရှိနေသေးပေမယ့် ခေတ်သစ် လူနေမှုစနစ်နဲ့ ပဋိဇီဝဆေးတွေ (Antibiotics) ကြောင့် ယခုအခါ ပြန့်ပွားနိုင်ခြေ လွန်စွာ နည်းပါးတယ်လို့ ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းမှားတွေသာ ဖြစ်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ (သို့မဟုတ်) သူတို့ရဲ့ ဖေစ့်ဘွတ်ပေချ့်တွေ engagement တက်စေဖို့ တမင် ရည်ရွယ်ပြီး လုပ်ကြံဖန်တီး ရေးသားထားတာသာ ဖြစ်ပါတယ်။

Tags:

Related Stories