HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်ကို တက်သိမ်းဖို့ ကြေညာချက်ထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေ အခိုင်အမာ တပ်စွဲထားတဲ့ နေပြည်တော်ကို တပ်သိမ်းဖို့ ကြေညာချက်ထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Nov 2022 10:44 AM GMT

အဆိုပါ သတင်းအတုကို Shristi Bhavalakar ဆိုတဲ့ Page က နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၁၁ နာရီ ၂၀ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး ၁၃ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video အပေါ်မှာ "၁၅ /၁၁ / ၂၀၂၂ နေပြည်တော် တက်သိမ်းရန် ကြေညာချက်ထုတ်ပြန် ဝိုင်းထားကြပြီ" လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရမှာတော့ "နေပြည်တော် ပွဲဆူပြီ။ ခုခံရဲတဲ့ စစ်တပ်တွေ လက်နက် လွှတ်ပစ်ပြီး ပြေးကုန်ပြီ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၅၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၈၉၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖော်ပြထားကြပါတယ်။

သတင်းဆန်းစစ်ချက်

နေပြည်တော်ကို တက်သိမ်းဖို့ ထုတ်ပြန်ကြေညာပြီး ရဲနဲ့ စစ်သားတွေ လက်နက်တွေ လွှတ်ပစ်ပြီး ထွက်ပြေးပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီ Video ဟာ Clickbaits နဲ့ ဝင်ငွေရှာနေတဲ့ အဖွဲ့က ဖြန့်ထားတာဖြစ်ပြီး နေပြည်တော်ကို တက်သိမ်းဖို့ မည်သည့်အဖွဲ့ကမှ ကြေညာချက် မထုတ်ထားသလို နေပြည်တော်မှာ ရဲတွေ၊ စစ်သားတွေ လက်နက်တွေ လွှတ်ပစ်ပြီး ထွက်ပြေးခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်တဲ့အဖွဲ့က ကြည့်ရှု့သူအရေအတွက်များအောင် ခေါင်းစဉ်မှာ လိမ်ညာရေးသားထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှား Video ထဲမှာ နေပြည်တော်ကို တက်သိမ်းဖို့ ကြေညာထားတယ်လို့ ရေးထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ စစ်ကိုင်းတိုင်း ပုလဲမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးပြောကြားထားတဲ့ Video ထဲက နောက်ခံအသံကို ယူပြီး Video ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories