HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AA က ကျောက်ကြီးတံတားနဲ့ မအီတံတားကို ဖောက်ခွဲဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းအတု

ရက္ခိုင့်တပ်တော် AA က ကျောက်ကြီးတံတားနဲ့ မအီမြို့အဝင်တံတားကို ဖောက်ခွဲဖျက်ဆီးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 Feb 2024 12:14 PM GMT

အဆိုပါ သတင်းအတုကို Doror Waddy Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ AA အဖွဲ့က ကျောက်ကြီးပေါက်တံတားနဲ့ မအီမြို့အဝင်တံတားတို့ကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ရေးသားထားပါတယ်။ သတင်းအမှားအတွင်းမှာတော့ ပြည်သူလူထု နေ့စဉ်အသုံးပြုနေတဲ့ ကျောက်ဖြူ-မအီသွား ကျောက်ကြီးပေါက်တံတားနဲ့ မအီမြို့အဝင်တံတားတို့ကို AA က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ ရေးသားထားပါတယ်။ ၎င်းသတင်းအမှားထဲမှာပဲ AA က ဒေသခံတွေကိ အဓ္ဓမ လူသစ်စုဆောင်းတာတွေ ပြုလုပ်တဲ့အတွက် မြို့ကနေ ပြောင်းရွေ့သူများလာလို့ ဒီတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ ဆက်လက် ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာတွေအပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ရက္ခိုင့်တပ်တော် AA က ကျောက်ကြီးတံတားနဲ့ မအီမြို့အဝင်တံတားကို ဖောက်ခွဲဖျက်ဆီးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးက မအီတံတားကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ မအီမြို့အနီး၊ မအီ-ကျောက်ဖြူကားလမ်းမပေါ်က ကျောက်ကြီးပေါက်တံတား ကိုလည်း စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ဒီလို ဖောက်ခွဲဖျက်ဆီးတာဟာ AA တပ်တွေ ကုန်းလမ်းက အလွယ်ဝင်ရောက်လာနိုင်ခြင်း မရှိအောင် စစ်တပ်ဘက်က ကာကွယ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ မအီတံတားကို မိုင်းဖောက်ခွဲ ဖျက်ဆီးမှုကြောင့် အထက်တန်း စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ရပါတယ်။ AA ဘက်က ထုတ်ပြန်ချက်ကို စစ်တပ်ထောက်ခံသူတွေဘက်က အခုလို တန်ပြန်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

မအီတံတား နဲ့ ကျောက်ကြီးပေါက်တံတား ဖောက်ခွဲဖျက်ဆီးခ့ရတဲ့သတင်းကို ဒီနေရာမှာ ဖတ်ပါ။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories