HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းထွန်းဦးက PDF တွေကို တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို တောင်းပန်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါခဲ့ပါတယ်။

By - Boom Live Myanmar | 26 Aug 2021 7:55 AM GMT

အဆိုပါ သတင်းအမှားကို Media7 MM ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၂၄ ရက်နေ့ မနက် ၈ နာရီ ၁၈ မိနစ်မှာ ဖြန့်ဝေထားတာကို တွေ့ရပြီး အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေး PDF များအားမေတ္တာရပ်ခံတောင်းပန်ကြောင်း လူမှုကွန်ယက်တွင်ရေးသား" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ ဦးသိန်းထွန်းဦးဟာ မန္တလေး PDF တွေကို တောင်းပန်ကြောင်း ထုတ်ပြန်ထားကြောင်း၊ ၎င်းတို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာလည်း စစ်ကောင်စီအတွက် ဒလန်လုပ်မပေးရန် ထိန်းသိမ်း ပေးမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနဲ့ ပတ်သက်ပြီး အရှုပ်အရှင်း မရှိကြောင်း၊ ၎င်းဟာမိခင်အိုကြီးအပေါ် လုပ်ကိုင်ကြွေးမွေးနေတဲ့ ဖြစ်တဲ့အတွက် အသက်အန္တရာယ်ရန်ရှာခြင်း မပြုကြဖို့ မန္တလေး PDF ကို ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တောင်းပန်ထားကြောင်း အဆိုပါ သတင်းအမှားထဲမှာ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော်ရှိကာ တခြား ဖေ့စ်ဘွတ့်အကောင့်တွေ၊ ပေ့ချ်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေးမြို့က PDF တွေကို တောင်းပန်ထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

ဦးသိန်းထွန်းဦးက မန္တလေး PDF တွေကို တောင်းပန်ထားခြင်း မရှိသလို ၎င်းတို့ပါတီဟာ စစ်တပ်နဲ့ ကင်းရှင်းကြောင်း ပြောဆိုထားခြင်းလည်း မရှိပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်းအခုလိုရေးသားထားပါတယ်။

"ယခု အခါ မသမာသူလူတစ် စုက မိမိနှင့် ပြည်ခိုင်ဖြိုးအ ပေါ် မဟုတ် မမှန် လုပ်ကြံ ဝါဒဖြန့် သတင်းအတု/သတင်းအမှားများ ရေးသား ထုတ်လွှင့်နေမှုကို အများ ပြည်သူ သိရှိ သတိပြုနိုင်စေရန် အသိ ပေး အပ် ပါသည်"(မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

ဦးသိန်းထွန်းဦး ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီမှာ ဖတ်ပါ။




Related Stories