HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လှည်းတန်းမှာ စစ်ကားတစ်စီးဗုံးခွဲခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံး ဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့ လှည်းတန်းမှာ ရပ်ထားတဲ့ ရဲလှည့်ကင်းကားတစ်စီး ဗုံးခွဲခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 July 2023 11:10 AM GMT

အဆိုပါ သတင်းအတုကို New Viral Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲက တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ သတင်းကြေညာနေသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားကာဓါတ်ပုံအပေါ်မှာ “22 ရက်နေ့ မနက်ခင်း အထူးသတင်း ရန်ကုန်မြို့ လှည်းတန်းရှိ ရပ်ထားတဲ့ရဲလှည်းကင်းကား ဗုံးခွဲမှုမှာ စစ်ဗိုလ်မှူးနဲ့ စစ်သား ၁၂ ဦး ပွဲချင်းပြီးသေ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါခေါင်းစဉ်အတိုင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ရန်ကုန်မြို့လှည်းတန်းမှာ ရပ်ထားတဲ့ ရဲလှည့်ကင်းကားတစ်စီး ဗုံးခွဲခံရပြီး စစ်ဗိုလ် တစ်ဦးအပါအဝင် ၁၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီကာလအတွင်း ရန်ကုန်မှာ စစ်ကားတွေ ရဲကားတွေ ဗုံးခွဲခံရတဲ့ ဖြစ်စဉ်မရှိပါဘူး။ လှည်းတန်းမှာ ရဲလှည့်ကင်းကား ဗုံးခွဲခံရတယ်ဆိုတာလည်း လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပြီး ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း မည်သည့်သတင်းဌာနကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။

ဒါ့အပြင် သတင်းအမှားရဲ့ခေါင်းစဉ်မှာ ရဲလှည့်ကင်းကား ဗုံးခွဲခံရတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ စစ်ရေးသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories