HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆန်တစ်အိတ် ၈ သိန်းထိ ဖြစ်သွားပြီလို့ ဖြန့်ဝေထားတဲ့ သတင်းအတု

ငွေကြေးဖောင်းဖွမှုကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်ရာမှာ ဆန်တစ်အိတ်စျေးနှုန်း ၈ သိန်း ဖြစ်သွားပြီလို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 17 Aug 2022 11:42 AM GMT

အဆိုပါ သတင်းအမှားကို ဩဂုတ်လ ၁၅ ရက်နေ့က လူမှုကွန်ယက်ပေါ် စတင်ဖြန့်ဝေနေတာကို တွေ့ရပြီး YouTube နဲ့ Facebook ပေါ်မှာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ ဒီရေးသားဖြန့်ဝေမှုမှာ ၂ မိနစ်နဲ့ ၄၂ စက္ကန့်ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တင်ထားတာ ဖြစ်ပြီး ၎င်း Video အပေါ်မှာ နွေဦးတော်လှန်ရေးဆိုတဲ့ Logo ကိုတပ်ထားပါတယ်။ အဆိုပါ Video အပေါ်မှာ "ဆန်တစ်အိပ်၈သိန်းတဲ့။ အာဏာလွှဲပြေးသင့်နေပြီမအလရေ" ရေလို့ ရေးသားထားပါ Facebook ပေါ်မျှဝေရာမှာလည်း ဒီလို ရေးသားမှုအတိုင်း ဆန် တစ်အိတ် ၈ သိန်း ဖြစ်ပြီလို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာ ဝင်ရောက် ကြည့်ရှု့ထားသူ ၅၅၀၀ ကျော်နဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၅၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဆန်တစ်အိတ် ၈ သိန်း ဖြစ်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ပထမတန်းစား ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ် စျေးနှုန်းဟာ ၈ သောင်းကျော်ဝန်းကျင်မှာသာ ရှိပါတယ်။ ဆန်တစ်အိတ်စျေးနှုန်းဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေမှာ အနည်းငယ် စျေးများပေမယ့် သတင်းအမှားဖြန့်သူတွေ ပြောတဲ့ ၈ သိန်းဆိုတာ မဟုတ်ပါဘူး။ ၎င်းတို့ သတင်းကို လူအများဝင်ရောက် ကြည့်ရှု့အောင် လိမ်ညာရေးသားထားတာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်သူတွေ ဖြန့်ဝေထားတဲ့ သတင်းရဲ့ ခေါင်းစဉ်မှာ ဆန် ၁ အိတ် ၈ သိန်း ဖြစ်ပြီလို့ ရေးသားထားပေမယ့် ၎င်း Video ရဲ့ အတွင်းမှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ ဖေ့စ်ဘွတ်ပေါ် ရေးသားထားတဲ့ စစ်ကောင်စီရဲ့ ရမ်းကားမှုကြောင့် စီပွားရေး ကျဆင်းကာ ငွေစက္ကူတန်ဖိုးတွေ အလွန်အမင်း ကျဆင်းနေတဲ့အကြောင်း ရေးသားမှုကို နောက်ခံအသံရွတ်ဆိုကာ Video သတင်းပုံစံ ပြုလုပ်ပြီး ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ရဲ့ ရေးသားမှုမှာ ငွေကြေးတန်ဖိုး အလွန်အမင်း ကျဆင်းနေတယ်လို့ ဖော်ပြထားပေမယ့် ဆန်တစ်အိတ် ၈ သိန်းဖြစ်သွားပြီဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ကိုမင်းကိုနိုင် ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီနေရာမှာ ဖတ်ပါ။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ လူအများဝင်ရောက် ကြည့်ရှု့အောင် လိမ်ညာရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေကို တပ်ထားပြီး ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories