HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ကို သေဒဏ်ပေးဖို့ နိုင်ငံပေါင်း ၆၀ က သဘောတူထားတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သေဒဏ်ပေးဖို့ နိုင်ငံပေါင်း ၆၀ က သဘောတူထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 8 Feb 2023 9:13 AM GMT

အဆိုပါ သတင်းအတုကို V-Share ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်းရဲ့ ဓါတ်ပုံနဲ့ ICJ တရားရုံးက ဓါတ်ပုံကို နောက်ခံပြုလုပ်ထားပြီး ဓါတ်ပုံရဲ့ အပေါ်မှာ “မအလကို သေဒဏ်ပေးရန် နိုင်ငံပေါင်း ၆၀ သဘောတူပြီ။ အကြမ်းဖက် မအလကို ICJ မှာ ဖမ်းဝရမ်းထုတ်ပြီ” လို့ ရေးသားထားပါတယ်။ ဒီ video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “အာဏာရူး မင်းအောင်လှိုင်ရဲ့ ဇာတ်သိမ်းခန်း ဥရောပ ပါလီမန်တွေ ကြေညာပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို like လုပ်ထားသူ ၆၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၁ သိန်းကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၃၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင်ကို သေဒဏ်ပေးဖို့ နိုင်ငံပေါင်း ၆၀ ကျော်က ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီ Video ဟာ ဝင်ရောက်ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်ကို သေဒဏ်ပေးဖို့ မည်သည့်နိုင်ငံကမှ မကြေညာထားသလို နိုင်ငံပေါင်း ၆၀ က သဘောတူထားတယ်ဆိုတာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့ရဲ့ သတင်းခေါင်းစဉ်မှာသာ ဒီလို ရေသားထားပေမယ့် သတင်းရဲ့ အတွင်းမှာတော့ “စစ်ကောင်စီ တပ်ကို ICC တရားရုံးပို့ဆောင်ရေးနှင့် ICJ တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများ သို့ အဖွဲ့ ၆၁ ခုက တောင်းဆို” ဆိုတဲ့ သတင်းနဲ့ တစ်ခြား သတင်းအကြောင်းအရာတွေသာ ဖော်ပြထားပါတယ်။ Video အတွင်းမှာ စစ်ကောင်စီခေါင်းဆောင်ကို သေဒဏ်ပေးမယ့် သတင်းအကြောင်းအရာ မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေ နောက်ခံ ဓါတ်ပုံတွေမှာ နားလည်မှုလွဲအောင် လိမ်ညာရေးသားပြီး ကြည့်ရှု့သူများအောင် ပြုလုပ်ကာ Viewer အရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories