HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်လာစျေးတက်လို့ တစ်သောင်းတန်တွေ ဖျက်သိမ်းတယ်ဆိုတဲ့သတင်းအတု

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာစျေးတွေ ခုန်တက်လာတာကြောင့် မြန်မာကျပ်ငွေ တစ်သောင်းတန်တွေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ်ဒီရက်ပိုင်းထဲလူမှုကွန်ရက်မှာထပ်မံပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 30 Sep 2021 6:37 AM GMT

အဆိုပါ သတင်းအမှားကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထူးချန်နယ် ဆိုတဲ့ YouTube အကောင့်တစ်ခုက စက်တင်ဘာလ ၂၈ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး ၎င်း သတင်းအမှား Video ကို Shwe Nadi Linn ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းဆိုတဲ့ Facebook Group ထဲကို ဖြန့်ဝေထားပါတယ်။

အဆိုပါ Video ကို ဖြန့်ဝေရာမှာ "ဒေါ်လာစျေးတက်လို့ တစ်သောင်းတန်ကို ဖျက်သိမ်းလိုက်ပြီ" လို့ ရေးထားပါတယ်။ လူမှုကွန်ယက်ပေါ် မြင်နေရမယ့် Video ရဲ့ Feature Photo ပေါ်မှာ "အရေးကြီးသတင်း၊ တစ်သောင်းတန်ဖျက်သိမ်းလိုက်ပြီ" လို့ ရေးသားထားပါတယ်။ ၎င်းရဲ့ Youtube ပေါ်မှာလည်း "ဒေါ်လာစျေးခုန်တက်ပြီးကျပ်ငွေတစ်သောင်းတန်ကိုစစ်ကောင်စီဖျက်သိမ်း" လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေထားမှုကို ဒီမှာ ကြည့်ပါ။ အဆိုပါ video ကို ဖေ့စ်ဘွတ်ပေါ်မှာ ထပ်ဆင့်ဝေမျှသူများရှိသလို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၁၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာငွေကျပ်တန်ဖိုးကျဆင်းကာ ဒေါ်လာစျေး မြင့်တက်လာမှုကြောင့် တစ်သောင်းတန်ငွေ စက္ကူတွေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာထားတဲ့ YouTube Video ဖြစ်တာကို တွေ့ရပါတယ်။

မြန်မာငွေကျပ်တွေ ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအမှားဟာ မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားဖြစ်ပြီး မြန်မာနိုင်ငံဗဟိုဘဏ်က လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေ ဖျက်သိမ်းခြင်း မရှိဘူးလို့ အာမခံချက်ပေးထားပါတယ်။ဒါ့အပြင် သတင်းအမှား တင်ထားတဲ့ YouTube အကောင့်က တင်ထားတဲ့ Video ရဲ့ ခေါင်းစဉ်မှာသာ ၁၀၀၀၀ တန် ငွေစက္ကူတွေ ဖျက်သိမ်းမယ်လို့ ရေးထားပေမယ့် Video ထဲမှာ ဖေ့စ်ဘွတ်အသုံးပြုသူ တစ်ဦး Live လွင့်ထားတဲ့ Video ကိုပြန်ယူပြီး တင်ထားခြင်းသာ ဖြစ်ပါတယ်။

အဆိုပါ YouTube ချန်နယ်ကို Subscribe လုပ်ထားသူ ၄၄၀၀၀ ကျော်ရှိနေပြီး လူအများဝင်ရောက်ကြည့်ရှု့အောင် လိမ်ညာထားတဲ့ သတင်းတွေတင်ကာ စီးပွားရှာနေတဲ့ ချန်နယ်တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

Related Stories