HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော် အေလာ လေတပ်စခန်း ဒရုန်းဗုံး အလုံး ၁၀၀ ကြဲချခံရ ဆိုတဲ့ သတင်းအတု

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က အေလာ လေတပ်စခန်း ဒရုန်းဗုံး အလုံး ၁၀၀ ကြဲချခံရဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 Dec 2023 4:04 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ် နဲ့တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတစ်ပုံရယ် သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတေွကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၀ ရက်နေ့ ၊ ညနေ ၈ နာရီခွဲ သတင်းထူး၊ နေပြည်တော် အေလာ လေတပ်စခန်း ဒရုန်းနဲ့ ဗုံး အလုံး ၁၀၀ ကျဲချခံရပြီ။ ၁၀၂၇ စစ်ဆင်ရေး နေပြည်တော်ထိရောက်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဝင်ရောက် ကြည့်ရှုထားသူ ၁၂၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် အေလာ လေတပ်စခန်း ဒရုန်းဗုံး အလုံး ၁၀၀ ကြဲခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

၁၀၂၇ တော်လှန်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ နိုင်ငံအနှံ့မှာ တိုက်ခိုက်ခံနေရပြီး တပ်စခန်းတွေ၊ မြို့တွေ အများအပြားသိမ်းခံနေရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နေပြည်တော်နဲ့ အနီးတစ်ဝိုက်ကိုလည်း ရောက်ရှိလာနေပြီး တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် အေလာလေဆိပ်ကို ဒရုန်းဗုံး ၁၀၀ ကြဲချတဲ့ ဖြစ်စဉ်တော့ မရှိသေးပါဘူး။

ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories