HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံ အဟောင်းတွေနဲ့ ဖြန့်ဝေထားတဲ့ တိုက်ပွဲ သတင်း

လူမှုကွန်ယက်ပေါ်မှာ ဓါတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေထားတဲ့ တိုက်ပွဲ သတင်းတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 16 March 2021 9:59 AM GMT

လူမှုကွန်ယက်ပေါ်မှာ ဓါတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေထားတဲ့ တိုက်ပွဲ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါ ဓါတ်ပုံအဟောင်းတွေကို Min Min Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မတ်လ ၈ ရက်နေ့ နေ့ခင်း ၂ နာရီ ၁၃ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး အဲ့ဒီ ဓါတ်ပုံတွေနဲ့အတူ "8. 3. 2021 ရက်နေ့ ( 10..30..အချိန်မန်းလေးမူဆယ်လမ်းကြောင်းတွင် အသင့်စောင့်နေသော KIA. မှမအလကား တစ်စီးနဲ့ လော်ဘီသုံးယောက် လက်နှက်ခဲရမ်းများ နင့်အတူ သိမ်းဆဲ လိုက်ကြောင်း သရပါသည်" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်မှာ ဓါတ်ပုံ ၃ ပုံ ပါဝင်ပြီး ပထမ ဓါတ်ပုံမှာ စစ်တပ်ကအသုံးပြုနေတဲ့ တရုတ် Faw ကား တစ်စီး မီးလောင်နေတဲ့ ပုံဖြစ်ပြီး၊ ဒုတိယပုံမှာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သား ၃ ဦး ဖမ်းခံထားရတဲ့ ပုံဖြစ်ပါတယ်။ တတိယပုံမှာ သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကို အခင်းတစ်ခုပေါ်ချပြီး ဓါတ်ပုံရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။

မူရင်း ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၁၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၅ သောင်းနီးပါး ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ယောက်နဲ့ လက်နတ်တွေ ဖမ်းမိတယ်ဆိုတဲ့ ဓါတ်ပုံတွေကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ဓါတ်ပုံအဟောင်းတွေနဲ့ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

ပထမဆုံး စစ်ကား မီးလောင်နေတဲ့ ဓါတ်ပုံဟာ ၂၀၂၀ ခုနှစ် မေလ လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းမှာ TNLA အဖွဲ့နဲ့ တိုက်ပွဲဖြစ်စဉ်က ဓါတ်ပုံသာ ဖြစ်ပါတယ်။


စစ်သား ၃ ယောက် ဖမ်းခံထားရတဲ့ ပုံဟာ ၂၀၁၈ ခုနှစ်က AA အဖွဲ့က ဖမ်းဆီးထားစဉ်က ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။


တတိယ ဓါတ်ပုံဟာလည်း ၂၀၁၈ ခုနှစ်ခန့်က ဓါတ်ပုံ အဟောင်းဖြစ်ပါတယ်။


ဒီပုံတွေဟာ ဓါတ်ပုံအဟောင်းတွေသာ ဖြစ်ပြီး ဒီရက်ပိုင်းထဲ စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်ထားတဲ့ ပုံတွေ မဟုတ်ပါဘူး။

 




Related Stories