HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သတင်းအဟောင်းကို ပြန်လည်ဖြန့်ဝေတဲ့ အနက်ရောင်မိုး ကိစ္စ

တရုတ်နိုင်ငံမှာ အနက်ရောင်မိုးရွာချပြီးလူတွေကိုဒဏ်ခတ်တယ်လို့ရေးသားသေမျှထားတဲ့ အကြောင်းအရာတစ်ခုပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar | 15 Oct 2020 9:23 AM GMT

ဒီရေးသားဖြန့်ဝေမှုကိုတော့ သတင်းစုံဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က အောက်တိုဘာလ ၁၁ ရက်နေ့က စတင်ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ တစ်သောင်းရှစ်ထောင်ကျော်ရှိနေပြီး ပိုစ့်အောက်မှာ မှတ်ချက်ပေးသူ နှစ်ထောင်ကျော်ရှိနေပါတယ်။

ရေးသားဖြန့်ဝေရာမှာ "ရုတ်တရက်ကြီးဘဲ လူတွေပေါ်ရွာချလာပြီးတော့ ကားတွေပေါ်မှာပါ ပေကျန်နေစေခဲ့တဲ့ ဒီအနက်ရောင်မိုးကြောင့် တရုတ်ပြည်သူတစ်ရပ်လုံး အံသြထိတ်လန့်ခဲ့ရကြောင်း၊ တရုတ်ပြည်ဟာ မကြာသေးမီ အချိန် ကတည်းကနေ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပြီးတော့ ပြည်သူတွေဟာ အဆိုပါသဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ရောဂါတွေကို ခံစားနေရပြီး နှစ်စဉ်သေဆုံးမှုတွေရှိနေကြောင်း၊ တရုတ်နိုင်ငံမှာ လကောင်းလေသန့် ပါဝင်တဲ့ လေဘူးတွေကို ရှော့ပင်းစင်တာတွေမှာ ဝယ်ယူအသုံးပြု နေကြရကြောင်း" ရေးသားထားတာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံကို ပြစ်တင်ရှုတ်ချမှုတွေရှိသလို ဒီရေးသားဖြန့်ဝေထားတဲ့အောက်မှာလည်း အမုန်းစကားးတွေရေးသားဝေမျှမှုတွေရှိနေပါတယ်။


သတင်းဆန်းစစ်ချက်

ဒီရေးသားဖြန့်ဝေမှုနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ရာမှာ ဒါက တရုတ်နိုင်ငံ ဟန်ဇူးပြည်နယ်မှာ ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့သတင်းအဟောင်းကိုပြန်လည်ဝေမျှနေတာဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒီဖြစ်စဉ်ဟာ Hangzhou Keneng Dyestuff Co. , Ltd. ပိုင်စက်ရုံက စွန့်ပစ်ထားတဲ့ တိုင်ကီတွင်းက ခြောက်သွေ့နေတဲ့ ရေနံအမှုန့်များ လေတိုက်ရာမှာ ပါသွားခဲ့ပြီး မိုးအဖြစ်ပြန်လည် ရွာသွန်းခဲ့ရာမှာ အမည်းရောင်တွေအဖြစ် ရောနှောကျဆင်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကို တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ The Paper မှာ ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



Related Stories