HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကော်ဘရာစစ်ကြောင်းက ထပ်မံနုတ်ထွက်သူတွေရှိသယောင် သတင်းအမှားဖြန့်

စစ်ကောင်စီတပ်တွေကို အထိနာအောင် တိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်းက ရဲဘော်တစ်ချို့ကို နုတ်ထွက်ခွင့်ပြုတဲ့စာတွေ ထွက်ပေါ်လာပြီးနောက် ၎င်းစာတွေကို အသုံးပြုပြီးဖြန့်ထားတဲ့ သတင်းအမှားတစ်ချို့လည်း ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 20 Jun 2022 5:08 PM GMT

အဆိုပါ သတင်းအမှားကို မေမြန်မာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၁၉ ရက်နေ့ ၅ နာရီ ၂၂ မိနစ်မှာ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ Group တစ်ခုထဲမှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ရေးသားရာမှာ ကော်ဘရာစစ်ကြောင်းက ရဲဘော်တစ်ချို့ကို ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်ခွင့်ပြုထားတဲ့ ထုတ်ပြန်ချက်တွေနဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးထားတဲ့ လူငယ်တွေပါဝင်တဲ့ မတူညီတဲ့ ဓါတ်ပုံ ၂ ပုံကို တွဲတင်ထားပါတယ်။ ၎င်းဓါတ်ပုံတွေနဲ့အတူ "ခြေပြတ်လက်ပြတ်တွေကို ကန်ထုတ်ကုန်ပြီ။ Cobra အဖွဲ့ တိုက်ပွဲတိုင်းနိုင်တယ်လည်းဆိုရဲ့ ဘာလို့ ပဒက်တွေက ထွက်ကုန်ကြတာလဲ။ ပဒက်တွေကို ကြွေးမထားနိုင်တော့ဘူး ထင်တယ်" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ကော်ဘရာစစ်ကြောင်းက ခြေထောက်တစ်ဖက်ဆုံးရှုံးသွားတဲ့သူတွေကို ဖယ်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

ကော်ဘရာစစ်ကြောင်းဟာ ဇွန်လ ၁၆ ရက်နေ့ အမျိုးသမီးထောက်ပို့ရဲဘော်တစ်ဦးနဲ့ အမျိုးသားရဲဘော် ၃ ဦး စုစုပေါင်း လေးဦးတို့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်ခွင့်ပြုဖို့ တောင်းထားတဲ့စာကို ခွင့်ပြုကြောင်း၊ ၎င်းတို့ ၄ ဦးစလုံးကို နုတ်ထွက်ခွင့် ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Cobra Column က ထုတ်ပြန်ထားတဲ့ စာကို ဒီမှာ ဖတ်ပါ။ 

သတင်းအမှားဖြန့်သူတွေဟာ အဆိုပါ နုတ်ထွက်စာတွေကို ယူပြီး ဧပြီလခန့်က လူမှုကွန်ယက်ပေါ် ထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး Cobra စစ်ကြောင်းက လူတွေ ဖြစ်တယ်လို့ ဖြန့်ထားတာ ဖြစ်ပါတယ်။

၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံ ၂ ပုံအနက် တစ်ပုံဟာ ချင်းပြည်နယ်အတွင်းက တိုက်ပွဲတစ်ခုမှာ ခြေထောက်တစ်ဖက်ဆုံးရှုံးသွားခဲ့ရတဲ့ CDF ရဲဘော်တစ်ဦးရဲ့ မင်္ဂလာဆောင် ဖြစ်ပါတယ်။ အဆိုပါ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားတဲ့ CDF ရဲဘော်ကို သူ့ရဲ့ ချစ်သူဖြစ်သူက မငြိုမငြင် သစ္စာရှိရှိ လက်ထပ်ခဲ့တဲ့အတွက် လူမှုကွန်ယက်ပေါ် လူပြောများခဲ့တဲ့ ဓါတ်ပုံတစ်ပုံလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ် အခြေစိုက် zalen မီဒီယာမှာ ဖော်ပြခဲ့တဲ့ အဆိုပါ ဓါတ်ပုံထဲက အကြောင်းအရာကို ဒီမှာ ဖတ်ပါ။


ါ။

နောက်ထပ် ဓါတ်ပုံတစ်ပုံဟာ Free Burma Rangers အဖွဲ့က ဧပြီလ ၈ ရက်နေ့က တင်ထားတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံဟာ ကရင်နီပြည်နယ်က ဓါတ်ပုံဖြစ်ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားတဲ့သူတွေကို Free Burma Rangers က ဆေးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း ရေးသားဖော်ပြခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။ Free Burma Rangers က တင်ထားတဲ့ ဓါတ်ပုံကို ဒီနေရာမှာ ကြည့်ပါ။



 




Related Stories