HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စာရေးဆရာမ ဂျူးအမည်ခံထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေ

စာရေးဆရာမ ဂျူးနာမည်ကို အသုံးပြုပြီး ဖွင့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေလူမှုကွန်ရက်မှာ အလျှိုအလျှိုထွက်ပေါ်နေပြီး တချို့ပေ့ချ်တွေမှာ လိင်မှုကိစ္စတွေဆက်နွယ်ရေးသားမှုတွေအပါအဝင် သူမရေးသားထားခြင်းမရှိတဲ့အကြောင်းအရာတွေကို အမည်ခံဖြန့်ဝေမှုတွေရှီနေပါတယ်။

By - Boom Live Myanmar | 22 Jan 2021 11:59 AM GMT

ဒီအကြောင်းအရာတွေထဲမှာ "အခမဲ့ ပြည့်တန်ဆာ" ဆိုတဲ့ ပိုစ့်ကို ဆရာမ ဂျူးနာမည်နဲ့ ဓါတ်ပုံကို အသုံးပြုဖွင့်လှစ်ထားတဲ့ Juu - Feeling ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေးသားဖြန့်ဝေခဲ့တာပါ။ ဒီလိုရေးသားရာမှာ အမျိုးသားနဲ့ အမျိုးသမီး လက်မထပ်ခင်အတူနေတာဟာ မကောင်းကြောင်း၊ ဒီလိုနေတဲ့ မိန်းကလေးတွေဟာ ပိုက်ဆံမရတဲ့ အခမဲ့ ပြည့်တန်ဆာ ပဲဖြစ်ကြောင်း၊ အိမ်ထောင်ဘက်အတွက် အပျိုစင်ဘဝကို ထိမ်းသိန်းသင့်ကြောင်း စတဲ့ ကိစ္စတွေကို ဆရာမ ဂျူး ရေးသားထားတဲ့ ပုံစံမျိုးနဲ့ ရေးသားဖြန့်ဝေမှုတွေလည်းပါဝင်ပါတယ်။

ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

follower နှစ်သိန်းခွဲကျော်ရှိတဲ့ Juu - Feeling ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ ဆရာမဂျူး ဓါတ်ပုံကိုလည်း အသုံးပြုထားပြီး အခြား အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေအပြင် ဗေဒင်ယတြာ ကိစ္စတွေပါ ဖြန့်ဝေနေတဲ့ ပေချ့်အတုသာဖြစ်ပါတယ်။


ဒီလို ဂျူးနာမည်အသုံးပြုပြီး သူမနဲ့မသက်ဆိုင်တဲ့ Post တွေတင်နေတဲ့ သူတွေရှိကြောင်း၊ အစွန်းမလွတ်တဲ့ စာတွေရေးသားတာတွေရှိကြောင်းနဲ့ ဒါတွေဟာ အတုများသာဖြစ်ကြောင်းကို ဆရာမဂျူးက သူ့ရဲ့ Tin Tin Win ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလ ၁၈ ရက်နေ့မှာ ရေးသားရှင်းလင်းခဲ့ပါသေးတယ်။


ဆရာမ ဂျူးက သူမရဲ့ နာမည်နဲ့ ဓါတ်ပုံအသုံးပြုဖွင့်လှစ်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်အတု၊ အကောင့်အတု တွေနဲ့ ပတ်သတ်ပြီး "ဂျူး လို့လည်း နာမည်တပ်တယ် ကျွန်မဓါတ်ပုံလည်း အသုံးပြုထားတယ်ဆိုရင်တော့ ဒါက အတုပြုလုပ်ခြင်း ဖြစ်သွားပါပြီ။ ဂျူးနာမည်ကို အသုံးပြုပြီး သူတို့ ရေးချင်ရာတွေ ရေး စိတ်ထင်ရာ post အဖြစ်တင်နေကြသူတွေ ရှိပါတယ်။ ဂျူးရဲ့စာတွေကို မဖတ်ဖူးသူတွေက အဲဒီ Account တွေ Page တွေကို ကျွန်မရေးတယ်လို့ ထင်နေကြတယ်။ တချို့လူတွေက အဲဒီစာသားတွေကို ကျွန်မကို လာ ရွတ်ပြတတ်သေးတယ်။ တစ်ခါတလေ ဒေါသဖြစ်မိ တစ်ခါတလေ အခံရခက်မိ တစ်ခါတလေလည်း အားမနာပါးမနာ ရယ်မောပစ်မိပါတယ်။ အဲဒီ post တွေက အစွန်းမလွတ်တဲ့စာတွေ ရေးလာတဲ့အခါ တချို့ စာဖတ်သူတွေက ကျွန်မအတွက် စိုးရိမ်စိတ်နဲ့ အသိပေးလာကြပါတယ်။ ဒါကြောင့် အခု ကျွန်မ screen shot ရိုက်ထားတဲ့ ဓါတ်ပုံတွေ Account တွေ Page တွေက ကျွန်မ ဂျူး မဟုတ်ပါကြောင်း အားလုံးကို အသိပေးလိုက်ပါတယ် ရှင့်" ဆိုပြီး ရေးသား ပြောဆိုထားပါတယ်။

Related Stories