HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တပ်မတော်နေ့အခမ်းအနားကို PDF အဖွဲ့ (၂၀) အသေခံ ဝင်စီးတယ်ဆိုတဲ့ သတင်းအမှား

တပ်မတော်နေ့ အခမ်းအနားကျင်းပနေချိန် တော်လှန်ရေးတပ်ဖွဲ့ ၂၀ က အသေခံဝင်စီးခဲ့ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 March 2026 8:09 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ The Daily Lens ဆိုတဲ့ Youtubte ချန်နယ်မှာ မတ်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မနက်၈နာရီမှာ မဲလုံး အရင် သေပြီ။ ပတ်၂၈ရက် သမိုင်းတွင်ပြီ။ ပြည်သူ့လွှတ်တော်။ မြန်မာ့သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ တပ်မတော်နေ့ အခမ်းအနားကို PDF အဖွဲ့ (၂၀) အသေခံ ဝင်စီး' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တပ်မတော်နေ့အခမ်းအနားကို PDF အဖွဲ့ (၂၀) အသေခံ ဝင်စီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ BBC သတင်းဌာနမှာ မတ်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'သံတောင်ကြီးက စစ်တပ်လေ့ကျင့်ရေးသင်တန်းကျောင်း ပစ်ခတ်ခံရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာရှိတဲ့ ဘုရင့်နောင် တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို မတ်လ ၂၇ ရက်နေ့ ညပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကို BWM နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ရဲ့ တပ်မဟာ ၂၊ တပ်ရင်း ၅ က တပ်ဖွဲ့ဝင်တွေအပြင် တခြားပူးပေါင်းအဖွဲ့ ၂ ခုနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ရေးသာားထားပါတယ်။

ဒီသတင်းထဲမှာ တပ်မတော်နေ့အခမ်းအနားကို PDF အဖွဲ့ (၂၀) အသေခံ ဝင်စီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ဆောင်ခဲ့သူ ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာလည်း မပါဝင်ပါဘူး။

BBC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories