HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တရုတ်မှာ အမည်မသိ ဗိုင်းရပ်စ်ကြောင့် လူ အစုလိုက်အပြုလိုက် သေဆုံးနေတယ်ဆိုတဲ့ သတင်းအမှား

တရုတ်နိုင်ငံမှာ ကိုဗစ် ၁၉ နဲ့ ဆင်တူတဲ့ အမည်မသိ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့နေပြီး ရောဂါကြောင့် လူတွေ သန်းနဲ့ချီပြီး အစုလိုက်အပြုံလိုက် သေဆုံးနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 Dec 2025 3:39 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Alyx_Biil ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်ပြည်ပျက်ပြီ။ အမည်မသိဗိုင်းရပ်စ်ကြောင့် တရုတ်မှာအစုလိုက်အပြုံလိုက်သေဆုံးနေပြီ' လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တရုတ်မှာ အမည်မသိ ဗိုင်းရပ်စ်ကြောင့် လူ အစုလိုက်အပြုလိုက် သေဆုံးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဗီဒီယိုထဲမှာလည်း တရုတ်နိုင်ငံမှာ Influenza A (H3N2) ဗိုင်းရပ်စ် ပျံ့နှံ့နေပြီး လူတွေ သန်းနဲ့ချီပြီး အစုလိုက်အပြုံလိုက် သေဆုံးနေတယ်လို့ ပြောဆိုထားပါသေးတယ်။

အမှန်တော့ ဒီလုပ်ကြံဇာတ်လမ်းတွေကို ဆိုရှယ်မီဒီယာ X နဲ့ Tiktok တွေပေါ်မှာ ရက်ပိုင်းအတွင်း ဖြန့်ဝေနေတဲ့ 'China Confirms New Virus Outbreak After Man Eats Birds CUM' (လူတစ်ဦး မစားသင့်တဲ့ ငှက်တွေစားပြီးနောက် ဗိုင်းရပ်စ်အသစ် ထပ်မံကူးစက်ပျံ့နှံ့မှုကို တရုတ်အတည်ပြု) ဆိုပြီး ဖြန့်ဝေနေတဲ့ ပိုစ့်တွေကနေ စခဲ့တာပါ။

ဒီပိုစ့်ဖြန့်ဝေသူတွေဟာ Reuters သတင်းဌာနမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ သတင်းဆိုပြီး လုပ်ကြံရေးသား ထားတဲ့ သတင်းတစ်ပုဒ် ကိုလည်း ဖြန့်ဝေထားပါသေးတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ပထမဆုံးအနေနဲ့ Reuters သတင်းဌာနမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဒီလို ခေါင်းစဉ်၊ ဒီလို အကြောင်းအရာနဲ့ ပတ်သက်တဲ့ သတင်း ရေးသားဖော်ပြထားတာ မရှိပါဘူး။

Reuters သတင်းဌာန ဝက်ဆိုက် ဒီနေရာ မှာ ဝင်ရောက်ရှာဖွေကြည့်ရှု့နိုင်ပါတယ်။

ဗီဒီယိုထဲမှာ ပြောဆိုနေတဲ့ Influenza A (H3N2) ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ထားတာ ရှိပါတယ်။

ဒီအစီရင်ခံစာထဲမှာ အာရှဒေသအပါအဝင် တစ်ကမ္ဘာလုံးမှာ တုပ်ကွေးကူးစက်မှု မြင့်တက်လာတယ်ဆိုပေမယ့် ဒါဟာ နှစ်စဉ် ဖြစ်ပွားနေကျ အခြေအနေထက် ပိုမိုပြင်းထန်တာမျိုး မရှိကြောင်း၊ အခုနှစ်မှာ Influenza A (H3N2) ဗိုင်းရပ်စ် အနေနဲ့ အဓိကပျံ့နှံ့နေပြီး သူ့ရဲ့ မျိုးနွယ်စုသစ် Subclade K ကိုလည်း ကမ္ဘာ့နိုင်ငံ (၃၄) နိုင်ငံမှာ တွေ့ရှိထားကြောင်း ထုတ်ပြန်ထားပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့ နိုင်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတဲ့ တရုတ်မှာ အမည်မသိ ဗိုင်းရပ်စ်ကြောင့် လူ သန်းနဲ့ချီ အစုလိုက်အပြုလိုက် သေဆုံးနေတယ် ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသား ဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

Tags:

Related Stories