HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြန်မာနိုင်ငံကိုကိုယ်စားပြု ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အောင်လမပြောပါ

အောင်လအန်ဆန်အနေနဲ့ စစ်ကောင်စီ လက်ထက်အတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မယှဉ်ပြိုင်လိုတဲ့အတွက် နောက်ထပ် ပွဲတွေမှာလည်း ကိုယ်စားပြုပြိုင်မှာ မဟုတ်ကြောင်း ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ပို့စ်တွေ လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 6 Aug 2021 5:05 AM GMT

 ဒီဖြန့်ဝေမှုတွေကို ဇူလိုင်လ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကျင်းခဲ့တဲ့ One Championship ရဲ့ BATTLEGROUND ပြိုင်ပွဲအပြီးမှာ စတင်ဖြန့်ဝေနေတာပါ။ ဒီပွဲမှာ အောင်လအန်ဆန်က ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်ကို ပထမအချီမှာတင် အလဲထိုးသတ် အနိုင်ယူခဲ့ပါတယ်။

ဖြန့်ဝေမှုထဲမှာတော့ အနိုင်ရခဲ့တဲ့ အောင်လအန်ဆန်က "စ.က.စလက်အောက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း၊ နောက်ထပ် ထိုးသတ်မယ့် ပွဲတွေမှာလည်း နိုင်ငံကိုယ်စားပြုမှာ မဟုတ်ကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လေ့ကျင့်ကွင်းကို သွားရတာတောင် အတော် အားတင်းပြီးသွားခဲ့ရကြောင်း၊ စစ်အာဏာသိမ်းတာ မကျေနပ်တဲ့ အနေနဲ့ သူပွဲ ထွက်ရင် ဖွင့်လေ့ရှိတဲ့ သီချင်းကို မဖွင့်တော့တဲ့အပြင် မြန်မာနိုင်ငံအလံကိုလည်း မခြုံတော့ကြောင်း၊ အရေးတော်ပုံ အောင်နိုင်မှ သာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း" တွေ ရေးသားထားတာပါ။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

ဒီရေးသားဖြန့်ဝေမှုတွေဟာ မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာနိုင်တဲ့အပြင် နိုင်ငံရေးနဲ့ ဆက်နွယ်ကာ လုပ်ကြံရေးသားတဲ့အတွက် BOOM က သတင်းဆန်းစစ်ခဲ့တာဖြစ်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီလိုဖြန့်ဝေနေတဲ့ အချက်တွေကို အောင်လအန်ဆန်အနေနဲ့ ဘယ်နေရာမှာ ဘယ်မီဒီယာ၊ သတင်းဌာနကို ပြောကြားတယ်ဆိုတဲ့ အချက်အလက်တွေ မပါရှိတဲ့အပြင် ယုံကြည်ရတဲ့ မီဒီယာတွေမှာ ဖော်ပြထားတာကိုလည်း တွေ့ရှိရခြင်း မရှိပါဘူး။အလားတူသူ့ရဲံ ဖေ့စ်ဘွတ်အကောင့် နဲ့ page တွေမှာလည်းရေးသားထားတာမျိုးမရှိပါဘူး။

ဒါ့အပြင် ပွဲအစမှာ အစီအစဉ်တင်ဆက်သူ ကြေငြာမှုထဲမှာ မြန်မာနိုင်ငံကိုယ်စားပြု (Representing Myanmar) လို့ ပြောထားတဲ့အပြင် ရုပ်သံတွေမှာလည်း From Myanmar လို့လည်း စာတမ်းထိုးထားတာ တွေ့ရမှာပါ။


အစီအစဉ်တင်ဆက်သူရဲ့ အသံနဲ့ ရုပ်သံဖိုင်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ နားထောင်ကြည့်ရှု့နိုင်ပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်နဲ့ တွစ်တာအကောင့် တွေမှာလည်း ခုဖြန့်ဝေနေသလို ရေးသားပြောဆိုထားတာ တွေ့ရခြင်းမရှိပါ။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ပွဲအပြီးမှာ အောင်လက "မြန်မာပြည်ကလူတွေအတွက် ကျနော်ဆုတောင်းပေးချင်ပါတယ်။ ဒီနှစ်က လူတိုင်းအတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ပါ ။ အထူးသဖြင့် ကျနော့်အတွက်လည်း တော်တော်ခက်ခဲပါတယ် ။ တိုင်းပြည်က ဒီလိုအခြေအနေတွေ ကြုံနေရတဲ့အချိန်မှာ ပြိုင်ပွဲအတွက် လေ့ကျင့်ဖို့တောင် စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲပါတယ် ။ မြန်မာပြည်က တာဝန်ရှိသူူတွေ အနေနဲ့ ကိုယ်ကျိုးစီးပွားထက် တိုင်းပြည်အနာဂတ်အတွက် ကြည့်ပေးကြစေလိုပါတယ်" လို့ ပြောဆိုသွားပါတယ်။

Related Stories