HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD ပါတီကို ဖျက်သိမ်းတယ်ဆိုတဲ့ စာအတု

NLD ပါတီကို ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်ချက်ဆိုတဲ့ ကြေငြာချက်အတုတစ်စောင်ကိုလူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။

By - Boom Live Myanmar | 11 Aug 2021 11:47 AM GMT

NLD ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်းဆိုတဲ့ ဩဂုတ်လ ၁၀ ရက် ရက်စွဲနဲ့ အမိန့်စာအမှတ် ၁၆၁ အမှတ်နဲ့ စာ တစ်စောင်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ရက်ကစပြီးဖြန့်ဝေနေတာဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ စစ်ကောင်စီကပြန်လည်ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ဥက္ကဌ ဦးသိန်းစိုးက NLD ပါတီကို ဖျက်သိမ်းဖို့အထိလုပ်မယ်လို့ ပြောဆိုပြီးနောက်မှာ ဒီလိုဖြန့်ဝေမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

NLD ပါတီကို အပြီးတိုင် ဖျက်သိမ်းဘို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်တယ်ဆိုတဲ့ သတင်းအတုတွေကိုလည်း ဇူလိုင်လ အစောပိုင်းမှာ အများအပြား ဖြန့်ဝေခဲ့ကြပါသေးတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတဲ့ အမိန့်စာဟာ အတုသာဖြစ်ကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ န-စ-က သတင်းပြန်ကြားရေးအဖွဲ့က ရှင်းပြထားတယ်လို့ Voice of Myanmar သတင်းဌာနရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ သြဂုတ်လ ၁၀ ရက်နေ့ ညပိုင်းမှာ ဖော်ပြခဲ့ပြီး စစ်ကောင်စီထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အမိန့်စာ အမှတ် ၁၆၁ မူရင်းကိုလည်း ဖော်ပြထားပါတယ်။


Voice of Myanmar သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories