HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန် Lockdown လုပ်မယ်ဆိုတဲ့ ကောလဟာလ အွန်လိုင်းရှော့ပင်လုပ်သူဖြန့်ချိခြင်းဖြစ်

ရန်ကုန်မြို့ကို ၄၈ နာရီအတွင်း Lock Down ချတော့မယ်ဆိုတဲ့ သတင်းတစ်ပုဒ်လူမှူကွန်ရက်မှာ မတ်လ ၃၁ ရက်နေ့ကစတင်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 31 March 2020 11:58 AM GMT

သတင်းအမှားဖြန့်ချိထားတဲ့ အကောင့်တွင်ရေးသားထားသည့်အကြောင်းအရာ
သတင်းအမှားဖြန့်ချိထားတဲ့ အကောင့်တွင်ရေးသားထားသည့်အကြောင်းအရာ

တကယ်တော့ ဒီသတင်းကိုတင်တဲ့သူဟာ အွန်လိုင်းရှော့ပင်းလုပ်နေတဲ့သူဖြစ်ပြီး Arr Shann ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ဒီ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်ဟာ လွိုင်ကော်မြို့မှာ နေထိုင်ပြီး Hello Bitch Fashion Shop ဆိုတဲ့ နာမည်နဲ့ Online Shopping လုပ်ကိုင်နေသူဖြစ်ပါတယ်။ ၎င်းရဲ့ Online Shopping မှာ Mask တွေ၊ သာမိုမီတာတွေ၊ လက်သန့်ဆေးတွေ၊ Dettol ဆပ်ပြာတွေ၊ အဝတ်အထည်တွေ ရောင်းချနေတာပဲ ဖြစ်ပါတယ်။




၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရန်ကုန်မြို့ကို ၄၈ နာရီအတွင်း lockdown ချဖို့ လူကြီးတွေ တိုင်ပင်နေပြီ တရားဝင်ကြေငြာဖို့ပဲ ကျန်တော့တယ် ဆိုပြီး မတ်လ ၂၈ ရက်နေ့မှာ ရေးသားထားပါတယ်။ အဲ့ဒီ post တက်လာပြီးနာရီပိုင်းအတွင်းမှာပဲ လူပေါင်း ၃၆၀၀ ကျော်က ဆက်လက်ဖြန့်ဝေခဲ့ကြပါတယ်။

အဲ့ဒီအပြင် ဒီ Status တင်ပြီး ခဏ အကြာမှာပဲ lockdown မချခင် Dettol ဆပ်ပြာတွေ အမြန်ဝယ်ထားဖို့ နောက်ထပ် Status တစ်ခု ရေးတင်ခဲ့ပါတယ်။

ဒါ့အပြင် Arr Shann ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ တနိုင်ငံလုံး Lockdown ချတော့မှာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားပြီး ၎င်းရဲ့ Online Shopping က ပစ္စည်းတွေ အမြန်ဝယ်ယူဖို့ တိုက်တွန်းထားပါတယ်။


သတင်းဆန်းစစ်ချက်

လက်ရှိ သတင်းရေးသားတဲ့အချိန် မတ်လ ၃၁ ရက်နေ့အထိ Covid-19 ဖြစ်ပွားသူ ၁၄ ယောက်ထိရှိနေပြီး ရောဂါပိုးတွေ့ရှိသူတွေ နေထိုင် တည်းခိုခဲ့တဲ့ နေရာတွေကိုသာ lockdown ချထားတာဖြစ်ပါတယ်။ ရန်ကုန်မြို့ကို Lock Down ချထားခြင်း မရှိသလို တခြား ပြည်နယ်နှင့် တိုင်းတွေကို Lockdown ချထားတာမျိုး မရှိသေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟို Information Committee အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်အေးနိုင် က ရန်ကုန်မြို့ကို လုံးဝ Lockdown မလုပ်ဘူးဆိုတာရေးသားထားပါတယ်။

NLD ပါတီဗဟို သတင်းထုတ်ပြန်ရေး ကော်မတီဝင် ဦးကျော်အေးနိုင်ရဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီ ဖေ့စ်ဘွတ်ပိုစ့်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ကို အကောင်းဆုံးဖြစ်အောင် အတူကြိုးပမ်းကြစို့လို့ဆိုတဲ့စာကြောင်းနဲ့အတူ ထပ်ဆင့်မျှဝေခဲ့ပါတယ်။

ဝန်ကြီးချူပ်ဦးဖြိုးမင်းသိန်းရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်ကို  ဒီမှာ  ကြည့်နိုင်ပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့အပါအဝင် တခြား မည်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကို Lockdown ချထားခြင်း မရှိပါဘူး။ 

Related Stories