HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
ကျန်းမာရေး

"ဒီဗိုင်းရပ်စ်ကို တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သမျှ လျှော့ချလို့ ရပါတယ်"

ဒေါက်တာခွန်းညိုသွေးနှင့်တွေ့ဆုံခြင်း

By - Boom Live Myanmar | 31 Aug 2020 11:46 AM GMT

ကိုဗစ် ၁၉ ရောဂါရဲ့ ဗီဇပြောင်း D614 မျိုးကွဲကြောင့် ရခိုင်ပြည်နယ်အပါအဝင်မြို့ကြီးတွေမှာ ကူးစက်ပျံ့ပွားမှုတွေတိုးလာနေပါတယ်။ ဒီအခြေအနေအပေါ် အစိုးရနဲ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဒုတိယလှိုင်းအဖြစ်တရားဝင်မသတ်မှတ်သေးပေမယ့် နေ့စဉ်နဲ့အမျှ ကူးစက်မှုအခြေအနေတွေအပေါ်စောင့်ကြည့်နေပါတယ်။ လက်ရှိရောဂါပိုးဟာ ယခင်ထက် ဆယ်ဆ ကူးစက်မှုနှုန်းပိုမိုမြန်ဆန်တာကြောင့် စတင်တွေ့ရှိပြီးရက်ပိုင်းအတွင်းမှာပဲ ရာနဲ့ချီတဲ့ကူးစက်ခံရမှုတွေရှိနေပါတယ်။ဒီအခြေအနေကြောင့် လက်ရှိရောဂါပိုးနဲ့ပတ်သက်ပြီးသတိထားသင့်တဲ့အကြောင်းအရာတွေကို  ဆေးတက္ကသိုလ် ၂ ရန်ကုန်မှ လက်ထောက်ကထိက ဒေါက်တာခွန်းညိုသွေးနဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

အခု ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပိုးပတ်သက်ပြီးသာမာန်လူတွေနားလည်အောင် ရှင်းပြပေးပါဦး။

အခုလောလောဆယ် တွေ့နေရတဲ့ ပိုးကတော့ D 614 G လို့ခေါ်တဲ့မျိုးကွဲတစ်ခုပေါ့နော်။ ဒီဗိုင်းရပ်က ကြာလာတဲ့အခါမှာ မျိုးရိုးဗီဇ ပြောင်းလဲပါတယ်။အဲဒီတော့ ဒီမျိုးရိုးဗီဇ ပြောင်းလဲတဲ့ အခါမှာ ဒီ သူ့ရဲ့ ဗိုင်းရပ်စ်ပိုးပေါ့နော်။အဲဒီပိုးမှာ ရှိတဲ့ မျိုးရိုးဗီဇမှာ ရှိတဲ့ D ဆိုတဲ့ နေရာလေးကနေ G ဆိုတဲ့ နေရာလေးကို ချိန်းသွားတာပေါ့နော်။ တကယ့်တကယ့်ကတော့ Asprtic acid ကနေ ဒီ glycine ဆိုတဲ့ protein အစိတ်အပိုင်းလေးတွေ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲသွားတဲ့ အခါမှာ ဒီ မျိုးရိုးဗီဇ ပြောင်းလဲတယ်ပေါ့နော်။ အခုနောက်ပိုင်းတွေ့ရတဲ့ D 614 G ကတော့ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးလည်းဖြစ်နေတယ်။လူပြောအများဆုံးလည်း ဖြစ်နေတယ်။ ပိုးအသစ်တစ်ခုအနေနဲ့ ဒီမျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးအသစ်အနေနဲ့ ကျွန်တော်တို့ တွေ့ရတာ ဖြစ်ပါတယ်။

လက်ရှိပြန့်နေတဲ့အခြေအနေကို ဒုတိယလှိုင်းဆိုပြီးပြောနေကြတယ်။ ဆရာ့အမြင်ကရောဘယ်လိုရှိလဲ။ ဒါကဒုတိယလှိုင်းလို့ပြောလို့ရလား။

ဟုတ်ကဲ့။ ဒုတိယလှိုင်းလို့ ပြောဖို့ ဆိုတာကတော့ အချို့ကလည်း ဒုတိယလှိုင်းလို့ သတ်မှတ်ပါတယ်။ ဘာလို့ သတ်မှတ်လည်းဆိုရင် ဒီပြည်တွင်းကူးစက်မှုပေါ့နော်။ ပြည်ပက သယ်လာတဲ့ ပိုးမျို၊ ကူးစက်မှုမျိုးမဟုတ်ပဲ ပြည်တွင်းကူးစက်မှုစတဲ့အခါမှာ ဒီ ဒုတိယလှိုင်းစပြီလို့ ပြောကြပါတယ်။ အချို့ကလည်း ဒါကို ဒုတိယလှိုင်းစပြီလို့မသတ်မှတ်ပါဘူး။ ပညာရှင်တွေအသိုင်းအဝိုင်းကြားထဲမှာကိုက အခေါ်အဝေါ်တွေ ကွဲပြားနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က

ဒုတိယလှိုင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘာပဲဖြစ်စေ၊ ပြည်တွင်းကူးစက်မှုပဲဖြစ်စေ၊ ဒီ ဗိုင်းရပ်နဲ့ ပတ်သက်တဲ့ သတိကတော့၊ ဒုတိယလှိုင်းလို့ ခေါ်သည်ဖြစ်စေ၊ မခေါ်သည် ဖြစ်စေ ဂရုစိုက်ပြီးတော့ ပိုးနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေ၊ ကူးစက်မှုတွေကို သတိထားစောင့်ကြည့်ပြီးတော့ ကျွန်တော်တို့က ကာကွယ်သင့်တာတွေကိုတော့ ကာကွယ်နေရမှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ပြည်တွင်းကူးစက်မှု ပြန်လည်စတင်လာပြီဆိုတော့ ပြည်သူတွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့်ပြီလဲ။

ဟုတ်ကဲ့ အရင်က ဒီ ဗိုင်းရပ်စ် ပိုးထက်စာရင် အခုဗိုင်းရပ်စ်ပိုးက ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားတဲ့ အခါမှာ သူက ကူးစက်မှုနှုန်း မြန်တယ်။ အဲဒါကြောင့်လည်း ပြည်သူလူထုတွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်လာတယ်။ စိုးရိမ်ကြောင့်ကြမှု တအားကြီးဖြစ်တာမျိုး မဟုတ်ပဲနဲ့လည်း ကိုယ်နေ့စဉ်လုပ်နိုင်နေကြ ဒီကာကွယ်နိုင်တဲ့ new normal life style နဲ့ပဲ ဖြတ်သန်းခြင်းအားဖြင့် ကျွန်တော်တို့က ဒီဗိုင်းရပ်စ်ကို တက်နိုင်တဲ့ ဘက်ကနေ တက်နိုင်သမျှ လျှော့ချလို့ ရပါနှတယ်။ မကြာခဏ လက်ဆေးမယ်။ mask ကို စနစ်တကျ စွန့်ပစ်မယ်။ စနစ်တကျ တပ်ဆင်မယ်။ ပြီးတော့ လူစုလူဝေးရှိတဲ့ နေရာတွေကို ရှောင်ရှားမယ်။ တကယ်လို့ မဖြစ်မနေ သွားရမယ်ဆိုလည်း တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်မနေပဲနဲ့ ၆ ပေအကွာကနေတွေ့ကြမယ်။ အဲဒီလိုမျိုး ဒီ precaution တွေကိုပဲ စနစ်တကျ သေသေချာချာ လိုက်နာပေးမယ်ဆိုရင်တော့ ဒီရောဂါပိုး ကူးစက်မှုကိုရော ကူးစက်နိုင်ချေကိုပါ အထိုက်အလျောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ပေးဖို့ကိုလည်း ကျွန်တော်က အကြံပြုချင်ပါတယ်။

ပိုးကလည်း ကူးစက်နှုန်း ဆယ်ဆမြန်တယ်ဆိုတော့ ပြင်းထန်မှုကရော ဘယ်လောက်အထိရှိမလဲ။

ဒီဗိုင်းရပ်စ်က ပုံစံပြောင်းပါတယ်။ အခုနကလည်း ရှင်းပြထားပါတယ်။ ပုံစံပြောင်းသွားတဲ့အခါမှာ သူရဲ့ ကူးစက် ပျံ့နှံ့နိင်စွမ်းက ဆယ်ဆလို့ ပြောတယ်။ ပိုပြီးတော့ ပျံ့နှံ့လွယ်သွားတယ်လို့ ပြောကြတယ်။ ဘာလို့လည်းဆိုရင် ဗိုင်းရပ်စ်ရှိတဲ့ ခန္ဒာကိုယ်မှာ နဂိုပိုးထက်စာရင် ဒီပိုးက ဗိုင်းရပ် ပမာဏ ပိုများလို့ ပိုပြီး ကူးစက်မြန်တယ်လို့ ပြောကြတာပါ။ ဒါပေမယ့် ပိုးရဲ့ ပြင်းထန်မှု ။ ဒီရောဂါရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်မှု ဘက်မှာတော့ ပြောင်းလဲတာမျိုး မရှိလို့ တအားကြီးပြင်းပြင်းထန်ထန် ထိခိုက်မယ်ဆိုတာမျိုးတော့ ယူဆစရာ မရှိပါဘူးး။ ကူးစက်လွယ်တယ်။ ပိုပြီး ကူးစက်နိုင်တယ်။ ဒါပေမယ့် သူရဲ့ ရောဂါ ပြင်းထန်နှုန်း ၊ အဲဒီပြင်းထန်နှုန်း တအားကြီး ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားတာ တအားကြီး ထိခိုက် တိုက်ခိုက်နိုင်တာ မရှိပါဘူးလို့ ပြောချင်ပါတယ်။

ကူးစက်မှုနှုန်း မြန်တယ်ဆိုပေမယ့် ပြည်သူတွေက အခုချိန်မှာ ထိတွေ့မှုတွေ ပိုများနေရတယ်။ ဥပမာ YBS စီးနင်းတာတွေမှာပေါ့။ အဲဒီအတွက် နှာခေါင်းစည်း mask တွေတပ်ယုံနဲ့ ကာကွယ်ဖို့ လုံလောက်ပြီလား။

ဟုတ်ကဲ့။ မြို့နေ လူထုတွေမှာတော့ အမျာသုံးနေရာတွေ၊ ဈေးတွေ၊ YBS တွေနဲ့ မဖြစ်မနေ သွားနေရတယ်။ မသွားမဖြစ် နေ့စဉ် ရုံးသမားမဟုတ်တောင် ရုံးမတက်လည်း ဈေးတော့ သွားနေရတယ်။ အဲဒိအတွက် mask တပ်တာတစ်ခုတည်းနဲ့ လုံလောက်လားဆိုတော့ mask တပ်တာက အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်သွားလာပြီးပြီဆိုရင်တော့ ဒီအပြင်ကို ထွက်တယ် သွားလာပြီးပြီဆိုရင် mask ကို တပ်ပြီးတော့ သွားလာတယ်ပေါ့။ အဲ့ တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ mask ကို စနစ်တကျ စွန့်ပစ်ရပါမယ်။ စနစ်တကျ တပ်ဆင်ရပါမယ်။ ပြီးတော့ mask ကို တပ်လိုက် ချွတ်လိုက် လုပ်တာမျိုး မရှိရပါဘူး။ ဆောင်ထားရုံနဲ့ မလုံလောက်ပါဘူး။ mask ကိုတပ်ပီးဆိုလည်း စနစ်တကျ တပ်ရမယ်။ ပြီးရင် စနစ်တကျ စွန့်ပစ်ရမယ်။ ပြီးတော့ ထိတွေ့ကိုင်တွယ်ထားတဲ့ လက်ကို စက္ကန့် နှစ်ဆယ်အကြာ သေချာဆေးရမယ်။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတွေကိုလည်း ရောက်တာနဲ့ သေချာ လျှော်ဖို့ ထားရမယ်။ အဲဒီတော့ ပြောထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာခဲ့မယ်ဆိုရင်တော့ ရောဂါကူးစက်မှုက ပိုပြီးတော့ နည်းသွားမှာပါ

ဆရာ့အနေနဲ့ရောဖြည့်စွက် ပြောချင်တာများ ရှိပါလား

ဟုတ်ကဲ့။ ကျွန်တော်တို့ကလည်း ဝန်ထမ်းတွေပါ။ ဝန်ထမ်းတွေဆိုတော့ YBS နေ့တိုင်းစီးရပါတယ်။ အဲဒီအတွက် နေ့တိုင်း YBS ပေါ်မှာ အမြင်မတော်တာတွေ မြင်တွေ့ရပါတယ်။ Mask တပ်ထားပေမယ့် တစ်ဦးနဲ့ တစ်ဦး ထိတွေ့မှုက ပိုများပါတယ်။ အဲဒီတော့ ကိုယ့်အလုပ်ရှင်ကို အလုပ်ချိန်ညှိပေးဖို့ ညှိနှိုင်းသင့်ပါတယ်။ ဥပမာ လူကြပ်တဲ့ အချိန်တွေဖြစ်တဲ့ မနက် ၉ နာရီဆိုရင် ဆယ်နာရီကို ချိန်ညှိပြီး အလုပ်ဆင်းချိန်ကို နောက်တစ်နာရီနောက်ဆုတ်လိုက်တာမျိုး ၊ ကားကြပ်ရင် ထိတွေ့မှု ပိုများတဲ့ အချိန်တွေကို ညှိပေးဖို့ ပြောကြည့်ပါ။ နောက်ပြီးတော့ mask ကိုစနစ်တကျ တပ်ပေးပါ။ နောက်တော့ hand gel တွေ မသုံးဖြစ်ကြတော့ဘူး။ ဆောင်တာတွေ နည်းလာပြီဆိုလည်း လက်ဆေးကန်တွေ့တာနဲ့ လက်ကို သေချာဆေးပေးပါ။ လက်ကိုတော့ မဖြစ်မနေ ဆေးကြေပေးပါ။ နောက်တော့ ကိုယ်ဝတ်လာတဲ့ အဝတ်အစားတွေကို အိမ်ရောက်တာနဲ့ တန်းလျှော်ပါ။ မလျှော်နိုင်ရင်တောင် လျှော်မယ့် နေရာဆီ သေချာလေး ထားပေးပါ။ ပြီးတာနဲ့ ရောချိုးပါ။ အဲဒီလိုတွေ လုပ်ပေးပါ။ နောက်ပြီးတော့ ကိုယ့်အိမ်မှာ သက်ကြီးရွယ်အိုတွေ၊ အဖိုးအဖွားတွေရှိရင် သူတို့နဲ့ တက်နိုင်သမျှ ခပ်ခွာခွာနေပါ။ အိမ်မှာလည်း Social Distanting ကို လုပ်ပါ။ ဘာလိုလည်းဆို သူတို့က ခုခံအားနည်းတော့ ရောဂါပိုး ကူးစက်မှု ပိုများနိင်လို့ပါ။ ဒါကတော့ ရုံးတက်ပြီး နေ့စဉ် အလုပ်တက်ရတဲ့ ပြည်သူတွေအတွက် ဖြည့်စွက်ပြောကြားချင်တာလေးပါ။

စာရေးဆရာ ဒေါက်တာ ခွန်းညိုသွေးဟာ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဆေးပညာမဟာသိပ္ပံ ( ဇီဝကမ္မ) ဘွဲ့လွန်ကို ရရှိထားပြီးလက်ရှိမှာတော့ ဆေးတက္ကသိုလ် ၂ ရန်ကုန်မှာ လက်ထောက်ကထိက အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ကျန်းမာရေးဆောင်းပါးတွေကို ရေးသားနေပြီး covid ရောဂါကာလမှာတော့ ရောဂါပိုးရဲ့ ပြောင်းလဲမှုများကို စောင့်ကြည့်ပြီး သတင်းအမှန်တွေ၊ ဆောင်းပါးတွေကို စာဖတ်သူတွေနဲ့ ထိတွေ့ခွင့်ရအောင် အခါအားလျော်စွာ ရေးသားလျက်ရှိပါတယ်။


 

Related Stories