HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကသစ်ရွက်က ကင်ဆာရောဂါပျောက်ကင်းနိုင်သလား

ကသစ်ရွက်ကို ထောင်းပြီး ထွက်လာတဲ့ အရည်ကို သောက်ပါက ကင်ဆာရောဂါပျောက်ကင်းနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Sept 2025 5:19 PM IST

ဒီအကြောင်းအရာကို ၂၀၁၉ ခုနှစ်လောက်ကတည်းက လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာ ရှိပါတယ်။ အခုလည်း 𝐀𝐋𝐈𝐍 𝐓𝐇𝐈𝐓 𝐌𝐞𝐝𝐢𝐚 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ စက်တင်ဘာ ၂၁ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ပင်စည်မှာ ဆူးတွေပေါက်နေတဲ့ အပင်တစ်ပင်ရဲ့ ပုံနဲ့အတူ 'အဲ့ဒီ့မှာ ကျမအဖေကို ဆရာဝန်ကမြန်မာ့ဆေးမြီးတို ညွှန်ပေးလိုက်ပါတယ်။ အဲ့ဒီံ့ဆေးနည်းနဲ့ ပျောက်ကင်းသွားတာပါ။ အဲ့ဒါဘာလဲဆိုတော့ ကသစ်ပင်လို့ခေါ်တဲ့ တစ်နည်းအားဖြင့် ကသစ်ဆူးပေါက်လို့လဲ ခေါ်ပါတယ်။ ကသစ်ပင်ရဲ့ ပင်စည်က ဆူးတွေအပြည့်ပါ။ ကသစ်ရွက်မှာ ရှိတဲ့ အကျောတွေမှာပါ ဆူးတွေရှိပါတယ်။ ကသစ်ရွက်ကို ဘာလုပ်ရမလဲဆိုတော့ ကသစ်ရွက် ရင့်ရင့်ကို ရေသန့်သန့်နဲ့ဆေးပါ ပြီးရင် ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ အရွက်ကြေတဲ့အထိ ဆူးတွေ ကြေတဲ့အထိ ထောင်းရပါမယ်။ ပြီးရင် ပိတ်ဖြူ သန့်သန့်နဲ့ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာလောက် ရအောင် အရည်ညှစ်ချပါ။ အဲ့ဒီအရည်ကိုတစ်နေ့လျင် သုံးကြိမ်မနက် နေ့လည် ည သုံးကြိမ် သောက်ပေးပါ။ ကင်ဆာရောဂါပျောက်ကင်းမယ်လို့ ယုံကြည်ပါတယ်။ လက်တွေ့ပျောက်ဖူးလို့ ဆေးနည်းတင်ပေးရခြင်း ဖြစ်ပါတယ်။ ဖြစ်နေတဲ့ သူတွေများရှိရင် တွေ့ခဲ့ရင် မျှဝေပေးကြပါ အန္တရာယ် မရှိပါဘူး' လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကသစ်ရွက်ကို ထောင်းပြီး ထွက်လာတဲ့ အရည်ကို သောက်ပါက ကင်ဆာရောဂါ ပျောက်ကင်းနိုင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ မှားယွင်းနေတဲ့ သတင်းမှားဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို AFP Factcheck က ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းမှာကတည်းက သတင်းဆန်းစစ်ချက် ပြုလုပ်ထားတာ တွေ့ရပါတယ်။

ဒီ သတင်းဆန်းစစ်ချက်ထဲမှာ AFP က ယူကေအခြေစိုက် ကင်ဆာရောဂါသုတေသနစင်တာ Cancer Research UK ရဲ့ ကင်ဆာအချက်အလက်ဆိုင်ရာ ကျွမ်းကျင်သူနာပြု Caroline Geraghty ကို မေးမြန်းထားရာ သူက ကသစ်ပင် (erythrina) က ကင်ဆာကို ထိထိရောက်ရောက် ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား မရှိသေးကြောင်း၊ သုတေသန ပြုလုပ်နေတာတွေဟာ အစောပိုင်းအဆင့်မှာပဲ ရှိသေးကြောင်း၊ ကသစ်ပင်က ကင်ဆာလူနာတွေအတွက် ဘေးကင်းပြီး အသုံးဝင်မှု ရှိ မရှိ ဆိုတာ သိရဖို့ နောက်ထပ်လေပလာမှုတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့ လိုအပ် နေသေးကြောင်း ပြန်လည်ဖြေကြားထားပါတယ်။


ဒါ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေကို ဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Meedan's Digital Health Lab ရဲ့ ပရိုဂရမ်မန်နေဂျာ Jenna Sherman က ကင်ဆာရောဂါကို ကုသရာမှာ အသုံးပြုဖို့ နိုင်ငံတကာ အစိုးရဆေးဝါးဦးစီးဌာနတွေက အတည်ပြုသတ်မှတ်ထားတဲ့ထဲမှာ ကသစ်ပင်ကနေ ပြုလုပ်ထားတဲ့ဆေးဝါး မရှိသေးဘူးလို့ သတင်းဆန်းစစ်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

AFP သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဆန်းစစ်မှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories