BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဂိမ်းကစားစဉ် အဆင်မပြေသဖြင့်...
Top Block

ဂိမ်းကစားစဉ် အဆင်မပြေသဖြင့် ဗုံးခွဲတယ်ဆိုတဲ့ သတင်းအမှား

ဂိမ်းကစားနေစဉ် အင်တာလိုင်းကျသွားတဲ့အတွက် မူဆယ်မြို့ရှိ MPT ဝန်ဆောင်မှုရုံးကို လက်လုပ်မိုင်းဖြင့် လာရောဖောက်ခွဲခဲ့တယ် ဆိုတဲ့ အချက်အလက်မှားယွင်းနေတဲ့ သတင်းတစ်ခု အွန်လိုင်းမှာ ပြန့်နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  16 April 2020 11:37 AM IST
  • ဂိမ်းကစားစဉ် အဆင်မပြေသဖြင့် ဗုံးခွဲတယ်ဆိုတဲ့ သတင်းအမှား
    ဒီပို့စ်မှာ ဂိမ်းကစားနေစဉ်အဆင်မပြေတာကြောင့် ဗုံးခွဲခဲ့တယ်ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ မြန်မာ့ဆက်သွယ်ရေး ဝန်းအတွင်းရှိ MPT မိုဘိုင်းဝန်ဆောင်မှုရုံးကို ဧပြီ (၁၂) ည ၁၀နာရီ ၄၀ မိနစ်အချိန်ခန့်က လက်ပစ်ဗုံးလို့ ယူဆရတဲ့ အရာနဲ့ ၂ ကြိမ်ပစ်ပေါက်ခံခဲ့ရပြီး ဘယ်သူတွေက ဘာကြောင့် ပြုလုပ်ခဲ့သလဲ ဆိုတာကို ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းဆဲဖြစ်တယ်လို့ မူဆယ်မြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက BOOM ကိုပြောကြားထားပါတယ်။

    အဆိုပါပို့စ်ကို Moe Tint Lwin ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှ ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ပိုစ့်မှာ မူဆယ် မြို့နယ်ရဲစခန်းမှူး ရဲမှူးအောင်ကျော်ဦး က ပြောကြားတယ် ဆိုတဲ့ စာပိုဒ်တစ်ခု ထည့်ထားပြီး စာပိုဒ်ပါအချက်အရ ဂိမ်းကစားနေတုန်း အင်တာနက်လိုင်းကျတဲ့ အတွက် မိုင်းခွဲခံရတယ်လို့ ထည့်သွင်းရေးသားခဲ့တာပါ။

    အဆိုပါ ဖြန့်ဝေမှုမှာ အပျော်သဘောဖြန့်ဝေမှုလား၊ အခြားရည်ရွယ်ချက် တစ်မျိုးမျိုးနဲ့ ဖြန့်ဝေခြင်းလားဆိုတာ ကို မသိရပေမယ့် စတင်ဖြန့်ဝေပြီး ၄ နာရီအတွင်း ဖြန့်ဝေသူ နှစ်သောင်းတစ်ထောင်ကျော်ထိရှိလာပြီး ယခု သတင်းရေးချိန်မှာ ဖြန့်ဝေသူ နှစ်သောင်းငါးထောင်တစ်ရာ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

    အထက်ပါ အင်တာနက်လိုင်းကျလို့ မိုင်းအခွဲခံရတယ်ဆိုတာနဲ့ပါတ်သတ်ပြီး BOOM က မူဆယ်မြို့နယ်ရဲစခန်း ကိုဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်မှူးမှ ထိုသို့ ပြောကြားထားခြင်းမရှိကြောင်း၊ စုံစမ်းဆဲသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

    အဆိုပါ ဖေ့ဘွတ် ပိုစ့် ရေးသားချက်များကို ဒီနေရာ တွင် ဖတ်ရှု့နိုင်ပါသည်။

    BOOM မှ အထက်ပါသတင်းနဲ့ပါတ်သတ်တဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ တရားဝင်သတင်းဌာနတွေက သတင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာလည်း အထက်ပါသတင်းမှားမှာပါဝင်သလို ဂိမ်းကစားတာနဲ့ဆက်စပ်ပြီး ဗုံးခွဲတယ်ဆိုတဲ့အချက်ကို မတွေ့ရှိခဲ့ပါဘူး။ Eleven Broadcasting မှ ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က တင်ထားတဲ့ သတင်းမှာလည်း ဘာကြောင့် ဖောက်ခွဲ့တယ်ဆိုတာ စုံစမ်းဆဲသာဖြစ်တယ်လို့ ပါရှိပါတယ်။


    Tags

    BombMuse
    Read Full Article
    Claim :   ဧပြီလ ၁၂ ရက်နေ့က မူဆယ်မြို့ မြန်မာ့ဆက်သွယ်ရေး ဝန်းအတွင်းရှိ MPT မိုဘိုင်းဝန်ဆောင်မှုရုံး ပေါက်ကွဲမှုဖြစ်ရခြင်းမှာ ဂိမ်းကစားနေစဉ် အင်တာလိုင်းကျသွားတဲ့အတွက် လာရောက်ဖောက်ခွဲခြင်းဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေတဲ့ Facebook ပိုစ့်မှားယွင်းနေကြောင်း Boom Myanmar က အချက်အလက်တွေ ရှာဖွေပြီး တင်ပြထားပါတယ်။
    Claimed By :  Facebook
    Fact Check :  Misleading
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!