BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဆိုင်ကယ်တွေနဲ့ ပါတီအလံဓါတ်ပုံ...
Top Block

ဆိုင်ကယ်တွေနဲ့ ပါတီအလံဓါတ်ပုံ မူရင်းက ဘယ်ပုံလဲ

ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ ပါတီအလံ လွှင့်ထူပြီး စီးနေတဲ့ ဆိုင်ကယ်တွေနဲ့ ပက်သက်ပြီး Photoshop နဲ့ ပြုပြင်ကာ နောက်ပြောင် ဖြန့်ဝေထားတဲ့ ဓါတ်ပုံတချို့ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  3 Sept 2020 2:01 PM IST
  • ဆိုင်ကယ်တွေနဲ့ ပါတီအလံဓါတ်ပုံ မူရင်းက ဘယ်ပုံလဲ

    အဆိုပါ ပြုပြင်ထားတဲ့ ဓါတ်ပုံတွေကို Myo Myint Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၃၁ ရက်နေ့ ည ၆ နာရီ ၇ မိနစ်မှာ ပြည်ခိုင်ဖြိုးပါတီချစ်သူများ USDP Group ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ၎င်းဖြန့်ဝေထားတဲ့ ဓါတ်ပုံထဲမှာ Biker (၃) ဦးက တောင်တန်းဒေသ တစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီ အလံ လွှင့်ထူပြီး ဆိုင်ကယ်အလှပြ စီးနေကြပြီးတော့ အဆိုပါ ဓါတ်ပုံ နဲ့အတူ "ကဲ Biker ကြီးတွေကတော့ ပြည်ခိုင်ဖြိုကို အပြည့်အဝ ဝင်းရန်လိုက်ပါပီ" ဆိုတဲ့ စာကို ရေးတင်ထားပါတယ်။

    အဆိုပါ ဓါတ်ပုံကို အသုံးပြုပြီး ရေးတင်ထားတဲ့ ပိုစ့်ကို like လုပ်ထားသူ ၈၀၀ ကျော်ရှိနေပြီး Comment ရေးသားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှသူ ၄၀ ကျော် ရှိနေပါတယ်။ အဆိုပါ Post ကို နောက်ပြောင် ဖြန့်ဝေသူများ ရှိသလို တကယ်ပုံအစစ်ထင်ကာ ဖြန့်ဝေနေသူများလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Myo Myint Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ USDP ပါတီကို Biker တွေ ဝန်းရံပြီဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါမှာ အဆိုပါ ဓါတ်ပုံတွေဟာ Photoshop နဲ့ ပြုပြင်ထားတဲ့ ဓါတ်ပုံတွေ ဖြစ်တာကို တွေ့ရပါတယ်။

    တကယ်တော့ အဲ့ဒီ ဓါတ်ပုံတွေဟာ ကလောမြို့က Ride Behind Kalaw အဖွဲ့ရဲ့ ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။ မူရင်းဓါတ်ပုံတွေဟာ NLD ပါတီအလံကို လွှင့်ထူပြီး Biker တွေ ဆိုင်ကယ်စီးနေတဲ့ ပုံတွေ ဖြစ်ပါတယ်။ အဲ့ဒီ NLD ပါတီ အလံတွေ လွှင့်ထားတဲ့ ပုံတွေနဲ့ အတူ Ride Behind kalaw အဖွဲ့က "အောင်လံခိုင်ဖို့ မဲပေးစို့ပါဗျာ။ ဒီလိုပုံတွေကို ရွေးကောက်ပွဲနားနီးရင် ရိုက်ကြမယ်ဆိုပြီး အားခဲထားခဲ့ကြပါတယ်။ အခုတော့ ရိုက်ဖြစ်ပါပြီ။ ပုံအားလုံးကို Credit ပေးပြီး ကူးယူအသုံးပြုနိုင်ပါတယ်" လို့ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ရေးတင်ခဲ့ပါတယ်။

    Ride Behind Kalaw အဖွဲ့ရဲ့ မူရင်း ဓါတ်ပုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။


    လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့နေတဲ့ USDP ပါတီ အလံ တပ်ပြီး ဆိုင်ကယ် စီးနေတဲ့ ပုံတွေဟာ Photoshop နဲ့ ပြုပြင်ထားတဲ့ ပုံတွေ ဖြစ်ပြီး မူရင်း ပုံတွေဟာ NLD ပါတီ အလံ လွှင့်ထူထားတဲ့ ပုံတွေသာ ဖြစ်ပါတယ်။

    Tags

    Fake newsBiker in KalawUSDP flagNLD flagedited photoသတင်းအတုပြုပြင်ထားတဲ့ပုံNLD အလံပြည်ခိုင်ဖြိုးအလံကလောမှ Biker
    Read Full Article
    Claim :   Myo Myint Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ USDP ပါတီကို Biker တွေ ဝန်းရံပြီဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!