BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • Covid-19 ဟာ AIDS နဲ့ SARS ရောဂါ...
Top Block

Covid-19 ဟာ AIDS နဲ့ SARS ရောဂါ ပေါင်းစပ်ထားတဲ့အသွင်ရှိတယ်ဆိုတဲ့ သတင်းအမှား

လူမှု ကွန်ယက်ပေါ်မှာ ကိုရိုနာရောဂါပိုးဟာ AIDS နဲ့ SARS ရောဂါ ပေါင်းစပ်ထားတဲ့သဏ္ဌာန်ရှိတယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေကို လူပေါင်းများစွာက ဖြန့်ဝေရေးသားနေကြပါတယ်။

By - Boom Live Myanmar |
Published -  10 Sept 2020 11:47 AM IST
  • Covid-19 ဟာ AIDS နဲ့ SARS ရောဂါ ပေါင်းစပ်ထားတဲ့အသွင်ရှိတယ်ဆိုတဲ့ သတင်းအမှား

    ဒီလိုရေးသားဖြန့်ဝေမှုတွေကို တခြားနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ မေလ ခန့်က စတင်ဖြန့်ဝေမှုတွေ ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ စက်တင်ဘာလ လဆန်းပိုင်းမှာ ပြန်လည် ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

    စက်တင်ဘာလ ၅ ရက်နေ့မှာ Nay Zin Latt ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အဲ့ဒီကောလဟာလကို ပြန်တင်ထားတာ တွေ့ရပြီး ၎င်းပိုစ့်ရဲ့ ထိပ်ဆုံးမှာ "အရေးပေါ်သတင်း" လို့ အစချီရေးသားထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ အခုလိုရေးသားထားတာဖြစ်ပါတယ်။

    "ကြောက်ဖို့တော့ ကောင်းနေပါပြီ။ NTU (National Taiwan University) ၏ ဆရာဝန်အသင်းအဖွဲ့မှ အများပြည်သူ သုံးသပ်ဆင်ခြင်နိုင်ရန် မှာကြားချက် Chen Yu Neng။ "ဒီတစ်နှစ်အတွင်း" COVID-19 ရောဂါ ကူးစက်ခံထားရဖူးသူတို့နှင့် အနီးကပ်ထိတွေ့ခြင်း၊ တွေ့ဆုံခြင်းနှင့် မိတ်ဆုံစားပွဲပြုလုပ်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားပါ။ ကာကွယ်စောင့်ရှောက်သည့်အမြင် ထားရှိပြီး လုံးဝမပေါ့ဆသင့်ပါ။ သေဆုံးသူအလောင်းခွဲစိတ်စစ်ဆေးချက်အရ (1) ပြင်းထန်သော COVID-19 ရောဂါလက္ခဏာမှာ "SARS နှင့် AIDS တို့ ပေါင်းစပ်ထားသောပုံစံ" နှင့် သဏ္ဌာန်တူနေသည်။ ဆရာဝန်အများစုယူဆချက်အရ ဆေးရုံဆင်းပြီးသောလူနာများ၏ Nucleic Acid စစ်ဆေးချက်များ positive ပြန်ဖြစ်ပေါ်ရခြင်းမှာ ရောဂါပြန်လည်ဖြစ်ပေါ်ခြင်းမဟုတ်ပဲ အမြစ်ပြတ်အောင် မကုသနိုင်ခြင်းကြောင့်သာဖြစ်သည်။ ဒီအချက်ဟာ COVID-19 ၏ သွင်ပြင်လက္ခဏာနှင့် ဆက်စပ်နေပါသည်။ လို့ထည့်သွင်းရေးသားထားပြီး အဆိုပါအကြောင်းအရာကိုရေးသားထားတဲ့တစ်ပုဒ်လုံးမှာတော့အချက်လေးငါးချက်ကိုစုစည်းရေးသားထားတာဖြစ်ပါတယ်။

    အသေးစိတ်ရေးသားထားချက်ကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    ဒီ အကြောင်းအရာကိုမူရင်းရေးသားသူဟာ May Khine Chan ဆိုတဲ့အကောင့်ဖြစ်ကြောင်း ကူးယူဝေမျှသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေမှာ ကိုးကားထည့်သွင်းထားပါတယ်။ အဆိုပါသတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကနေ ဖြန့်ဝေထားကြတာဖြစ်ပြီးတော့ ပေ့ချ်တွေနဲ့ မီဒီယာအမည်ခံ သတင်းဝဘ်ဆိုက်တွေကလည်းကူးယူဖေါ်ပြထားတာကြောင့် လူမှုကွန်ယက်ပေါ်မှာ အဆိုပါ ကောလဟာလ ဟာ လူပေါင်း သိန်းချီအထိ ပျံ့နှံ့နေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ ထိုင်ဝမ်အမျိုးသားတက္ကသိုလ် (National Taiwan University) က ကိုရိုနာရောဂါပိုးဟာ AIDS နဲ့ SARS ရောဂါပိုးတို့ ပေါင်းစပ်ထားတဲ့ အသွင်ရှိတယ်လို့ သုတေသန စာတမ်းရေးသား ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    ယခုကိုးကားထားတဲ့သတင်းမှာပါဝင်တဲ့ ထိုင်ဝမ်အမျိုးသားတက္ကသိုလ် (National Taiwan University) က အဆိုပါ သုတေသနစာတမ်းကို ရေးသားထုတ်ပြန်ခဲ့ခြင်း မရှိဘူးလို့ ထိုင်ဝမ်က သတင်းအမှားစောင့်ကြည့်တိုက်ဖျက်ရေးအဖွဲ့ Taiwan FactCheck Center က ဧပြီလ ၂၄ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ ၎င်းတို့ရဲ့ သတင်းဆန်းစစ်ချက်တွေကို ဖော်ပြထားပါတယ်။

    ဒီထုတ်ပြန်ချက် အပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။


    Boom Myanmar က အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ရေးသားထားတဲ့ အဓိကအကြောင်းအရာ တစ်ချက်ကို Google Translate မှာ ဘာသာပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်။


    ဒါ့အပြင် National Taiwan University Hospital က ဧပြီလ ၁၆ ရက်နေ့မှာ အဆိုပါ အကြောင်းအရာကို ၎င်းတို့ထံမှ မည်သည့် ဆရာဝန်ကမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသလို ဒီသတင်းအမှားမှာ ဖော်ပြထားတဲ့ ဆရာဝန်အဖွဲ့လည်း မရှိဘူးလို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီကြေငြာချက်ကို ဒီမှာ ဖတ်နိုင်ပါတယ်။


    ဒီရေးသားဖြန့်ဝေမှုဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ရှေ့တန်းဆရာဝန် ဒေါက်တာ Peng Zhiyong ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုပြီး နောက်ပိုင်းမှာ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ Dr. Peng Zhiyong က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ Global Time သတင်းဌာနကို ကိုရိုနာရောဂါပိုးဟာ SARS ရောဂါနဲ့ AIDS ရောဂါတို့ ပေါင်းစပ်ပြီး ဖြစ်လာနိုင်တယ်လို့ ၎င်းရဲ့ ထင်မြင်ယူဆချက်ကို ပြောခဲ့ပါတယ်။

    Global Time မှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒါပေမယ့် ဆေးပညာ အသိုင်းအဝိုင်းက သုတေသနပညာရှင်တွေကတော့ လက်ရှိမှာ ကိုရိုနာရောဂါပိုး အကြောင်းကို ပိုမိုသိရှိနားလည်ဖို့ ကြိုးစားနေဆဲသာ ဖြစ်ပြီး Dr. Peng Zhiyong ရဲ့ ပြောကြားချက်ဟာ ၎င်းရဲ့ ထင်မြင်ယူဆချက် သက်သက်သာဖြစ်ပြီး ခိုင်လုံတဲ့ သုတေသန ပြုလုပ်ထားခြင်း မရှိတဲ့အတွက် ခိုင်မာမှု မရှိဘူးလို့ ဆိုကြပါတယ်။

    ဒါ့ကြောင့် ဒီရက်ပိုင်းအတွင်း ပြန်လည် မျှဝေနေတဲ့ ကိုရိုနာရောဂါပိုးဟာ AIDS နဲ့ SARS ရောဂါပိုး ပေါင်းစပ်ထားတာ ဆိုတဲ့ အချက်ဟာ Taiwan University Hospital က ပြောဆိုခဲ့ခြင်း မရှိသလို အဲ့ဒါနဲ့ ပက်သက်ပြီး ခိုင်မာတဲ့ သုတေသနပြုလုပ်ထားတာလည်းမရှိတာကြောင့်ဒီသတင်းဟာ ကောလဟာလ သတင်းအမှား တစ်ပုဒ်သာဖြစ်ကြောင်းဖေါ်ပြလိုက်ပါတယ်။




    Tags

    false newsCovid-19combinationAIDS and SARSကိုရိုနာမြန်မာAIDS နဲ့ SARS ရောဂါပေါင်းစပ်သတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ ထိုင်ဝမ်အမျိုးသားတက္ကသိုလ် (National Taiwan University) က ကိုရိုနာရောဂါပိုးဟာ AIDS နဲ့ SARS ရောဂါပိုးတို့ ပေါင်းစပ်ထားတဲ့ အသွင်ရှိတယ်လို့ သုတေသန စာတမ်းရေးသား ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!