BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • Zarni Tike ဖေ့စ်ဘွတ်ပေ့ချ်ကနေ...
Top Block

Zarni Tike ဖေ့စ်ဘွတ်ပေ့ချ်ကနေ မှားယွင်းဝေမျှထားတဲ့ PPP ပါတီဥက္ကဌ ပြောစကား

လူမှုကွန်ယက်ပေါ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီခေါင်းဆောင်ရဲ့ ဓါတ်ပုံတစ်ပုံကို ပြုပြင်ပြီး ဝေဖန်ရေးသားထားတဲ့ သတင်းအမှားတစ်ပုဒ် ပျံ့နှံ့ ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  3 Sept 2020 1:46 PM IST
  • Zarni Tike ဖေ့စ်ဘွတ်ပေ့ချ်ကနေ မှားယွင်းဝေမျှထားတဲ့ PPP ပါတီဥက္ကဌ ပြောစကား

    ဒီဓါတ်ပုံကို လူမှုကွန်ယက်မှာလူသိများထင်ရှားတဲ့ Zarni Tike ဆိုတဲ့ ကမှားယွင်းဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    သတင်းအမှားကို သြဂုတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၃ မိနစ်မှာ ရေးသားဝေမျှခဲ့တာ ဖြစ်ပြီး ၎င်း သတင်းအမှားထဲမှာ အသုံးပြုထားတဲ့ပုံဟာ Photoshop နဲ့ပြုပြင်ထားတဲ့ပုံတစ်ပုံသာဖြစ်ပါတယ်။

    Zarni Tike ရေးသားဝေမျှထားတဲ့အကြောင်းအရာနဲ့အတူအသုံပြုထားတဲ့ဓါတ်ပုံမှာ အောက်ပါစာသားတွေပါဝင်ပါတယ်။

    "အခုကာလက ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလ ပေါ့နော်။ ဒီနေရာမှာ ပြည်သူများကို ကျမပြောချင်တာက ကျမတို့ ပါတီဟာ တခြားပါတီတွေလို ကျမတို့ ပါတီကိုပဲ မဲထည့်ကြပါလို့ အတင်းမတိုက်တွန်းပါဘူး။ ဒီလို တိုက်တွန်းတာဟာ သိက္ခာမဲ့တယ်လို့ ခံစားရလို့ပါ။ ကျမကတော့ ဦးနှောက်ရှိတဲ့ ပြည်သူတွေ အမှားအမှန် ခွဲခြားပြီး မဲထည့်တာကိုပဲ ယုံကြည်မျှော်လင့်မှာပါ" လို့ ရေးသားထားတဲ့စာသသားတွေပါဝင်ပါတယ် အဆိုပါ ဓါတ်ပုံနဲ့အတူ Zarni Tike ကပြန်လည်ရေးသားဖြန့်ဝေရာမှာ ပုံပေါ်အှာပါနဲ့ပြောစကားအမှားကို ကိုးကားပြီး ပြန်လည်ဝေဖန်သုံးသပ်ချက်တစ်ခုကို ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    Zarni Tike page က ရေးသားထားတဲ့အကြောင်းအရာကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

    "တကယ်တော့ ဒီစကားဟာ ဒေါ်စုကို ရွဲ့ပြောတာဆိုတာ ထင်ရှားပါတယ်။ ဒေါ်စုဟာ ရွေးကောက်ပွဲမှာ သူ့ပါတီကို မဲထည့်ကြဖို့ ပြည်သူတွေကို တိုက်တွန်းလေ့ ရှိပါတယ်။ ဒေါ်သက်သက်ခိုင်ရဲ့ ဒီစကားအတွက်နဲ့တော့ ဝေဖန်စရာတွေ အများသားပါ။ ၁။ ဒေါ်သက်သက်ခိုင်ကတော့ ဒီစကားဟာ အတင်းတိုက်တွန်းရာရောက်လို့ သိက္ခာမဲ့တယ်လို့ ယူဆတယိလို့ ဆိုပါတယ်။ ဒါပေမယ့် တွေးကြည့်မယ်ဆိုရင်တော့ ဒီစကားဟာ မဲဆန္ဒရှင်တွေကို အတင်းတိုက်တွန်းရာမရောက်ပဲေ မတ္တာရပ်ခဲ့တဲ့ သဘောမျှသာဖြစ်လို့ သိက္ခာမဲ့တယ်လို့ ယူဆစရာမရှိပါဘူး။ဘာလို့လဲဆိုတော့ ပါတီဆိုတာ အစိုးရမဟုတ်ပါဘူး။ ပါတီအနေနဲ့ပြောတာကလဲ အစိုးရအနေနဲ့ပြောတာမဟုတ်လို့ ပြည်သူတွေက ကြောက်စရာလဲမလိုသလို လိုက်နာချင်မှလဲ လိုက်နာရုံပါပဲ။မလိုက်နာရင်လဲ ပါတီက ဘာမှလာလုပ်လို့မရဘူးဆိုတာ……စသည်ဖြင့် အချက်ပေါင်း ၅ချက်ဖြင့် ဝေဖန်ရေးသားထားတာဖြစ်ပါတယ်။ တကယ်တော့ Zarni Tike ဝေဖန်ရေးသားတဲ့အကြောင်းအရာမှာပါဝင်တဲ့ ဓါတ်ပုံပေါ်က စာသားတွေဟာ ဒေါ်သက်သက်ခိုင်ပြောကြားထားဖူးခြင်းမရှိတဲ့ စကားစုတွေဖြစ်သလို Zarni Tike က အဆိုပါ အကြောင်းအရာကို မှားယွင်းဝေဖန်ခဲ့တာဖြစ်ပါတယ်။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Zarni Tike ဖေ့စ်ဘွတ် ပေ့ချ်ကတဆင့်ထပ်င့်ဝေမျှသူ ၃၀၀ ကျော် ရှိနေပြီး တခြား ဖေ့စ်ဘွတ်အကောင့် ပေါင်းများစွာက ပြန်တင်ထားကြပါတယ်။


    သတင်းဆန်းစစ်ချက်

    Zarni Tike ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီနာမည်နဲ့ ဓါတ်ပုံပေါ်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ PPP ပါတီက ပြောရေးဆိုခွင့်ရှိသူ မငုဝါ ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ အဆိုပါ သတင်းဟာသတင်းအမှားသာ ဖြစ်တယ်လို့ အတည်ပြုပြောကြားပါတယ်။

    မူရင်း ဓါတ်ပုံဟာ Myanmar National Post မှာ ဖော်ပြခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာဒေါ်သက်သက်ခိုင် နဲ့ အင်တာဗျူးထားတဲ့ အကြောင်းအရာ ဖြစ်ပြီး အဆိုပါ ဓါတ်ပုံကို စာသား ပြောင်းရေးပြီး သတင်းအမှား ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံရဲ့ မူရင်း Link ကို ဒီမှာ ကြည့်နိုင်ပါတယ်။


    ဒါ့အပြင်ဒီအကြောင်းအရာကို ဆန်းစစ်ဖို့ PPP ပါတီ ဥက္ကဌ ဒေါက်တာဒေါ်သက်သက်ခိုင်ကိုလည်း Boom Myanmar က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလိုဖြေထားပါတယ်။ "Myanmar National Post မှာ ကျွန်မပြောထားတာကို မဟုတ်ဘဲနဲ့ ပြောသလိုလိုနဲ့ အနှစ်ချုပ် ကို အမှားတွေ ရေးပြီးတင်တာလေ။ ကျွန်မ မပြောထားတာကို ကျွန်မ ပြောထားတဲ့ ပုံနဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ သူတို့ မဟုတ်မမှန် ရေးသားတာကတော့ စေတနာ မမှန်ဘူးပေါ့နော်။ ဘာကြောင့်လဲ ကတော့ ဒါက သိသာတာပဲလေ။ ဇာနည်ထိုက် ဆိုတာ သူ ဘာတွေ လုပ်နေလဲ ဆိုတာ မြန်မာတစ်ပြည်လုံးလဲ သိနေတာပဲလေ" လို့ ပြောပါတယ်။

    အဆိုပါ သတင်းအမှားတင်ထားတဲ့ Zarni Tike ဆိုတဲ့ ဖေ့စ်ဘွတ် ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ ၎င်း Page ဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ စတင်ပြုလုပ်ထားတာ တွေ့ရပြီး Page Admin အဖြစ် မြန်မာနိုင်ငံမှ facebook အကောင့် (၄) ခု၊ သြစတေးလျမှ (၃) ခု၊ မလေးရှားမှ အကောင့် (၁) ခု စုစုပေါင်း facebook အကောင့် (၈) ခုနဲ့ အသုံးပြုနေတာကို တွေ့ရပါတယ်။

    Tags

    spreading fake newsPPP partyZarni Tike's Facebook pageသတင်းအမှားပြည်သူ့ရှေ့ဆောင်ပါတီဇာနည်ထိုက်ဖေ့စ်ဘွတ်ပေ့ချ်
    Read Full Article
    Claim :   Zarni Tike ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီနာမည်နဲ့ ဓါတ်ပုံပေါ်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို Boom Myanmar က PPP ပါတီ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!