BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • သေနတ်သမားကြည်လင်း လွတ်တဲ့သတင်း...
Top Block

သေနတ်သမားကြည်လင်း လွတ်တဲ့သတင်း မမှန်

"သေချာပေါက်ပြောနိုင်တာကတော့လွတ်ငြိမ်းကြောင့်တော့ကြည်လင်းက လွတ်မလာနိုင်ဘူး"

By - Boom Live Myanmar |
Published -  12 Feb 2021 4:02 PM IST
  • သေနတ်သမားကြည်လင်း လွတ်တဲ့သတင်း မမှန်

    လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဦကိုနီလုပ်ကြံခံရမှုတရားခံကြည်လင်းပြန်လွတ်လာပြီဆိုတဲ့ သတင်းတွေဟာ တရားဝင်သတင်းဌာနတွေကအတည်ပြုထားခြင်းမရှိသလို ဥပဒေပညာရှင်အချို့ကလည်းဒီသတင်းအပေါ်ငြင်းဆိုထားပါတယ်။

    လူမှုကွန်ရက်မှာပျံ့နှံံ့နေတဲ့ပုံဟာ ကြည်လင်းကိုရုံးထုတ်စဉ်က RFA သတင်းဌာနက ရိုက်ကူးခဲ့တဲ့ပုံတစ်ပုံကိုအသုံးပြုပြီးပြန်လည်ဖြန့်ဝေနေကြတာသာဖြစ်ပြီး ကြည်လင်းလွတ်မြောက်လာတယ်ဆိုတဲ့ ဓါတ်ပုံနဲ့သတင်းတွေဟာ တရားဝင်သတင်းဌာနတွေကဖေါ်ပြရေးသားထားတာလည်းမရှိသေးပါဘူး။

    လက်ရှိပျံံ့နေတဲ့ ကောလဟာလတွေနဲ့ပတ်သက်လို့ ဥပဒေပညာရှင်ဖြစ်သူ ဦးခင်မောင်မြင့်နဲ့ Boom ကဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားထားပါတယ်။

    "ကြည်လင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့နောက်ဆုံးသိလိုက်တာတော့ သူက အယူခံမှာ သေဒဏ်ကနေ တသက်တကျွန်းပြောင်းထားတယ်ပေ့ါ။ ဒီနေ့လွတ်ငြိမ်းမှာ ကျွန်တော်တို့တွေ့ထားတာက ဒေါက်တာအေးမောင်တို့ သူနဲ့အတူတူကျတဲ့ ဒေါက်တာဝေဟင်အောင်တို့ ဒါတော့ကျွန်တော်တို့တွေ့တယ်။ သေချာပေါက်ပြောနိုင်တာကတော့လွတ်ငြိမ်းကြောင့်တော့ကြည်လင်းက လွတ်မလာနိုင်ဘူး။လွတ်ငြိမ်းအရဆိုရင်တစ်သက်တကျွန်းကနေဆယ်နှစ်ပြောင်းတယ်။ ဆယ်နှစ်ပြောင်းမယ်ဆ်ိုရင်တောင်အနည်းဆုံးထောင်ထဲမှာခြောက်နှစ်ရှစ်လနေကိုနေရမယ်။ အကျဉ်းထောင်လက်စွဲဥပဒေအရ။ခုလက်ရှိရှိနေတာကလေးနှစ်ပဲရှိတဲ့အတွက်နောက်ထပ် နှစ်နှစ်ခြောက်လလောက်ကျခံဖို့ကျန်မယ်" လို့ဖြေကြားခဲ့ပါတယ်။

    ဦးကိုနီကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့တရားခံကြည်လင်းကို ၂၀၁၉ ဖေဖေါ်ဝါရီလအတွင်းက မြောက်ပိုင်းခရိုင်တရားရုံးက ပုဒ်မ - ၃၀၂ (၁)(ခ)၊ ၃၄/၃၀၂ (၂) အရ ကြိုးမိန့်နဲ့သေဒဏ်ချမှတ်ခဲ့တဲ့အပြင်၊ လေဆိပ်က တက္ကစီယာဉ်မောင်း ကိုနေဝင်းကို သတ်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ပူးတွဲချမှတ်ခဲ့ပါတယ်။ဒါ့အပြင် လက်နက်ကိုင်ဆောင်မှု ၁၉(ဃ)(စ) အရ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

    အာဏာသိမ်းအစိုးရက လက်ရှိအကျဉ်းထောင်အသီးသီးမှာပစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားသောင်းချီကို ဒီနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

    Tags

    Kyi LinMyanmaar Military CoupU Ko Ni
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!