BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်အမည်ဖြင့်...
Top Block

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်အမည်ဖြင့် သတင်းအမှားများအား တက္ကသိုလ်ဖက်မှတုံ့ပြန်

ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့ အချက် ၁၅ ချက်မှ ၁၈ ချက်အထိပါဝင်သော ကြိုတင်ကာကွယ်ရေး ကြေငြာချက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် မှ ြင်းဆိုလိုက်ပါတယ်။

By - Boom Live Myanmar |
Published -  21 April 2020 8:22 PM IST
  • ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်အမည်ဖြင့် သတင်းအမှားများအား တက္ကသိုလ်ဖက်မှတုံ့ပြန်
    ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်အမည်ပါဝင်သည့် သတင်းအမှားများကို ဘာသာပြန်ဆိုရေးသားချက်များ။

    ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါနဲ့ ပါတ်သတ်ပြီး ကြိုတင်ကာကွယ်မှုများနဲ့ သိပ္ပံနည်းကျပြောဆိုချက်များကို ပါင်းစပ်ထုတ်ပြန်ထားသော အချက် ၁၅ ချက်မှ ၁၈ ချက်အထိပါဝင်တဲ့ ကြေငြာချက်ကို မိမိတို့ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။

    ဆိုရှယ်မီဒီယာမှာ PDF ဖိုင်အနေဖြင့် ပျံ့နှံ့နေတဲ့ အဆိုပါစာရင်းဟာ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် ကူးစက်ရောဂါဌာန ပါမောက္ခရဲ့ သမီးဖြစ်သူ ဒေါက်တာ အိုင်ရင်းကန့် ထံမှ ဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    အဆိုပါရေးသားချက်များသည် ဗိုင်းရပ်စ်ဖွဲ့စည်းပုံကနေ တည်ရှိပုံအထိ ရေးသားထားပြီး ဗိုင်းရပ်စ်ပိုးများသည် လက်ကြားများတွင်း ဝင်ရောက်နေနိုင်တဲ့ အတွက် လက်ကို မကြခန ဆေးကြောရန်နဲ့ သို့မှသာ လက်သည်းများကြားမှာ မနေနိုင်မှာ ဆိုတဲ့ အကြံပြုချက်များ ရေးသားထားတာဖြစ်ပါတယ်။

    ကြေငြာချက်ပါ အချက်များကို ကောက်နှှုတ်ပြမယ်ဆိုရင်၊

      • Virus သည် သက်ရှိ Organism တစ်ခု မဟုတ်ပါ သို့သော် ပရိုတင်းမော်လီကျူး (ဒီအင်အေ) တစ်ခုဖြစ်ပါသည်။ ဤမော်လီကျူးသည် အကာအကွယ်အလွှာဖြင့် ဖုံးအုပ်ထားပြီး Ocular, nasal, သို့မဟုတ် buccal mucosa ခေါ်သော cell အားဖြင့် စုပ်ယူလိုက်တဲ့အခါမှာ သူတို့၏ မျိုးရိုးဗီဇကုဒ်ကို ပြောင်းလဲစေပြီး aggressor နှင့် multiplier cell အဖြစ် ပြောင်းလဲ‌စေသည်။
      • ဗိုင်းရပ်စ်သည်ကျန်းမာသောအသားအရေကိုမဖြတ်သန်းနိုင်ပါ။
      • ၎င်းvurus တွင် ပါဝင်သောမည်သည့်အရာဝတ္ထုကို မဆို ခရမ်းလွန်‌ရောင်ခြည်သည် ဗိုင်းရပ်စ်ပရိုတိန်းကို ဖြိုခွဲပျက်စီး‌စေပါသည်။ ဥပမာ - ပိုးသတ်ရန် ခရမ်းလွန်ရောင်ခြည်ကို သုံးရာတွင် အရေးအကြောင်းများအတွင်းရှိ ကော်လာဂျင် (ပရိုတိန်းဖြစ်သော) ကိုဖြိုဖျက်ရာ နောက်ဆုံးတွင်အရေးအကြောင်းများနှင့် အရေပြားကင်ဆာ ဖြစ်စေနိုင်ပါသည်။

      အဆိုပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက လူမှူကွန်ရက်တွေမှာထပ်ဆင့်ရေးသားတာတွေရှိသလို မြန်မာနိုင်ငံမှာလည်း ဘာသာပြန်ဆိုရေးသားချက်တွေရှိနေခဲ့ပါတယ်။

      ဖြန့်ဝေရေးသားမှုအချို့ကို အောက်တွင်ကြည့်ရှု့ပါ။



      WhatsApp မှာ ဖြန့်ဝေနေတဲ့ ကြေငြာချက်ကို PDF ဖိုင်ပုံစံနဲ့ ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်။

    ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်ပြီး သတင်းအမှားများစွာ ဖြန့်ဝေခြင်း ခံနေရပါတယ်။ တက္ကသိုလ် အနေနဲ့ ကမ္ဘာတဝှမ်းက COVID-19 ရောဂါဖြစ်ပွားမှုတွေနဲ့ သေဆုံးမှုတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ကြည့်ရှု့နိုင်တဲ့ အချက်အလက်စင်တာ တစ်ခုကိုလည်း လွှင့်တင်ပေးထားပါတယ်။ တက္ကသိုလ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကူးစက်မှုအခြေအနေတွေကို ကြည့်ရှု့နိုင်တဲ့ ဆေးဘက်ဆိုင်ရာနဲ့ လူမှုရေးလမ်းညွှန်ချက် တွေအပြင် ရောဂါဖြစ်ပွားမှု အခြေအနေ အချက်အလက် တွေထုတ်ယူနိုင်တဲ့ ဒေတာစင်တာ တစ်ခုကိုလည်း တည်ထောင်ထားပါတယ်။

    သတင်းဆန်းစစ်ချက်

    တက္ကသိုလ် အနေနဲ့ ဒီပျံ့နှံ့နေတဲ့ သတင်းဟာ မှားယွင်းနေတယ်လို့ တွစ်တာကတဆင့် မတ်လ ၂၈ ရက်မှာ ငြင်းဆိုထားပါတယ်။


    ဧပြီ ၄ ရက်နေ့မှာ ဘလော့ပို့စ်တစ်ခုကနေ တက္ကသိုလ်က ရေးသားထားတာက " Virus သည် သက်ရှိ Organism တစ်ခု မဟုတ်ပါ" ဆိုတဲ့ စာသားနဲ့စထားတဲ့ အချက် ၂၀ နီးပါးပါတဲ့ ကြေငြာချက်ဟာ ဂျွန်ဟော့ပ်ကင်းနဲ့ ဆက်စပ်မှုမရှိပါဘူး။ ဖြန့်ဝေရာမှာ တချို့ပို့စ်တွေမှာ ဂျွန်ဟော့ပ်ကင်းက ဆရာဝန် (သို့) ရောဂါဗေဒပညာရှင် (သို့) ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် ကူးစက်ရောဂါဌာန ပါမောက္ခရဲ့ သမီးဖြစ်သူ ဒေါက်တာ အိုင်ရင်းကန့် ဆိုပြီး ရေးသားဖြန့်ဝေတေယ်လို့ ဘလော့မှာ ရေးသားထားပါတယ်။

    ဘလော့မှာဖော်ပြတဲ့ ရေးသားမှုများတွင် အင်တာနက်သုံးစွဲသူများအနေနဲ့ သတင်းအချက်အလက်များကို ရယူလိုပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့လိုအဖွဲ့အစည်းတွေ၊ ရောဂါထိန်းချုပ်ရေးနှင့်ရောဂါကူးစက်မှုအတွက်စင်တာတွေနဲ့ ဒါမှမဟုတ် ဂုဏ်သိက္ခာရှိတဲ့ သတင်းဌာနတွေ စတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေဆီကနေ ယူဘို့ အကြံပေးထားပါတယ်။

    အမေရိကန်အခြေစိုက်အချက်အလက်များစစ်ဆေးခြင်းဆိုင်ရာဝက်ဘ်ဆိုက် Snopes ကလည်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ ကြေငြာချက်ဆိုသည်မှာ မှားယွင်းဖော်ပြနေခြင်းသာဖြစ်တယ်လို့ ဆိုထားပါတယ်။

    "ဒီဟာက ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ထုတ်တာ မဟုတ်ပါဘူး။ COVID-19 နှင့်ပတ်သက်ပြီး ကျွန်တော်ဆီက ကျွမ်းကျင်သူတွေကို ကိုးကားပြီးရေးသားထားတဲ့ ကောလာဟလတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နေတာတွေ့ရပါတယ်။ ဒီပိုစ့်တွေနဲ့ ပတ်သတ်ပြီးလည်း အများပြည်သူတွေဆီက စုံစမ်းမေးမြန်းမှုတွေလည်း ခံခဲ့ရပါတယ်။ ဘယ်လိုစပြီး ပျံ့ခဲ့တာလည်းတော့ မသိပါဘူး" လို့ တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Snopes ကို ပြောကြားခဲ့ပါတယ်။


    Tags

    Johns HopkinsCOVID-19CoronavirusSnopesJHUJohns Hopkins UniversityFAKE NEWSFactCheck
    Read Full Article
    Claim :   ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်အမည်ပါဝင်သည့် သတင်းအမှားတွေဟာ ပြည်ပနိုင်ငံတွေသာမက ပြည်တွင်းက ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားထဲမှာပါရေးသားနေကြပါတယ်။
    Claimed By :  Users of social media
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!