BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ဦးဆန်နီဆွေနှင့်တွေ့ဆုံခြင်း
Top Block

ဦးဆန်နီဆွေနှင့်တွေ့ဆုံခြင်း

သတင်းတု၊ သတင်းမှားပျံ့နှံ့မှုနှုန်းများလာခြင်းအကြောင်းအရင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုရဲ့ အကျိုးအမြတ်ကြောင့်လို့ဆိုနိုင်ပါတယ်။

By - Boom Live Myanmar |
Published -  20 Jan 2021 11:16 PM IST
  • ဦးဆန်နီဆွေနှင့်တွေ့ဆုံခြင်း

    မြန်မာနိုင်ငံရဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ သတင်းတု သတင်းမှား ဖြန့်ဝေတဲ့ စာမျက်နှာတွေ၊ သတင်းမှားတွေကို ဖြန့်ဝေပြီး နိုင်ငံရေး၊ စီးပွားရေးအကျိုးစီးပွားထိခိုက်စေဖို့ တိုက်ခိုက်ထိုးနှက်မှုတွေ အရင်ကထက် များပြားလာနေပါတယ်။

    ဒီနှစ်ပိုင်းတွေမှာ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးအဖွဲ့အစည်းတွေ၊ သတင်းတုသတင်းမှား တိုက်ဖျက်ရေးမီဒီယာတွေကလည်း ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စိစစ် ဖော်ပြပြီး အသိပညာဖြန့်ဝေနေတာမျိုးတွေ ရှိလာကြပေမယ့် သတင်းမှားဖြန့်ဝေမှုတွေကတော့ နည်းပါးသွားခြင်းမရှိပဲ ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။

    ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး Frontier Myanmar ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဆန်နီဆွေကို BOOM Myanmar က ဆက်သွယ်ပြီး သတင်းတုသတင်းမှားတွေနဲ့ ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေ၊ သတင်းတုသတင်းမှားတွေကို ထိန်းချုပ်နိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်လို့မေးမြန်းခဲ့ပါတယ် ။

    သတင်းတု သတင်းမှားတွေ ပျံ့နှံ့တဲ့နှုန်းက မြန်မာပြည်မှာ တနှစ်ထက် တနှစ်တက်လာတာ တွေ့ရတယ်။ အဲဒီအကြောင်းရင်းက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။

    သတင်းတု သတင်းမှားပျံ့နှံ့မှုနှုန်းများလာခြင်းအကြောင်းအရင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုရဲ့ အကျိုးအမြတ်ကြောင့်လို့ဆိုနိုင်ပါတယ်။ အကျိုးအမြတ်လို့ဆိုတဲ့အခါစီးပွားရေးအကျိုးအမြတ်အပေါ်အခြေခံပြီး မိမိရေးသားထားတဲ့အကြောင်းအရာတွေကို လူများများဖတ်လာအောင် စိတ်ဝင်စားလာအောင် သတင်းခေါင်းစဉ်အလွဲအမှားတွေ၊ အကြောင်းအရာအလွဲအမှားတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားဖြန့်ဝေနေကြတာမျိုးတွေရှိပါတယ်။ အင်္ဂလိပ် ဝေါဟာရလိုဆိုရင် Click bait လို့ ခေါ်ပါတယ်။ဒီလိုအကြောင်းအရာအရာတွေကို လူများများဝင်ကြည့်တာ၊ ဖတ်တာတွေလုပ်လေ ပိုက်ဆံများများရလေပါ။ ဥပမာ - ကိုဗစ်ရောဂါဟာ တမာရွက်စားရင်ပျောက်တယ်ဆိုတဲ့ မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ လူတွေစိတ်ဝင်စားအောင် ရေးသားဖြန့်ဝေကြတာတွေပါဝင်ပါတယ်။နောက်တစ်ခုက နိုင်ငံရေးအကျိုးအမြတ်ပါ။ ရွေးကောက်ပွဲကာလဖြစ်တာကြောင့်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပေါ် သတင်းတုသတင်းမှားတွေရေးသား ဖြန့်ဝေကြတာ၊ ဒါတွေဟာ နိုင်ငံရေး အာဏာရလိုမှုတစ်ခုအပေါ်အခြေခံပြီး ကိုယ်နဲ့ဆန့်ကျင်ဖက်အယူအဆရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအပေါ် သတင်းတု သတင်းမှားတွေသုံးပြီး၊ ဝါဒဖြန့်တာ၊ ဝေဖန်တိုက်ခိုက်တာ၊ အသရေဖျက်တာတွေပါဝင်တယ်လို့ထင်ပါတယ်။

    သတင်းမှားတွေမှန်းသိလျက်နဲ့ လူမှုကွန်ရက်မှာ ထပ်ဆင့် share ဖြန့်ဝေနေတာမျိုးလည်း ရှိတယ်။ အဲဒါကဘာကြောင့်လို့ထင်ပါသလဲ။

    အင်တာနက်လူမှုကွန်ရက်အသုံးပြုသူအများစု သတင်းအတုအစစ်မခွဲခြားနိုင်သေးတာကြောင့် လို့ဆိုနိုင်သလို တဖက်မှာလည်း အပေါ်ကပြောခဲ့သလို နိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအမြတ်ရှာတာတွေကြောင့် ဖြစ်လာတာလို့ထင်ပါတယ်။

    ဝါရင့်သတင်းမီဒီယာသမားတယောက်အနေနဲ့ သတင်းတုတွေ ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့ ဘာတွေက အရေးကြီးတယ်လို့ထင်ပါသလဲ။

    Fact-Checking Organization တွေများများပေါ်လာဖို့နဲ့အတူ အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတိုင်း လက်လှမ်းမှီတဲ့ သတင်းအချက်အလက်ဆိုင်ရာ သတင်းအတုနဲ့အစစ် ခွဲခြားနိုင်တဲ့ အသိကိုပေးနိုင်ဖို့ လိုအပ်တယ်လို့ထင်ပါတယ်။

    Frontier Myanmar မှာရော အဲဒီလို သတင်းမှားတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေအပေါ် ဘယ်လောက်အာရုံစိုက်ခဲ့ပါသလဲ။

    ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရေးသားခဲ့တာတွေရှိပါတယ်။ အဲဒီ့အထဲမှာဆိုရင် အများစုဟာ လက်ရှိအာဏာရပါတီအစိုးရကို အချက်အလက်အမှားတွေနဲ့ ဝေဖန်တိုက်ခိုက်တာတွေ၊ ဘာသာရေးလူမျိုးရေးအခြေခံပြီး သတင်းတုသတင်းမှာ ဖြန့်ဝေတာတွေအကြောင်း ဖော်ထုတ်ရေးသားထားတာတွေပါရှိပါတယ်။ရွေးကောက်ပွဲကာလအတွင်းမှာ သတင်းတု သတင်းမှားတွေ အများကြီး ထွက်ပေါ်လာတာ တွေ့ရတယ်။ ခုထိလဲ ထွက်နေဆဲပဲ ဒါဟာ ဘာကြောင့်လို့ ထင်ပါသလဲ။အဓိကကတော့ သတင်းတုသတင်းမှားတွေရေးသားပြောဆိုပြီး လူထုကိုဝါဒဖြန့်ချိတာကတဆင့် ပြိုင်ဖက်ပါတီတွေကိုတိုက်ခိုက်တာ၊ ရွေးကောက်ပွဲရလဒ်တွေအပေါ် မမှန်ကန်တဲ့ အတည်မပြုနိုင်တဲ့ အချက်အလက်တွေအသုံးပြုပြီး ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်မှုကို အသိအမှတ်မပြုချင်တာ စတာတွေကြောင့်လို့ထင်ပါတယ်။

    Mainstream media တွေအနေနဲ့တွေ သတင်းအမှားတွေကို ဒီ့ထက်ပိုပြီစီစစ်တင်ပြမှုတွေကို လုပ်ဆောင်သင့်တယ် ထင်ပါသလား

    လုပ်ဆောင်ဖို့ သေချာပေါက်လိုအပ်ပါတယ်။ သတင်းမီဒီယာတွေအချင်းချင်း ပူးပေါင်းပြီး သတင်းတုသတင်းမှား ကိစ္စကို ဘယ်လိုပူးပေါင်းဖြေရှင်းကြမလဲ ဆိုတာလဲ အရေးကြီးပါတယ်။ သတင်းမီဒီယာတွေအနေနဲ့ အဲဒီလိုလုပ်ဆောင်နိုင်ရင် လူထုစာဖတ်ပရိသတ်ထဲကို ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ပြီး၊ သတင်းတုသတင်းမှားစိစစ်တဲ့နေရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ တည်ရှိနေနိုင်မှာဖြစ်ပါတယ်။

    မြန်မာပြည်အနေနဲ့ Fake News တွေနဲ့ပတ်သက်ပြီး တန်ပြန်လုပ်ဆောင်နေတာမျိုးတွေအပေါ် အကြံပေးချင်တာများ ရှိပါသလား။

    မီဒီယာတိုင်းမှာ သတင်းမှားစိစစ်တဲ့အဖွဲ့တွေရှိဖို့လိုပါတယ်။

    မီဒီယာအချင်းချင်းမှာ သတင်းတုသတင်းမှားနဲ့ ပတ်သက်တဲ့ပြဿနာကို ပူပေါင်းဖြေရှင်းကြဖို့လိုပါတယ်။

    အင်တာနက်လူမှုကွန်ရက် အသုံးပြုသူတွေကို သတင်းတုသတင်းမှားနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လိုပါတယ်။

    အစိုးရအနေနဲ့ကလည်း ဥပဒေအရ ဘက်မလိုက်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမှာဖြန့်ဝေနေသူတွေကို ထိထိရောက်ရောက်အရေးယူဖို့လိုအပ်ပါတယ်။


    နိုင်ငံတကာမှာကော Fake News နဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ဆောင်ရွက်နေတာတွေ ရှိသလဲဆိုတာ ဗဟုသုတအဖြစ် မျှဝေလို့ ရနိုင်မလား။

    နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ အင်တာနက်လူမှုကွန်ရက်ပေါ်က သတင်းတုသတင်းမှားနဲ့ ပတ်သက်တာတွေဟာ ဖြစ်ရပ်အသစ်တစ်ခုဖြစ်တဲ့အတွက်၊ သုတေသနတွေပြုလုပ်နေဆဲရှာဖွေနေကြဆဲပါ။ Facebook ဆိုရင်လည်း အခုဆိုရင် သတင်းတုသတင်းမှားပြဿနာကို အခုထက်ထိဖြေရှင်းနေရတုန်းပါ။ တခြား လူမှုကွန်ရက်တွေလည်း အလားတူပါပဲ။

    ဖြည့်စွက်ပြောချင်တာများရှိရင်ပြောပေးပါဦး

    - မီဒီယာတွေအနေနဲ့ သတင်းတုသတင်းမှားနဲ့ ပတ်သက်ပြီး ဘယ်လိုပူးပေါင်းဖြေရှင်းကြမလဲဆိုတဲ့ မူဝါဒတစ်ခု ရှိဖို့လိုတယ်လို့ထင်ပါတယ်။

    - သတင်းတုသတင်းမှားတွေ လူမှုကွန်ရက်ပေါ်မှာ တက်လာခဲ့ရင် မြန်မြန်ဖြေရှင်းနိုင်ဖို့ လိုသလို၊ တဖက်မှာလည်း သတင်းတုသတင်းမှားတွေကို ပြုလုပ်နေကြတဲ့ အဖွဲ့အစည်းတွေကို ရှာဖွေဖော်ထုတ်ဖို့လိုပါတယ်။

    ဦးဆန်နီဆွေ၏ ကိုယ်ရေးအကျဉ်း

    ………………………………………………….

    ဦးဆန်နီဆွေဟာ မြန်မာပြည်ရဲ့ လတ်တလောလူမှုစီးပွား အခြေအနေ၊ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်တင်ပြတဲ့ ပုံနှိပ်နှင့် အွန်လိုင်းမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Frontier Myanmar ကို တွဲဖက်တည်ထောင်သူလည်းဖြစ်သလို အမှုဆောင်အရာရှိချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။ ပုံနှိပ်လောကထဲကို ၁၉၉၆ ခုနှစ်ကစတင် ဝင်ရောက်လာခဲ့ပြီး ၂၀၀၀ ခုနှစ်မှာအင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေတဲ့ The Myanmar Times ပူးတွဲ တည်ထောင်ခဲ့သူဖြစ်ပါတယ်။

    ထိုအချိန်က စစ်အစိုးရက တင်းကြပ်သော ဆင်ဆာဥပဒေများကို ချမှတ်ခဲ့ချိန်ဖြစ်တဲ့အတွက် ၂၀၀၅ ခုနှစ်မှာ ဦးဆန်နီဆွေအား ထိုဥပဒေများကို ဖောက်ဖျက်မှုနှင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အစိုးရလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက်မှာ The Myanmar Times မှာ ခေတ္တ ပြန်လည် ဝင်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာ Mizzimar Media Group ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာပြီး ၂၀၁၅ ခုနှစ်မှာတော့ Frontier Myanmar ကို တည်ထောင်ထားသော Black Knight Media Group ကို တည်ထောင်ခဲ့ပါတယ်။

    Tags

    သတင်းအမှားသတင်းအတုဆန်နီဆွေFrontier MyanmarElection MyanmarUEC
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!