BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • တကျော့ပြန် ကိုဗစ်တပ်လှန့်သံနဲ့...
Top Block

တကျော့ပြန် ကိုဗစ်တပ်လှန့်သံနဲ့ သိထားသင့်တာတွေ

ပြည်သူတွေ အနေနဲ့ တစ်နေ့တစ်နေ့ အသက်ရှင်ရမှာတောင် မသေချာတဲ့ဘ၀မှာ ကိုဗစ်အခြေအနေ ဘာဆက်ဖြစ်မလဲလို့ ခန့်မှန်းရတာ အင်မတန်ခက်ပါတယ်

By - Boom Live Myanmar |
Published -  28 April 2021 3:36 PM IST
  • တကျော့ပြန် ကိုဗစ်တပ်လှန့်သံနဲ့ သိထားသင့်တာတွေ

    အိန္ဒိယနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် နေ့စဉ်လူထောင်ချီသေဆုံးမှုတွေရှိလာပြီး ဒီပမာဏက အမြင့်ဆုံးစံချိန်တင်အခြေအနေဖြစ်နေတာကြောင့် နိုင်ငံအသီးသီးမှာလည်းစိုးရိမ်မကင်းဖြစ်ရသလို ဥရောပနိုင်ငံတချို့မှာတော့ တတိယလှိုင်းနဲ့ပါကြုံနေရပြီဖြစ်ပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းတဲ့ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ နဲ့ပတ်သက်လို့ သတင်းအချက် အလက်မပြည့်စုံတာ၊ ကိုဗစ်ရောဂါစောင့်ကြည့်ဖို့ခက်ခဲနေတာတွေအပြင် ခန့်မှန်းတွက်ဆဖို့ခက်ခဲတဲ့အခြေအနေတွေနဲ့ပါကြုံတွေ့နေရပါတယ်။ ဧပြီလအတွင်းက ချောင်းသာကမ်းခြေကိုသွားရောက်ခဲ့တဲ့သူတွေထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရသူလေးဦးရှိခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအတွက် သတိနဲ့စောင့်ကြည့်ရမယ့်အခြေအနေတွေရှိလာပါတယ်။

    အစိုးရယန္တယားပျက်ယွင်းနေတဲ့ကာလ၊ စီးပွားရေးအကျပ်အတည်းနဲ့ လူမှုဒုက္ခမျိုးစုံကြုံနေရတဲ့ကာလမှာ မြန်မာနိုင်ငံအပေါ်ကိုဗစ်ကဘယ်လောက်ငဲ့ညှာနိင်ပါသလဲ။

    ဒီကာလမှာ အာဏာသိမ်းတဲ့အကျိုးအဆက်အပြင် မေ့ပျောက်လျှော့တွက်ထားလို့မရသေးတဲ့ ကိုဗစ်ရောဂါနောက်ဆက်တွက်အခြေအနေတွေနဲ့ပတ်သက်လို့ အင်္ဂလန်နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာဆရာဝန် ဒေါက်တာချမ်းသာစိုးနဲ့ဆက်သွယ်မေးမြန်းချက်တွေထဲက တချို့ကို Boom Myanmar ပရိသတ်တွေအတွက်ဖေါ်ပြလိုက်ပါတယ်။

    လက်ရှိ တစ်ကမ္ဘာလုံးမှာ ကိုဗစ်အခြေအနေဘယ်လိုဖြစ်နေလဲ။ ရောဂါပိုးဗီဇပြောင်းတဲ့အခြေအနေကဘယ်လိုရှိလဲ။

    အခုလောလောဆယ် ကမ္ဘာပေါ်မှာ ကိုဗစ်အဆိုးဆုံးက အိန္ဒိယနိုင်ငံဖြစ်နေပါတယ်။ အိန္ဒိယက ဒုတိယလှိုင်းပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က အိန္ဒိယမှာ တစ်ရက်တည်းနဲ့ ပိုးအသစ်တွေ့သူ သုံးသိန်းခွဲရှိတယ်လို့ သတင်းတက်လာတယ်။ တစ်နေ့တစ်နေ့ကို ထောင်ချီသေဆုံးနေပါတယ်။ ဒါဟာ ကိုဗစ်သမိုင်းတလျှောက်လုံးမှာ အမြင့်ဆုံး ကိန်းဂဏန်းတွေပါပဲ။ ဥရောပနိုင်ငံတွေမှာတော့ တတိယလှိုင်းက ပြန်စနေပါပြီ။ လောလောဆယ် ဆွီဒင်နဲ့ ပြင်သစ်မှာ ကူးစက်မှု အမြင့်ဆုံးကို ပြန်ရောက်နေပြီ။ ယူကေကတော့ ငြိမ်နေသေးတယ်။ နောက်လပိုင်းအတွင်းမှာ ယူကေမှာ တတိယလှိုင်းပြန်စမယ်လို့ ခန့်မှန်းနေကြတယ်။ ဂျာမဏီစတဲ့ နိုင်ငံတွေမှာ Lock down တွေကို ပြန်တင်းကြပ်ဖို့ လုပ်နေကြပြန်ပါပြီ။

    ဗီဇပြောင်းတဲ့ အကြောင်းကို ပြောဖို့ မျိုးကွဲ (Variant Strain) အမျိုးအစား သုံးမျိုးအကြောင်းကို သိထားဖို့လိုမယ်။ ဒီသုံးမျိုးကို CDC ၀က်ဆိုက်မှာ အသေးစိတ်ရေးပြထားပါတယ်။ ဒီ မျိုးကွဲသုံးမျိုးကတော့ -

    (၁) Variant of Interest သိပ္ပံပညာရှင်များ စိတ်၀င်စားတဲ့ မျိုးကွဲ

    ဒီမျိုးကွဲဟာ သိပ္ပံပညာရှင်များအမြင်မှာ အန္တရာယ်ရှိနိုင်တဲ့ မျိုးကွဲလို့ ခန့်မှန်းကြတယ်။ လောလောဆယ်တော့ ကူးစက်မှု၊ ရောဂါလက္ခဏာတွေ ပိုဆိုးတယ်ဆိုတဲ့ သက်သေဘာမှ မရှိသေးဘူး။

    (၂) Variant of Concern စိတ်ပူစရာ မျိုးကွဲ

    ဒီမျိုးကွဲကတော့ ကူးစက်မှုမြန်တယ်။ ရောဂါလက္ခဏာပိုဆိုးတယ် ဆိုတာတွေဟာ သက်သေတွေ ရှိထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးက ဒီမျိုးကွဲကြောင့်ဖြစ်တဲ့ ရောဂါ‌လက္ခဏာတွေကို အဆိုးဆုံးထိ မရောက်သွားအောင် ကာကွယ်ပေးနိုင်တယ်။ အရင်က နာမည်ကြီးလိုက်သေးတဲ့ ကူးစက်မြန် ဘရာဇီးမျိုးကွဲ၊ တောင်အာဖရိကမျိုးကွဲ၊ ယူကေမျိုးကွဲတွေဟာ ဒီ Variant of Concern အောက်မှာပါတယ်။

    (၃) နောက်ဆုံးတစ်မျိုးကတော့ Variant of High Consequence။

    ဒီတစ်မျိုးက အဆိုးဆုံးပဲ။ ဒီမျိုးကွဲဟာ ကူးစက်လည်းမြန်တယ်။ ရောဂါဖြစ်ရင်လည်း ပိုဆိုးတယ်။ ကာကွယ်ဆေးလည်း မကယ်နိုင်ဘူး။ ဒါပေမဲ့ ကံကောင်းတာက ခုထက်ထိ ကိုရိုနာ ဗိုင်းရပ်စ်တွေထဲမှာ ဒီလို Variant of High Consequence ကို မတွေ့သေးပါဘူး။

    အခု အိန္ဒိယမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို အများက စိတ်ပူနေကြတယ်။ ကူးစက်တဲ့လူတွေ အရမ်းများပြီး သေဆုံးနှုန်းလည်း များလို့။ ဒါပေမဲ့ ပညာရှင်တွေရဲ့ အဆိုအရတော့ အခု အိန္ဒိယမှာဖြစ်တဲ့ပိုးဟာ ဗီဇပြောင်းတာမှန်တယ်။ ဒါပေမဲ့ CDC ရဲ့ criteria အရဆိုရင်တော့ သူဟာ Variant of Interest တောင်မဖြစ်သေးဘူး။ မကြာခင်တော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ တရား၀င်တော့ စာရင်းမ၀င်သေးဘူးလို့ ပြောကြပါတယ်။ ဒုတိယလှိုင်းမှာ ကူးစက်တဲ့လူတွေ များတာကြောင့် ကူးစက်မြန်တယ်လို့ အထင်မှားကြတာလို့လည်း သိပ္ပံပညာရှင်တွေက ယူဆကြတယ်။ အိန္ဒိယဟာ အစကတည်းက လူနေထူထပ်တဲ့ နိုင်ငံဖြစ်လို့ ကူးစက်နှုန်းမြန်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အခုရက်ပိုင်းအတွင်း သီရိလင်္ကာမှာ ကူးစက်နှုန်းမြန်၊ ရောဂါပိုပြင်းတဲ့ ဗီဇမျိုးကွဲတစ်ခု တွေ့တယ်လို့ သတင်းတက်လာပေမဲ့ စီဒီစီ ၀က်ဆိုက်မှာတော့ အဲဒီမျိုးကွဲကို ထည့်သွင်းဖော်ပြထားခြင်း မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ခုနကပြောသလို Variant of Concern အဆင့်ထိ ရောက်ဖို့ဟာ လုံလောက်တဲ့ သုတေသနတွေ့ရှိချက်‌တွေ လိုအပ်လို့ပါပဲ။

    မြန်မာနိုင်ငံမှာအာဏာသိမ်းတဲ့အခြေအနေကြောင့် ကိုဗစ်အခြေအနေဘာဆက်ဖြစ်မလဲ

    အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ အဘက်ဘက်က ရစရာမရှိအောင် နစ်နာဆုံးရှုံးရတယ်။ ပြည်သူတွေ အနေနဲ့ တစ်နေ့တစ်နေ့ အသက်ရှင်ရမှာတောင် မသေချာတဲ့ဘ၀မှာ ကိုဗစ်အခြေအနေ ဘာဆက်ဖြစ်မလဲလို့ ခန့်မှန်းရတာ အင်မတန်ခက်ပါတယ်။ အရင်က တိုင်းသူပြည်သားတွေအပေါ် စေတနာအပြည့်ရှိတဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာတောင် ကိုဗစ်ဟာ ထိန်းသိမ်းရ အလွန်ခက်ခဲ့တယ်။ အခုလို အာဏာကိုပဲ ကြည့်တဲ့ လူတစ်သိုက်လက်အောက်မှာတော့ ကိုဗစ်သာ တကယ်ပြန်ခေါင်းထောင်ခဲ့ရင် မတွေး၀ံ့စရာပါပဲ။

    လောလောဆယ်မှာ တတိယလှိုင်းကိုလူတွေစိုးရိမ်နေတာရှိတယ်။ တတိယလှိုင်းဖြစ်လာနိုင်ခြေရှိလား။

    တတိယလှိုင်းက ဥရောပတိုက်မှာ ပြန်စနေပြီ။ အာရှမှာလည်း ပြန်စမှာပါပဲ။ မြန်မာပြည်မှာလည်း ပြန်စမှာပဲ။ အခုတော့ ကာကွယ်ဆေးတွေလည်း မထိုးနိုင်။ အရှိန်ရနေတုန်း ဖေဖော်၀ါရီ ၁ ရက်နောက်ပိုင်း အကုန်လုံး အစီအစဥ်တွေပျက်ကုန်ပြီဆိုတော့ တတိယလှိုင်းလာရင်လည်း အားလုံး ခါးစည်းခံကြရဖို့ပဲ ရှိတော့မှာပါ။

    ပြည်တွင်းမှာ ကိုဗစ်ထပ်ဖြစ်ခဲ့ရင် အုပ်ချုပ်ရေးယန္ဒရားပျက်ဆီးနေတဲ့အခြေအနေမှာ ဘယ်လောက်ဆိုးရွားသွားနိုင်သလဲ

    ဘယ်လောက်ဆိုးသွားနိုင်သလဲဆိုတော့အရင် စစ်အစိုးရလက်အောက်မှာ‌ ကြုံခဲ့ရတဲ့ နာဂစ်ဘေးကို ပြန်စဥ်းစားကြည့်လိုက်ရုံပါပဲ။ စစ်အစိုးရဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်ဂရုစိုက်ခဲ့သလဲ။ ပြည်သူတွေကို ဘယ်လောက်ကာကွယ်ပေးခဲ့သလဲ။ အားလုံး သက်သေတွေရှိပြီးသားပါ။ ဒါ့အပြင် ပိုဆိုးတာက စစ်အစိုးရဟာ သူတို့ကိုယ်တိုင် လူထုကို မကယ်တင်ရုံမကဘဲ ပြည်ပက အကူအညီတွေ၊ အထောက်အပံ့တွေ၊ အင်ဂျီအို အဖွဲ့အစည်းတွေကိုပါ မ၀င်နိုင်အောင် ပိတ်ပင်ခဲ့တာ အားလုံး အသိပါပဲ။

    ဖြည့်စွက်အသိပေးချင်တာရှိရင်ပြောပေးပါ။

    အခုလောလောဆယ်မှာတော့ ဆရာကြီး ဦးဇော်‌ေ၀စိုး ဦးဆောင်ပြီး NUG အစိုးရဟာ နိုင်ငံတကာဆီက အကူအညီတွေရဖို့ စီစဥ်နေပါတယ်။ ဆရာကြီးဟာ ယူကေက ဆရာ၀န်တွေနဲ့လည်း အစည်းအ‌ေ၀းမှာ စကားပြောပြီးသွားပါပြီ။ မကြာမီအချိန်မှာ Safe zone လွတ်မြောက်နယ်မြေတွေ ပေါ်လာပါတော့မယ်။ အဲဒီ့နယ်မြေတွေမှာ ကာကွယ်ဆေးထိုးနှံရေး၊ ကုသရေးတွေကို နိုင်ငံတကာအကူအညီတွေနဲ့ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဆရာကြီးက အားကြိုးမာန်တက်ဆောင်ရွက်နေပါတယ်။ ဒီသတင်းတွေကို နားစွင့်ထားဖို့လည်း လိုအပ်တယ်။ ဒါမှလည်း တကယ် နင်လားငါလား မြို့ကြီးတွေမှာ မရှူနိုင်မကယ်နိုင်ဖြစ်ခဲ့ရင် ပြည်သူလူထုအတွက် အားကိုးရာအစစ်အမှန်ကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

    ဒေါက်တာချမ်းသာစိုး MBBS, MRCEM UK, NHS Doctor, Cardiff, Wales, UK ဒေါက်တာချမ်းသာစိုးဟာ ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ MBBS ဘွဲ့၊ လန်ဒန် တော်ဝင်ကောလိပ် အရေးပေါ်ဆေးပညာမှ MRCEM ဘွဲ့များကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူကေနိုင်ငံ ‌ဝေလပြည်နယ်တွင် အရေးပေါ်ဆရာဝန်အဖြစ် လုပ်ကိုင်ရင်း 'ကိုချမ်း' ကလောင်အမည်ဖြင့် ရသစာပေ၊ ကျန်းမာရေးပညာပေးစာပေများကို လုံးချင်းအဖြစ် ထုတ်ဝေရေးသားခဲ့ရုံမက အွန်လိုင်းပေါ်မှာလည်း ပညာပေးဆောင်းပါးများရေးသားနေသူ ဖြစ်ပါတယ်။


    Tags

    CovidMyanmar CoupMilitarycovid19Dr Chan Thar SoeBoom Interview
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!