BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • အသက်အောင့် ကြည့်ရုံနဲ့ အဆုတ်စစ်ဖို့...
Top Block

အသက်အောင့် ကြည့်ရုံနဲ့ အဆုတ်စစ်ဖို့ တကယ်အလုပ်ဖြစ်သလား

အသက်အောင့်တဲ့နည်းနဲ့ အဆုတ်အကောင်းမကောင်းစမ်းသပ်နိုင်တယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေလူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  11 July 2021 12:07 PM IST
  • အသက်အောင့် ကြည့်ရုံနဲ့ အဆုတ်စစ်ဖို့ တကယ်အလုပ်ဖြစ်သလား

    ကိုဗစ်ရောဂါ တကျော့ပြန်ကူးစက်နေချိန်မှာ အသက်အောင့်တဲ့နည်းနဲ့ အဆုတ်အကောင်းမကောင်းစမ်းသပ်နိုင်တယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေလူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ဒီနည်းလမ်းဟာ စက္ကန့်မှတ်ပေးတဲ့ Video တစ်ခုကိုအသုံးပြုပြီး အမှတ် ၃ အထိ အောင့်မထားနိုင်ရင် သေဆုံးနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေကြတာဖြစ်ပါတယ်။

    ဇူလိုင်လဆန်းကတည်းက လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ဒီအကြောင်းအရာကို အကောင့်များစွာက ရေးသားဖြန့်ဝေနေကြပြီး မူရင်းဖြန့်ဝေတဲ့အကောင့်တစ်ခုမှာတော့ ရက်သတ္တပတ် တစ်ပတ်အတွင်း ထပ်မံ ဖြန့်ဝေသူပေါင်း 47K ရှိခဲ့ပါတယ်။ ပို့စ်တစ်ခုထဲမှာရေးသားထားတဲ့ပုံအရ "အသက်ကို ၅ အထိ အောင့်လို့ရရင် အားလုံး OK အဆုတ်ကောင်း ၃ ဆိုရင် မကြာသေမယ်၊ ကျွန်တော်တော့ ၆ အထိ ရသေးတယ်၊ အဝိုင်းလေးဖိလိုက် လည်နေရင် အသက်ကို အောင့်ထားကြည့်" ဆိုပြီး ရိုးမရိပ်ကကြာဖြူရှင် ဆိုတဲ့ အကောင့်ကနေ ဖြန့်ဝေထားတာပါ။ဒီစာနဲ့ Video ကိုပဲ အဆင့်ဆင့်ဖြန့်ဝေခဲ့တာကြောင့် အမှန်တကယ်ယုံမှတ်ပြီး စမ်းသပ်ကြည့်တဲ့သူတွေလည်းများပြားခဲ့ပါတယ်။

    ဖြန့်ဝေထားတဲ့ပို့စ်တစ်ခုကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရိုးမရိပ်က ကြာဖြူရှင် အမည်နဲ့ အကောင့်ကနေ ဖြန့်ဝေမှုဟာ ခိုင်လုံတဲ့ ဆေးပညာအချက်အလက်တစ်စုံတစ်ရာ မဖော်ပြထားပဲ ယူကျူ့ပေါ်က ဗီဒီယိုဖိုင်အတိုတစ်ခုကိုအသုံး‌ပြုပြီး ကိုယ်ပိုင်ယူဆချက်တွေနဲ့ ပြန်လည်းရေးသား ဖြန့်ဝေထားတာဖြစ်ပါတယ်။ မူလဗီဒီယိုဖိုင်ထဲမှာ အဆုတ်စွမ်းရည်ကို အကဲဖြတ်ဖို့ စမ်းသပ်မှုတစ်ခုသာဖြစ်ကြောင်းပဲ ပြောထားတာဖြစ်ပါတယ်။ ကိုဗစ် ၁၉ နဲ့ သက်ဆိုင်တယ်၊ ၃ အထိ အသက်မအောင့်နိုင်ရင် သေဆုံးနိုင်တယ်လို့ လုံး၀ ရေးမထားပါဘူး။ မူလဗီဒီယိုဖိုင်ကို ဒီလင့်ခ် ကနေ ကြည့်နိုင်ပါတယ်။

    WHO ရဲ့ Twitter စာမျက်နှာမှာ တရားဝင်ထုတ်ပြန်ထားချက်ထဲမှာလည်း 'Covid -19 ၏ အဖြစ်များဆုံးလက္ခဏာများမှာ ချောင်းခြောက်ဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အဖျားရှိခြင်းတို့ဖြစ်တယ်။ တချို့လူနာများမှာ ပိုဆိုးတဲ့ အဆုတ်အအေးမိခြင်း လက္ခဏာများပြသနိုင်ပါတယ်။ ကိုဗစ် ၁၉ ပိုးရှိမရှိဆိုတာကို ဓာတ်ခွဲစမ်းသပ်တဲ့အဖြေနဲ့ အတည်ပြုတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ဒီလို အသက်ရှုလေ့ကျင့်ခန်းနဲ့တော့ ကိုဗစ် ၁၉ မရှိဘူးဆိုတာကို အတည်မပြုနိုင်ပဲ အန္တရာယ်ပိုရှိနိုင်တယ်' 'အသက်ရှုခြင်းကို ၁၀ စက္ကန့်အောင့်ထားနိုင်ခြင်း ဒါမှမဟုတ် ချောင်းမဆိုးခြင်း၊ နေမထိ ထိုင်မသာမဖြစ်ခြင်း စတာတွေက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မရှိတာ၊ အဆုတ်ရောဂါတခုခု ခံစားနေရခြင်းမရှိတာလို့ အဓိပ္ပာယ်မရပါ' လို့ပဲ ရေးသားဖော်ပြထားပါတယ်။

    WHO ရဲ့ ထုတ်ပြန်ချက်ကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

    ဒီအချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ရိုးမရိပ်ကကြာဖြူရှင် အကောင့်ကနေ ဖြန့်ဝေထားတဲ့အချက်အလက်တွေဟာ ခိုင်လုံမှု လုံးဝမရှိတာ တွေ့ရမှာဖြစ်ပြီး ဆေးပညာအရ ယုံကြည်ရလောက်တဲ့ အချက်အလက်တွေ တစ်ခုမှ မဖော်ပြထားတဲ့အတွက် အချက်အလက်မှားယွင်းနေတဲ့ သတင်းလို့ ပြောနိုင်ပါတယ်။

    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!