BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • YBS ယာဉ်လိုင်းတွေ ရပ်နားမယ်ဆိုတဲ့...
Top Block

YBS ယာဉ်လိုင်းတွေ ရပ်နားမယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ YBS ယာဉ်လိုင်းအားလုံး ရပ်နားမယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံ့နှံ့ နေပါတယ်။

By - Boom Live Myanmar |
Published -  20 Sept 2020 11:58 AM IST
  • YBS ယာဉ်လိုင်းတွေ ရပ်နားမယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းကို ရဲဇော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၁၉ ရက်နေ့ ည ၈ နာရီ ၁၇ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ထိပ်ဆုံးမှာ "သတင်းထူးဖြစ်ပါတယ်" လို့ ရေးသားထားပြီး အဲ့ဒီ သတင်းရဲ့ အတွင်းပိုင်းမှာတော့ "မနက်ဖန် ၂၀.၉.၂၀၂၀ ညနေ ၅နာရီမှစ၍ YBS ယာဥ်များအားလုံး ရပ်နားမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်" လို့ ရေးသားထားပါတယ်။

    ရေးသားမှု အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

    ရဲဇော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၁၅၀၀ ကျော်ရှိနေပြီး ထပ်ဆင့်ဝေမျှထားသူ ၁၂၀၀၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင့် တခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း အဲ့ဒီ သတင်းအမှားကို ထပ်ဆင့်မျှဝေထားကြပြီး လူမှုကွန်ယက်ပေါ်မှာ လူပေါင်း သိန်းဂဏာန်းအထိ ပျံ့နှံ့နေပါတယ်။

    အဲ့ဒီပိုစ့်ကို ထပ်ဆင့်ဝေမျှသူတွေဟာ အိမ်ပြန်စရာ ကားအခက်အခဲ ဖြစ်တော့မယ်လို့ စိုးရိမ်စိတ်နဲ့ မျှဝေနေသူတွေ ရှိသလို စိုးရိမ်စိတ်နဲ့ အခြားသူတွေကို သတိပေးဖို့ မျှဝေနေသူတွေလည်း ရှိပါတယ်။


    သတင်းဆန်းစစ်ချက်

    ရဲဇော် ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ YBS ယာဉ်လိုင်းတွေ ၂၀ ရက်နေ့ ညနေ ၅ နာရီမှ ပြေးဆွဲမှု စတင်ရပ်နားမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး "ကျွန်တော့်အနေနဲ့ ပြောလိုတာက အဲ့ဒီဟာသည် သတင်းအမှားပါ။ YBS ယာဉ်လိုင်းတွေ ပြေးဆွဲနေပါတယ်။ ဒီကားတွေ ပြေးဆွဲမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆီမှာ သီးခြား ညွှန်ကြားချက် မရှိပါဘူး။ ဒီလောက်ပဲ ပြောချင်ပါတယ်" လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က Boom Myanmar ကို အတည်ပြု ပြောကြားပါတယ်။

    YRTA ရဲ့ ဖေ့စ်ဘွတ် Page မှာလည်း စက်တင်ဘာလ ၁၉ ရက်နေ့က YBS ပြေးဆွဲလမ်းကြောင်း (၁၀၂) လိုင်က မော်တော်ယာဉ် အစီးရေ (၁၈၈၈) စီး ပြေးဆွဲပေးခဲ့တယ်လို့ ဖော်ပြထားပြီး ပြည်သူများ နေ့စဉ် ခရီးသွားလာမှု အဆင်ပြေစေရန် မော်တော်ယာဉ်များ စီမံပြေးဆွဲပေးနေကြောင်း ရေးသားထားပါတယ်။

    YRTA ဖေ့စ်ဘွတ်ပေ့ချ်က သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။



    Tags

    False newsYBSYRTAbus lineswill stopYBS ယာဉ်လိုင်းပြေးဆွဲမှုရပ်နား
    Read Full Article
    Claim :   ရဲဇော် ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ YBS ယာဉ်လိုင်းတွေ ၂၀ ရက်နေ့ ညနေ ၅ နာရီမှ ပြေးဆွဲမှု စတင်ရပ်နားမယ်ဆိုတဲ့ သတင်းကို Boom Myanmar က YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက်ဆန်းစစ်ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!