BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • Top Block
      • ထိုင်းကလက်နက်ကြီးနဲ့...
      Top Block

      ထိုင်းကလက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအမှား

      ထိုင်းစစ်တပ်က မြန်မာဘက်အခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မြှောက်ကုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းထဲ ပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  22 Dec 2021 4:37 PM IST
    • ထိုင်းကလက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို သတင်းဌာန တစ်ခုက ဖော်ပြခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ် အလွန်အမင်းပျံ့နှံ့ခဲ့ပါတယ်။ ၎င်းသတင်းဌာနက အဆိုပါ သတင်းအမှားကို ပြန်လည် ဖြုတ်ချခဲ့ပေမယ့် ကူးယူဖော်ပြသူများစွာတို့က ဆက်လက် ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

      ၎င်းသတင်းအမှားထဲမှာ "ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်း လေးကေကော်ရှိ စစ်ကောင်စီအမြှောက်ကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်" လို့ ခေါင်းစဉ်တပ်ထားကာ သတင်းရဲ့ အတွင်းမှာတော့ "ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာစစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးများ ဆက်တိုက်ကျရောက်နေသဖြင့် ယနေ့ နံနက်ပိုင်းတွင် ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်း လေးကေကော်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် အမြှောက်ကုန်းကို ထိုင်းစစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်" လို့ ရေးသား ထားပါတယ်။

      မူရင်းရေးသားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို တစ်ပုဒ်လုံးကူးယူဖော်ပြနေသူတွေ ရှိသလို ပြန်လည်ရေးသားပြီး ဖြန့်ဝေနေကြသူတွေလည်း ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ထိုင်းစစ်တပ်က မြန်မာဘက်အခြမ်းရှိ စစ်ကောင်စီရဲ့ မြှောက်ကုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

      ဧရာဝတီတိုင်းမ် သတင်းဌာနက အဆိုပါ သတင်းအမှားကို ဖော်ပြခဲ့ပြီးနောက်ပိုင်း လူမှုကွန်ယက်ပေါ် အလွန်အမင်း ပျံ့နှံ့ခဲ့ပါတယ်။ နောက် ၁ နာရီခန့် အကြာမှာ ဧရာဝတီတိုမ်း သတင်းဌာနက အဆိုပါ အကြောင်းအရာ ကို ပြန်လည်ဖြုတ်ချပြီး သတင်းအမှားတင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံထဲ နောက်တစ်ကြိမ် လက်နက်ကြီးကျခဲ့ရင် ပြန်လည်ပစ်ခတ်မည်ဟု ထိုင်းအာဏာပိုင်တွေက မြန်မာစစ်တပ်ကို သတိပေးထားခြင်းသာဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းအမှား တင်ခဲ့တဲ့အတွက် ၎င်းတို့ သတင်းဌာနအနေနဲ့တောင်းပန်ကြောင်း ဖော်ပြထားပါတယ်။

      Ayeyarwaddy Time သတင်းဌာနက ပြန်လည် တောင်းပန်ထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။

      လေးကေကော်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့်ထိုးင်နိုင်ငံဖက်အခြမ်းကို စစ်ကောင်စီဖက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ထိုင်းစစ်တပ်က နပ်စပ်အနီးမှာ ၎င်းရဲ့တပ်တချို့ကိုအသင့်ပြင်ထားခဲ့ပါတယ်။ အဲ့ဒီအပြင်မြန်မာဖက်က လက်နက်ကြီးထပ်မံကျရောက်ခဲ့ပါက ပြန်လည်ပစ်ခတ်မယ်ဆိုတဲ့ထုတ်ပြန်ပြောဆိုမှုတွေရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ ထိုင်းဖက်ကပြန်လည်ပစ်ခတ်တဲ့ အခြေအနေဖြစ်ပွားခဲ့ခြင်းတော့ မရှိသေးပါဘူး။


      Tags

      False newsThai armyfiredartillery shellsCoupmilitary councilသတင်းအမှားစစ်ကောင်စီ
      Read Full Article
      Claim :   ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်း လေးကေကော်ရှိ စစ်ကောင်စီအမြှောက်ကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!