BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • NLD ပါတီက ဆော်ဒီမှ ဒေါ်လာ သန်း...
Top Block

NLD ပါတီက ဆော်ဒီမှ ဒေါ်လာ သန်း ၃၀၀ကျော် ယူထားတယ်ဆိုတဲ့ သတင်းအမှား

ဒီရက်ပိုင်းအတွင်းမှာ NLD ပါတီက ဆော်ဒီက ထောက်ပံ့ငွေ ဒေါ်လာသန်းချီယူထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  12 Sept 2020 4:59 PM IST
  • NLD ပါတီက ဆော်ဒီမှ ဒေါ်လာ သန်း ၃၀၀ကျော် ယူထားတယ်ဆိုတဲ့ သတင်းအမှား

    အဲ့ဒီသတင်းအမှားကို Radio Free Myanmar ဆိုတဲ့ တံဆိပ်နဲ့ ဖြန့်ဝေလေ့ရှိတဲ့ နေရာကစတင်ပျံနှံ့ခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ပြန်လည် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဘင်္ဂလီကိစ္စ အကြောင်းပြ ဆော်ဒီမှ ဒေါ်လာသန်းပေါင်း (၃၀၀) ကျော် NLD ရယူခဲ့" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ "၂၀၁၇ မှ စ၍ ဘင်္ဂလီပြဿနာကို အကြောင်းပြ၍ ဆော်ဒီအာရေးဘီးယား တစ်နိုင်ငံထဲမှ NLD အစိုးရသည် US ဒေါ်လာ သန်းပေါင်း (၃၀၀) ကျော် လက်ခံရယူခဲ့သည်။ အကျိုးဆက်အရ NLD အစိုးရသည် ဘင်္ဂလီများကို ရိုဟင်ဂျာဟု သုံးစွဲခြင်းကို ကန့်ကွက်သော ပြည်သူများအား ဖမ်းဆီးထောင်ချခဲ့သလို ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂလီများအတွက် မြို့တော်သီးသန့် ဆောက်လုပ်ပေးထားရုံမက ပြည်ထောင်စု ဝန်ကြီးတစ်ဦး ထိုနေရာသို့ သွားရောက်စဉ် ၎င်း ဘင်္ဂလီများကို ရွှေ့ပြောင်း တိုင်းရင်းသားများဟု တည်ဆဲ ဥပဒေများကို ချိုးဖောက်ကာ သုံးစွဲခဲ့သေးသည်" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Radio Free Myanmar က သတင်းအမှား ဖြန့်ဝေနေကြ ပုံစံအတိုင်း ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ထပ်ဆင့်ဖြန့် ဝေခဲ့ကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Radio Free Myanmar ဆိုတဲ့ သတင်းဌာန အတုက ဖြန့်ဝေထားတဲ့ NLD ပါတီက ဆော်ဒီအာရေးဘီးယားနိုင်ငံက ဘင်္ဂလီကိစ္စ အကြောင်းပြပြီး ဒေါ်လာ သန်း (၃၀၀) ယူခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ က အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီ လိုရေးသားဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး "ကျွန်တော်တို့ ပါတီက ဆော်ဒီက ဘာထောက်ပံ့ကြေးမှ မယူထားဘူး။ ဆော်ဒီနဲ့ ကျွန်တော်တို့ ပါတီလည်း ပတ်သက်မှု မရှိဘူး။ ဒါသက်သက် လျှောက်ဖွထားတဲ့သတင်းအမှားတွေလို့ပဲ ပြောချင်ပါတယ်" လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

    သတင်းအမှားဖြန့်ဝေခဲ့တဲ့ Radio Free Myanmar ဟာ Facebook Page လည်း မရှိသလို Website လည်း မရှိပါဘူး။ အခကြေးငွေ မပေးရဘဲ ဖွင့်လို့ရတဲ့ Blog စာမျက်နှာတစ်ခုသာ ရှိပါတယ်။ အဲ့ဒီ Blog စာမျက်နှာမှာလည်း အခုဖြန့်ဝေခဲ့တဲ့ သတင်းတွေ တင်ထားမရှိဘဲ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့သာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ အဲ့ဒီ Radio free Myanmar ဟာ ရွေးကောက်ပွဲ အကြိုကာလထဲက NLD နဲ့ ပက်သက်တဲ့ သတင်းအမှား ပေါင်း များစွာဖြန့်ဝေနေတဲ့အဖွဲ့တစ်ခုသာဖြစ်ပါတယ်။

    Tags

    false newsNLD$ 300 millionfrom Saudi ArabiaNLD ပါတီဆော်ဒီဒေါ်လာ သန်း ၃၀၀သတင်းအမှား
    Read Full Article
    Claim :   Radio Free Myanmar ဆိုတဲ့ သတင်းဌာန အတုက ဖြန့်ဝေထားတဲ့ NLD ပါတီက ဆော်ဒီအာရေးဘီးယားနိုင်ငံက ဘင်္ဂလီကိစ္စ အကြောင်းပြပြီး ဒေါ်လာ သန်း (၃၀၀) ယူခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ က အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!