BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • Top Block
      • ကိုဗစ်ထောက်ပံ့ကြေးအတွက် အစိုးရက...
      Top Block

      ကိုဗစ်ထောက်ပံ့ကြေးအတွက် အစိုးရက ဘင်္ဂလီတွေကို ၈ သိန်းစီထောက်ပံ့သလား

      ကိုရိုနာရောဂါ တစ်ကျော့ပြန်လည် ဖြစ်ပွားလာတဲ့ အချိန်မှာ အစိုးရရဲ့ ထောက်ပံ့ကြေး ပေးအပ်တဲ့သတင်းတွေကိုအခြေခံပြီး နောက်ဆက်တွဲ သတင်းအမှား ဖြန့်ဝေမှုတွေလည်း ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  4 Sept 2020 9:24 PM IST
    • ကိုဗစ်ထောက်ပံ့ကြေးအတွက် အစိုးရက ဘင်္ဂလီတွေကို ၈ သိန်းစီထောက်ပံ့သလား

      ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှားတွေထဲမှာ အောင်ရဲကျော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက စက်တင်ဘာလ ၁ ရက်နေ့ မနက် ၂ နာရီ ၁၈ မိနစ်မှာ ကိုဗစ်ကာလ ထောက်ပံ့ကြေးနဲ့ ပက်သက်တဲ့ သတင်းအမှား တစ်ပုဒ်ဝေမျျထားပါတယ်။

      အဲ့ဒီ သတင်းအမှားထဲမှာပါတဲ့အတိုင်းဖေါ်ပြရရင် "ဗမာအိမ်ထောင်စု ၁ စုကို ၂သောင်း ဘင်္ဂလီ တစ်ယောက်ကို ၈သိန်း။ ဒါကို မသိဘဲ ၂သောင်းရလို့ ပျော်နေကြလေရဲ့" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      ဒီသတင်းအမှားကို အောင်ရဲကျော် ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူ ၆၁၀၀ ကျော်ရှိနေပြီး ၎င်းသတင်းအမှားကို Like လုပ်ထားသူ ၄၀၀ ကျော်နဲ့ မှတ်ချက်ရေးသားသူ ၂၀၀ ကျော် ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      အောင်ရဲကျော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ကိုရိုနာရောဂါ ပြန်လည် ဖြစ်ပွားနေတဲ့ အချိန် အစိုးရက ဗမာ တစ်ဦးကို ၂ သောင်း ထောက်ပံ့ပြီး ဘင်္ဂလီတစ်ဦးကို (၈) သိန်း ထောက်ပံ့ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီ မှ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

      အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး "အဲ့ဒါကတော့ မဟုတ်ပါဘူး။ သတင်းအမှားပါ။ ၂၀၀၀၀ ပေးတယ် ဆိုတာကလည်း စီမံချက်အရ ပေးနေတာပဲ။ ဒီ ၂ သောင်းအရင်လည်း ကျွန်တော်တို့ အကြိမ်ကြိမ် ပေးနေတာပဲဗျာ။ အခု နောက်ဟာဆိုလို့ရှိရင် အစိုးရ လခစားတွေကို ၂ လစာတောင်မှ ထပ်ပြီး ထုတ်ချေးတာတွေဘာတွေတောင် လုပ်နေတာပဲလေ။ အဲ့တော့ ဘင်္ဂလီကို ဘယ်လောက်ပေးတယ် ညာလောက်ပေးတယ် ဆိုတာတော့ တမင်ဖွထားတာပါ။ ကျနော်တို့က ၂ သောင်းဆိုတာက အခုကြားတဲ့ ၂ သောင်းပေါ့လေ။ အဲ့ဒီအရင်လည်း ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ပေးနေတာပဲ။ အခု ထပ်ပြီးတော့တောင်မှ လခစားတွေကို ၂ လစာ ချေးတယ်ဆိုတာမျိုး ထပ်ပြီးတော့ လုပ်နေသေးတယ်။ ဒါမျိုးကတော့ အစိုးရက သူ့ရဲ့ စီမံချက်နဲ့ပေါ့လေ Covid ကာလမှာ စီးပွားရေး ကုစားမှု စီမံချက်နဲ့ ဒီလိုပဲ ပေးနေတာပါ။ ဒီဟာက ဘင်္ဂလီနဲ့ ဘာမှ မဆိုင်ပါဘူး။ ၂ သောင်းပေးတာက ဒေသ အားလုံးကို ပေးတာပါ။ ဗမာကိုပဲ ပေးတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ အယုတ်အလတ် အမြတ်မရွေး၊ တိုင်းရင်းသားအားလုံးကို ပေးတာပါ" လို့ မုံရွာအောင်ရှင်က Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားပါတယ်။

      Tags

      false newsthe government supports8 lakh to BengalisCovid-19သတင်းအမှားအစိုးရထောက်ပံ့ကြေး၈ သိန်း
      Read Full Article
      Claim :   အောင်ရဲကျော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ကိုရိုနာရောဂါ ပြန်လည် ဖြစ်ပွားနေတဲ့ အချိန် အစိုးရက ဗမာ တစ်ဦးကို ၂ သောင်း ထောက်ပံ့ပြီး ဘင်္ဂလီတစ်ဦးကို (၈) သိန်း ထောက်ပံ့ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီ မှ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!