BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ပူတင်က USDP ပါတီကို...
Top Block

ပူတင်က USDP ပါတီကို ထောက်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က USDP ပါတီကို ထောက်ခံအားပေးခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  23 Sept 2020 5:21 PM IST
  • ပူတင်က USDP ပါတီကို ထောက်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှား

    အဲ့ဒီ သတင်းအမှားကို Moe Thu Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "USDP ပါတီကို အားပေးခဲ့တဲ့ ပူတင်" လို့ ရေးသားထားပါတယ်။

    အဲ့ဒီသတင်းရဲ့ အတွင်းပိုင်းမှာတော့ "ရုရှားသမ္မတ ဗလာတီမာပူတင်ဟာ မြန်မာ့ရွေးကောက်ပွဲကို ပေါ်တင်စွက်ဖက်တဲ့ စကားတစ်ခုကိုစက်တင်ဘာ18ရက်နေ့က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲမှာ အောင်နိုင်သင့်တဲ့ ပါတီဟာ USDP ဖြစ်ကြောင်း ထုတ်ဖော်‌ပြောကြား လိုက်ပါတယ်။ နိုင်ငံခြားအရေး ၀င်ရောက်စွက်ဖက်မှု့ နည်းတဲ့ ပူတင်လိုလူမျိုးက ယခုလိုပြောကြားခဲ့ချင်းအား နိုင်ငံတကာ မီဒီယာသမားများက အထူးအဆန်းဖြစ်ကြပါတယ်။ Сторонники USDP - дураки, воры, негодяи, собаки ပူတင်ပြောခဲ့တဲ့ USDPကိုထောက်ခံကြောင်းပြောဆိုခဲ့သည့် မူရင်းရှရုားဘာသာစကား" (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ အဲ့ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ YouTube က သတင်းတစ်ပုဒ်ရဲ့ Link ကို ဖော်ပြထားပြီး "အင်တာဗျူး အစအဆုံးကြည့်ရှု့ရန်" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Moe Thu Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တပ်မတော်ကို ထောက်ခံအားပေးတဲ့ ဖေ့စ်ဘွတ် Group ၃ ခု ထဲမှာ ဖြန့်ဝေထားပါတယ်။

    သတင်းဆန်းစစ်ချက်

    Moe Thu Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က USDP ပါတီကို ထောက်ခံအားပေးကြောင်း ပြောဆိုထားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

    ၎င်းရဲ့ ပိုစ့်မှာ ရေးသားထားတဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ သမ္မတပူတင် က ပြောခဲ့တယ်လို့ ကိုးကားရေးသားထားတဲ့ YouTube Video ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က Video ဖြစ်ပြီး အဲ့ဒီ Video ဟာ Fox News သတင်းဌာနက Chris Wallace နဲ့ ရုရှားသမ္မတတို့ အင်တာဗျူးလုပ်ထားတဲ့ သတင်းဖြစ်ပါတယ်။ အဲ့ဒီ အင်တာဗျူးဟာ Finland နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ သမ္မတထရမ့်နဲ့ သမ္မတပူတင် တို့ တွေ့ဆုံမှု အပြီးမှာ Fox News က သီးသန့် အင်တာဗျူး လုပ်ခဲ့တာ ဖြစ်ပါတယ်။

    အဲ့ဒီ အင်တာဗျူးထဲမှာ သမ္မတ ထရမ့်နဲ့ သမ္မတ ပူတင်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အမေရိကန်-ရုရှား ဆက်ဆံရေးအကြောင်းအရာတွေ၊ ခြိမ်းခြောက်နေတဲ့ အကြမ်းဖက် အန္တရာယ်တွေ၊ ဆီးရီးယား အရေးကိစ္စတွေ၊ နြူကလိယားဖျက်သိမ်းရေးကိစ္စတွေ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နဲ့ ဆက်ဆံရေးတွေ၊ အမေရိကန်ရွေးကောက်ပွဲအပေါ် ရုရှားနိုင်ငံရဲ့ သဘောထားတွေ၊ ယူကရိန်းနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ၊ G-7 ထိပ်သီး အစည်းအဝေးအကြောင်းတွေ စတဲ့ အရေးကိစ္စတွေကိုသာ အင်တာဗျူးမှာ ပြောကြားခဲ့ခြင်းသာ ဖြစ်ပါတယ်။ အဲ့ဒီ အင်တာဗျူးမှာ USDP နဲ့ သက်ဆိုင်တာ တစ်ခုမှ မပါဝင်သလို မြန်မာနိုင်ငံအရေးကိစ္စလည်း မပါဝင်ပါဘူး။

    မူရင်းအင်တာဗျူးကို ဒီမှာ ကြည့်ပါ။

    Moe Thu Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားထားတဲ့ ပိုစ့်ဟာ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံရေးသားထားတဲ့ ပိုစ့်သာ ဖြစ်ပါတယ်။

    Tags

    false newsPutinsupportedUSDPပူတင်ကြံခိုင်ရေးပါတီသတင်းအမှား
    Read Full Article
    Claim :   Moe Thu Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်က USDP ပါတီကို ထောက်ခံအားပေးကြောင်း ပြောဆိုထားတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!