
ဒီပဲယင်း PDF အဝိုင်းခံထားရတယ်ဆိုတာမဟုတ်ပါ
ပြီးခဲ့တဲ့ရက်အနည်းငယ်က ဒီပဲယင်းမြို့မှာ ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီတပ်အခြေချမှုတွေအပေါ်အခြေခံပြီး အဲ့ဒီဒေသက ပြည်သူ့ကာကွယ်ရေးတပ်တွေ အဝိုင်းခံထားရတယ်ဆိုတဲ့ချဲ့ကားရေးသားတဲ့ အကြောင်းအရာတွေအရာတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါ သတင်းအမှားဟာ မူရင်းဖြစ်စဉ်ကိုအခြေခံပြီး ဖေ့စ်ဘွတ်အကောင့်တွေက နားလည်မှု လွဲမှားစွာ ရေးသားပြီး ဖြန့်ဝေရာက တဆင့်ပြီးတဆင့် ပြန့်ကားလာတာ ဖြစ်ပါတယ်။ ၎င်းတို့ ရေးသားဖြန့်ဝေကြရာမှာ "ဒီပဲယင်း PDF အဝိုင်းခံထားရပါတယ်..ကူပေးကြပါ" လို့ရေးသားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။
အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ဖြန့်ဝေနေကြပြီး ကူးယူဖော်ပြသူတွေလည်း ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ အဝိုင်းခံထားရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နားလည်မှု လွဲမှားစွာ ရေးသားပြီး ဖြန့်ဝေရာက ပြန့်ကားလာတဲ့ သတင်းအမှားသာဖြစ်ကြောင်း တွေ့ရပါတယ်။
ဒီပဲယင်း PDF က ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီကျော်မှာ စစ်ကောင်စီတပ်တွေက အရပ်လေးမျက်နှာက ထိုးစစ်ဆင်ထားတဲ့အတွက် လမ်းတွေပိတ်နေကာ လက်နက်ဝယ်ဖို့ မလွယ်ကူကြောင်း ရေးသားထားခဲ့ပါတယ်။ အဲ့ဒီရေးသားမှုအပေါ် နားလည်မှုလွဲစွာ ဒီပဲယင်း PDF အဝိုင်းခံထားရတယ်လို့ ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။ ဒီပဲယင်း PDF က ရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာကြည့်ပါ။

တဆင့် တဆင့်ပြန့်ကားပြီး သတင်းအမှားထွက်ပေါ်လာတဲ့အချိန်မှာတော့ ဒီပဲယင်း PDF က အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီးအောက်ပါထုတ်ပြန်ချက်ကို ကြေငြာခဲ့ပါတယ်။မူရင်းရေးသားထားတဲ့ဖေ့စ်ဘွတ်ပိုစ့်ကို ဒီမှာ ကြည့်ပါ။

ဒါ့အပြင် Red News Agency သတင်းဌာနကလည်း အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေသခံ PDF တွေကို ဆက်သွယ်ပြီး သတင်းအမှားဖြစ်ကြောင်း အတည်ပြုထားပါတယ်။ အဆိုပါ သတင်းကို စတင်ဖြန့်ဝေသူမှာ စစ်ကောင်စီထောက်ခံသူတစ်ဦးက စတင်ဖြန့်ဝေရာက ပြန့်လာတာ ဖြစ်တယ်လို့ ၎င်း သတင်းထဲဖော်ပြထားပါတယ်။ အဆိုပါ သတင်းကို ဒီမှာ ကြည့်ပါ။
Updated On: 2021-12-13T19:51:31+05:30
Claim : ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ အဝိုင်းခံထားရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
Claimed By : facebook
Fact Check : False
Next Story